Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

နိုင်ငံရေးလှုပ်ရှားသူများကို နှိမ်နင်းရန်သင်တန်းပေး

 

ဗထူး။ မတ်၂၂၊ ၂၀၀၇

 

စစ်အစိုးရက မြန်မာနိုင်ငံအတွင်း နိုင်ငံရေးလှုပ်ရှားသူများကို နှိမ်နင်းရန်အတွက် ရပ်ကွက် အလိုက် အကြမ်းဖက်နှိမ်နင်းရေးသင်တန်း တက်ရောက်ရန် မြို့နယ်အာဏာပိုင်များက ဆောင်ရွက်နေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အပါအ၀င် ၈၈ကျောင်းသားများလှုပ်ရှားမှုနှင့် ပြည်သူတို့၏ ခံစားချက်များကို ဆန္ဒဖော်ထုတ်သည့်လှုပ်ရှားမှုများကို နှိမ်နင်းရန် အဆိုပါသင်တန်းများကို ပြုလုပ်နေခြင်းဖြစ်သည်။

နိုင်ငံရေးအကြမ်းဖက်မှု နှိမ်နင်းရေးသင်တန်းဟု အမည်ပေးထားသည့် အဆိုပါသင်တန်းတွင် နိုင်ငံရေးလှုပ်ရှားမှုများ ပေါ်ပေါက်လာပါက အင်အားသုံး၍ အကြမ်းဖက်တိုက်ခိုက်ရန်အတွက် မြို့နယ်အာဏာပိုင်များက ဆောင်ရွက်နေခြင်းဖြစ်သည်။

“တရပ်ကွက်ကို တယောက်နှုန်းတက်ဖို့ပြောတယ်။ နိုင်ငံရေးလှုပ်ရှားမှုကို နှိမ်နင်းတဲ့အခါ သေဆုံးမှုတွေအထိ ဖြစ်လာရင်လည်း တာဝန်ယူဖြေရှင်းသွားမယ်”လို့ ကိုပြောတာဟု လှိုင်သာယာမြို့နယ်၊ ရပ်ကွက်တခုမှ အမည်မဖော်လိုသူတဦးက ဆိုသည်။

စစ်အစိုးရအာဏာပိုင်များက အဆိုပါ သင်တန်းတက်ရောက်သူများကို ကိုယ်ရေးအချက်အလက် များပါ ကဒ်ပြားငယ်များ ထုတ်ပေးထားပြီး မှတ်ပုံတင်ကဲ့သို့ အသုံးပြုနိုင်သည်ဟု ၄င်းက ဆက်လက် ပြောဆိုသည်။

စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ (NLD)ပါတီဝင်များနှင့် ပြည်သူများအား ၂၀၀၃ ခုနှစ်၊ မေလ (၃၀)ရက်နေ့က ဒီပဲယင်းဒေသတွင် အကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက် မြန်မာပြည် အနှံ (NLD)ပါတီဝင်များအား ဟန့်တားနှောင့်ယှက်မှုများကို အစဉ်အစိုက် ပြုလုပ်ခဲ့သည်။

ယခုနောက်ပိုင်းတွင် ၈၈ကျောင်းသားများ၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများနှင့် မိမိတို့ လိုလားချက်များအား ဆန္ဒဖော်ထုတ်ခဲ့သူများ၏ လှုပ်ရှားမှုများအား အစီအစဉ်တကျ ဟန့်တား နှောင့်ယှက်မှုများကို ပြုလုပ်လာခဲ့သည်။

စစ်အစိုးရအနေဖြင့် နိုင်ငံရေးလှုပ်ရှားသူများကို နေရာအနှံ့ ဖိနှိပ်မှုများပြုလုပ်ခဲ့ရာ အခြေခံပညာ ကျောင်းသားများသမဂ္ဂ (အကသ)ခေါင်းဆောင် ကိုသက်ဝင်းအောင်သည် မန္တလေးအကျဉ်း ထောင်တွင်း သေဆုံးခဲ့သလို ၂၀၀၅ ခုနှစ်၊ မေလအတွင်းကလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင် ကိုအောင်လှိုင်ဝင်းသည် ရဲနှင့်ရယကများ၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ ရသည်။  

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org