Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ထိုင်း-မြန်မာနယ်စပ်တွင် ကြက်နှင့်ကြက်ဥ တင်သွင်းမှုများပိတ်ပင်

 

ဗထူး။ မတ် ၅၊ ၂၀၀၇

 

 

လွန်ခဲ့သည်ရက်အနည်းငယ်အတွင်းက ရန်ကုန်တွင်ဖြစ်ပွားခဲ့သော ကြက်ငှက်တုတ်ကွေးရောဂါ ထပ်မံတွေ့ရှိခဲ့သည့်အတွက် ထိုင်း-မြန်မာနယ်စပ် ဂိတ်များတွင် ကြက်သားနှင့်ကြက်ဥ တင်သွင်းမှု များကို ယနေ့ကန့်သတ်ပိတ်ပင်လိုက်သည်။ 

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ရပ်ကွက်(၉)ရှိ ကြက်ဘဲမွေးမြူရေးခြံတခြံတွင် (H5N1) (ခေါ်) ကြက်ငှက်တုတ်ကွေး ဗိုင်းရပ်(စ်)ပိုး ထပ်မံတွေ့ရှိခဲ့သဖြင့် ကြက်နှင့်ဘဲကောင်ရေ တထောင် ကျော်ကို သုတ်သင်ရှင်းလင်းခဲ့ပြီးနောက် စစ်အစိုးရ၏ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရန်ကုန်တိုင်းအတွင်း ကြက်ငှက် တုတ်ကွေးဆိုင်ရာ သတိပေးနှိုးဆော်ချက် ထွက်ပေါ်လာပြီးနောက် နှစ်ရက်ကြာတွင် ယခုကဲ့သို့ နယ်စပ်ဂိတ် များတွင် တင်သွင်းရောင်းချမှုများ ကန့်သတ်လိုက်ခြင်းဖြစ်သည်။ 

“မြ၀တီမှာက အမဲသားတပိဿာ ၇ ထောင်၊ ၀က်သားတပိဿာ ၆ ထောင်ရှိတယ်၊ ကြက်သားက တပိဿာမှ ၁,၈၀၀ ဆိုတော့ လူတွေက ရောဂါကို မကြောက်တော့ဘူး၊ ဈေးနည်းတာကိုပဲ စားကြတာပေါ့၊ ရောဂါဖြစ်မှဖြစ်ရောပဲ”ဟု မြ၀တီမြို့ခံတဦးက ဆိုသည်။ 

မြန်မာစစ်အစိုးရက ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလတွင် နိုင်ငံနှင့်အ၀ှမ်း ကြက်ငှက်တုတ်ကွေး ရောဂါ ကင်းရှင်းပြီဖြစ်ကြောင်း ကြေညာခဲ့ပြီးနောက် ၅ လအကြာတွင် ယခုကဲ့သို့ ကြက်ကောင် ရေ များစွာ သေဆုံးခဲ့သည့် (H5N1) ဗိုင်းရပ်(စ်)ပိုး မသင်္ကာဖွယ်သတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။   

၂၀၀၃ ခုနှစ်အတွင်း ဟောင်ကောင်တွင် စတင်စတင်တွေ့ရှိခဲ့သည့် ကြက်ငှက်တုတ်ကွေးရောဂါ သည် အာရှနှင့်ဥရောပအထိ ပြန့်နှံ့ခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် ၂၀၀၆ ခုနှစ်၊ မတ်လမှစတင်ကာ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် စတင်ဖြစ်ပွားခဲ့သည်။ အဆိုပါနှစ်များအတွင်း မြန်မာ နိုင်ငံမှ ကြက်ကောင်ရေ သုံးသိန်းလေးသောင်းကျော်နှင့် ငုံးကောင်ရေ သုံးသိန်းနှစ်သောင်းအား စစ်အစိုးရက နှိမ်နင်းခဲ့သည်။  

ပြီးခဲ့သည့် ဖော်ဖော်ဝါရီလကုန်အထိ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ကြက်တပိဿာ (ဗမာ) ငါးထောင်ကျပ်နှင့် (CP)ကုမ္ပဏီမွေးမြူရေးကြက်တပိဿာလျှင် ၄,၅၀၀ ကျပ်အထိ ရှိနေပြီး ယခုအခါ ကြက်သားဈေးနှုန်းများ ကျဆင်းသွားခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် ကြက်သားတကီလို (၄၀)ဘတ်(မြန်မာငွေလဲနှုန်းဖြင့် ၁,၂၀၀) ဖြင့် ယနေ့ညနေအထိ ရောင်းချ လျှက်ရှိသည် 

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org