Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

သဘာဝဓါတ်ငွေ့ တရုတ်သို့ရောင်းရန် စစ်အစိုးရဆုံးဖြတ်  

 

ဉာဏ်မောင်။ ၂၂ မတ်၊ ၂၀၀၇

 

မြန်မာရခိုင်ကမ်းလွန်တွင် တူးဖော်ထုတ်လုပ်နေသည့် သဘာဝဓါတ်ငွေ့များကို တရုတ်နိုင်ငံအား ရောင်းချရန် စစ်အစိုးရက ဆုံးဖြတ်ချက်ချလိုက်သည်။

အိန္ဒိယ၊ တရုတ်နှင့် အခြားနိုင်ငံများက မြန်မာ့ကမ်းလွန်မှ ထွက်ရှိသည့် သဘာဝဓါတ်ငွေ့များကို အပြိုင်ဝယ်ယူတင်သွင်းရန် အားပြိုင်နေသည့်အချိန်တွင် စစ်အစိုးရက ယခုကဲ့သို့ ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။

ရခိုင်ကမ်းလွန်ဒေသရှိ A1 နှင့် A3 လုပ်ကွက်မှ ထွက်ရှိမည့် မြောက်များလှစွာသော သဘာဝ ဓါတ်ငွေ့များကို အန္ဒိယအစိုးရက ၀ယ်ယူတင်သွင်းရန် ကမ်းလှမ်းခဲ့ပြီး ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းရန် ဘင်္ဂလားဒေ့ရှ်မှဖြတ်၍ လုပ်ဆောင်မည့်အစီအစဉ်များကို ယခင်က ချမှတ်ခဲ့ပြီး နောက် အိန္ဒိယကိုယ်စားလှယ်အဖွဲ့အား စစ်အစိုးရအရာရှိတဦးက ယခုကဲ့သို့ ပြောဆိုလိုက်သည်။

အိန္ဒိယမှ ONGC Videsh Ltd နှင့် GAIL (India) ကုမ္ပဏီတို့သည် ကမ်းလွန်ရေနံလုပ်ကွက် A1 နှင့် A3 တို့တွင် ၃၀ရာခိုင်နှုန်း၊ တောင်ကိုရီးယားဒေဝူးကုမ္ပဏီမှ ၆၀ ရာခိုင်နှုန်း၊ ကျန် ၁၀ ရာခိုင်နှုန်းကို တောင်ကိုရီးယား KOGAS ကုမ္ပဏီတို့မှ ဓါတ်ငွေ့တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းအတွက် အစုရှယ်ယာများ ပိုင်ဆိုင်ထားသည်။

A1 လုပ်ကွက်မှ တနေ့လျှင်ဓါတ်ငွေ့ကုဗပေ (၆၉၅)သန်း ထုတ်လုပ်နိုင်ပြီး အရှေ့အလယ်ပိုင်း ဒေသမှ စွမ်းအင်အတွက်မှီခိုနေရသည့် တောင်ကိုရီးယားအနေဖြင့် ရခိုင်ကမ်းလွန်မှ သဘာဝ ဓါတ်ငွေ့ဝယ်ယူနိုင်ရေးအတွက် အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုကို ပြုလုပ်ခဲ့သည်။

အန္ဒိယအစိုးရအနေဖြင့် ဒေါ်လာသန်းသုံးထောင်ကျော်ကုန်ကျမည့် မိုင် (၁၈၀)အရှည် ဓါတ်ငွေ့ ပိုက်လိုင်း သွယ်တန်းရေးအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ညှိနှိုင်းမှု ကြန့်ကြာနေချိန်တွင် တရုတ် အစိုးရက မိုင် (၅၀၀)ရှည်လျှားမည့် ဓါတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေးကို အခမဲ့ဆောင်ရွက်ပေး ရန် စစ်အစိုးရနှင့် သဘောတူညီချက် ရရှိခဲ့သည်ဟု သတင်းများက ဆိုသည်။

“ကျွန်တော်တို့ကို မြန်မာအစိုးရက သဘဝဓာတ်ငွေ့ရည် LNG နဲ့ ပိုက်လိုင်း သွယ်တန်းရေးကိစ္စ အပါအဝင် နိုင်ငံခြားတင်ပို့ရောင်းချမဲ့ အစီစဉ်တွေကို မေလအတွင်းအပြီးနဲ့ A3ကို  မြန်မာက အရံဓာတ်ငွေ့အဖြစ် လျာထားပြီး A1 ကို နိုင်ငံခြားတင်ပို့ရောင်းချမယ်လို့ ပြောပါတယ်။  အခု သူတို့က ကျွန်တော်တို့ကိုခေါ်ပြီး ဓာတ်ငွေ့တွေကို တရုတ်ကို ရောင်းချတော့မယ်”ဟု အိန္ဒိယ အရာရှိတဦးက ပြောသည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org