|
ဧရာဝတီတိုင်းအတွင်း လယ်သမားများထံမှ ယခင်လနှင့် ယခုလအတွင်း အတင်းအဓမ္မ
လက်မှတ်ထိုးခိုင်းကာ လယ်ယာမြေများကို စစ်အစိုးရအာဏာပိုင်များက
သိမ်းယူခဲ့သည်။
ဧရာဝတီတိုင်း၊ ၀ါးခယ်မမြို့နယ်အာဏာပိုင်များက အရှည်တမိုင်ရှိ
လမ်းဖောက်လုပ်ရန်အတွက် ဦးကြီးတော်ကျေး ရွာလယ်သမားများအား
လက်မှတ်ထိုးခိုင်းကာ လယ်ယာမြေများကို သိမ်းယူခဲ့ ခြင်းဖြစ်သည်။
လမ်းရွာ၊
တရုတ်ချောင်းရွာနှင့် ဦးကြီးတော်ကျေးရွာ
ရွာဝင်လမ်းအားဖောက်လုပ်ရန်အတွက် ပြီးခဲ့သည့်လ (၁၅)ရက်နေ့နှင့်
(၁၇)ရက်နေ့များတွင် မြို့နယ်စည်ပင်သာယာရေးဌာန ဦးစီးမှူး ဦးလှဦးနှင့်
အဖွဲ့ဝင် (၃)ဦးတို့က ကျေးရွာအာဏာပိုင်များနှင့် ပူးပေါင်းကာ
လယ်ယာမြေများကို သိမ်းဆည်းခဲ့သည်။
“ကျေးရွာဥက္ကဌ ဦးသန်းကြိုင်၊ အဖွဲ့ဝင်(၁) အေးထွန်း၊ ရပ်မိရပ်ဖက
ဦးတင်ငွေ၊ မောင်ဖုန်း၊ ဦးကျော်အေးတို့က ခေါ်ပြီး လက်မှတ်ထိုးခိုင်းတာ။
လိမ်လည်ပြီး အစည်းအဝေးတက်ရောက် ကြောင်း လက်မှတ်ထိုးခိုင်းတယ်။ တကယ်က
သူတို့ လယ်တွေကို သိမ်းပြီးမှ လက်မှတ်ထိုးခိုင်း တာ၊ (၁၇)ရက်နေ့ကလည်း
ရာအိမ်မှူးထော်နီနဲ့ အဖွဲ့ဝင် အေးထွန်းတို့က လယ်သမားတွေရဲ့ အိမ်တွေပေါ်
တအိမ်တက်ဆင်းကို အတင်းလက်မှတ်ထိုးခိုင်းတာ”ဟု ကျေးရွာသားတဦးက ဆိုသည်။
လယ်သမားငါးဦးမှ လက်မှတ်ထိုးပေးလိုက်ပြီး (၁၈)ရက်နေ့တွင်လည်း
လက်မှတ်ထိုးရန် ကျန်သူများကို လက်မှတ်ရေးထိုးခိုင်း၍ နောက်ထပ် လယ်သမား
(၆)ဦးက လက်မှတ်ရေးထိုး ပေးပြီး နှစ်ဦးက မထိုးသဖြင့် ယခုလ
(၂)ရက်နေ့နှင့် (၄)ရက်နေ့က ၀ါးခယ်မမြို့ မြို့နယ်စည်ပင် ဦးစီးမှူးက
ခေါ်ယူတွေ့ဆုံကာ လက်မှတ်မထိုးပါက လယ်သမားပိုင်
စီးပွားရေးလုပ်ငန်းများကို သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ခဲ့၍
ကျန်လယ်သမားများ လက်မှတ်ထိုးပေးခဲ့ရကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
“လယ်သမားတွေက
ဒီအချိန်က ပဲနဲ့စပါးပျိုးတဲ့အချိန်ဖြစ်လို့ လယ်ပြီးမှ သိမ်းဖို့
ပြောတာတောင် မရဘူး။ အာဏာပိုင်တွေက အတင်းကိုသိမ်းယူခဲ့တာ။
လယ်ဧကစုစုပေါင်း ၆ ဧက၊ အဲ့ဒီ ၆ ဧက ကလည်း စပါးတို့၊ ပဲတို့
လယ်အပြည့်စိုက်ထားတယ်။ ရိတ်သိမ်းဖို့တောင်နီးနေပြီ”ဟု ဆိုသည်။
ယခုလ
(၉)ရက်နေ့မှစတင်၍ အဆိုပါကားလမ်းကို စတင်ဖောက်လုပ်နေပြီး
မြို့နယ်ကြံ့ဖွံ့ အတွင်းရေးမှူး ဦးကျော်လွင်ပါ အဓမ္မလက်မှတ်ထိုး၍
လယ်သိမ်းခိုင်းသည့်လုပ်ရပ်ကြောင့်
လယ်မြေဆုံးရှုံးခဲ့ရသည့်လယ်သမားများမှာ ဦးပိုက်ထွေး၊ ဦးတင်မြင့်၊
ဦးမောင်တာ၊ ဦးသောင်း ရွှေ၊ မခင်နွယ်၊ ဦးသောင်းမြင့်၊ စောထွန်းနိုင်၊
ဦးဘတင်၊ ဒေါ်လှဦး၊ နန်းလှထွေး၊ ဦးရေပန်း၊ ဦးဟုန်ကြည်နှင့်
ဦးငြိမ်းတင်တို့ဖြစ်သည်။ |