Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

လူ့အခွင့်အရေးမြှင့်တင်သူနှစ်ဦးကို တိုက်ပိတ်ချုပ်နှောင်

 

ဗထူး ။ မတ် ၂၉၊ ၂၀၀၇

 

 

၈၈ ကျောင်းသားများ၏ ပြည်သူလူထု အဆိုပြုလွှာ လက်မှတ်ထိုးစာရွက်များဖြင့် ဖမ်းဆီးခံရသူ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူနှစ်ဦးကို စစ်အစိုးရ အကျဉ်းထောင်အတွင်း တိုက်ပိတ် ချုပ်နှောင်ထားသည်။

ပဲခူးတိုင်း၊ မိုးညိုမြို့နယ်၊ ရေသပြာကျေးရွာမှ ကိုဝင်းကိုနှင့် ကိုဖြိုးဇော်လတ်တို့နှစ်ဦးကို ပြီးခဲ့ သည့်နှစ် အောက်တိုဘာလ (၆)ရက်နေ့က ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၁၄)နှစ်ချမှတ်ခဲ့ကာ တောင်ငူထောင်တွင် အကျဉ်းကျခံနေရပြီးနောက် ယခု သတင်းထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ကိုဝင်းကိုတို့နှစ်ဦးအား ပေါင်းတည်ထောင်သို့ အာဏာပိုင်များက ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် ပြည်ထောင်သို့ပို့ကာ ပြီးခဲ့နှစ် အောက်တိုဘာလ (၁၃)ရက်နေ့တွင် တောင်ငူထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည်။

“အရင်က သူတို့နှစ်ယောက်ကို အတူထားတယ်။ အချုပ်ခန်းထဲကနေ အပြင်ထွက်ခွင့်တောင်းတာ မပေးတဲ့အပြင် အခု နှစ်ယောက်ကို သတ်သတ်စီခွဲပြီး တိုက်ပိတ်ထားတယ်”ဟု မိသားစုနှင့် နီးစပ်သူက ဆိုသည်။

ကိုဝင်းကိုတို့နှစ်ဦးအား မိသားစုအနေဖြင့် တလတကြိမ် ပုံမှန်တွေ့ခွင့်ရပြီး ကိုဖြိုးဇော်လတ်မှာ ကျန်းမာရေးကောင်းသော်လည်း ကိုဝင်းကိုမှာ တီဘီရောဂါရှိကြောင်း သူ၏ ဦးလေးဖြစ်သူ ဦးကျော်သန်းက ဆိုသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောင့်ရေးအသင်း(မြန်မာနိုင်ငံ)မှ ကိုဝင်းကိုနှင့် ကိုဖြိုးဇော်လတ်တို့ နှစ်ဦးအား ဖမ်းဆီးထားခြင်းကို ကုလသမဂ္ဂ၏ မတရားသဖြင့် ဖမ်းဆီး ထိန်းသိမ်းခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့(UNWGAD)ထံ အမှုဖွင့်လှစ်တိုင်ကြားရန် ပြင်ဆင်နေသည် ဟု အတွင်းရေးမှူးကိုတိတ်နိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင်းအကျဉ်းထောင်များသို့ သွားရောက်၍ လူသားချင်းဆိုင်ရာ အကူအညီများ ပေးနေသည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့(ICRC)သည် အကျဉ်းထောင်များသို့ သွားရောက်ခွင့်ကို စစ်အစိုးရမှ ပိတ်ပင်ထားသည့်အတွက် နိုင်ငံတွင်း အခြေစိုက် နယ်ရုံးနှစ်ရုံးကို မကြာသေးမီက ပိတ်လိုက်ရကြောင်း ထုတ်ပြန်ခဲ့သည်။

ယခုလ (၂၅)ရက်နေ့က စစ်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက  (ICRC) ကို အကျဉ်းထောင်များသို့ သွားရောက်ခွင့် ပိတ်ပင်ထားသော်လည်း ၄င်းတို့အနေဖြင့် အကျဉ်း ထောင်ရှိ အကျဉ်းသားများကို လူ့အဆင့်အတန်းနှင့်ညီညွတ်အောင် ပြုစုစောင့်ရှောက်ထားပြီး အကျဉ်းသားများအပေါ် နှိပ်စက်မှု၊ လူသားမဆန်စွာ ပြုမူဆက်ဆံမှုများ မရှိကြောင်း ပြောဆို ခဲ့သည်။

“အကျဉ်းထောင်လက်စွဲဥပဒေအရ အကျဉ်းသားတဦးဟာ တနေ့မှာ မနက် (၂)နာရီ၊ ညနေ (၂) နာရီ လမ်းလျှောက်ခွင့်ရှိတယ်လို့ ပြဌာန်းထားတာ၊  လက်တွေ့က (၁၅)မိနစ်ပဲ ထောင်အာဏာ ပိုင်တွေက ခွင့်ပြုတယ်။ အဲဒီအချိန်မှာက အညစ်အကြေးစွန့်တာ၊ ရေချိုးတာ အပြီးလုပ်ရတယ်” ဟု အကျဉ်းသားဟောင်းတဦးက ဆိုသည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org