Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီသို့ အမေရိကန်တင်ပြချက် အငြင်းပွားဖွယ်ဖြစ်

 

ဉာဏ်မောင်။ မတ် ၆၊ ၂၀၀၇

 

ပြီးခဲ့သည့် သောကြာနေ့က ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်အနေနှင့် လာမည့် ဧပြီလတွင် အစောဆုံးအဖြစ် မြန်မာ့အရေးအား ကိုင်တွယ်ဖြေရှင်းရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် စေလွှတ်ရေး အမေရိကန်နိုင်ငံ၏တင်ပြချက်အပေါ်  ဥရောပသမဂ္ဂ(EU)အဖွဲ့ဝင် နိုင်ငံအချို့က သဘောမတူနိုင်ဖွယ်ရာ အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။ 

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (UNHRC)သို့ အလွတ်သဘောပြောကြားရာတွင် မြန်မာ နိုင်ငံတွင်း ဖြစ်ပျက်နေသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် လူသားချင်း စာနာထောက်ထား မှုဆိုင်ရာနှင့်ပတ်သက်သည့် ပညာရှင်များအပါအ၀င် စုံစမ်းရေးကော်မရှင်တရပ်ကို ဖွဲ့စည်းကာ  အမြန်ဆုံး စေလွှတ်၍ မြန်မာစစ်အစိုးရအား အရေးယူဆောင်ရွက်ချက်များ ပြုလုပ်ရန် ပြောဆို ခဲ့ပြီးနောက် ယခုကဲ့သို့ အငြင်းပွားမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။  

အဆိုပါစုံစမ်းရေးကော်မရှင်တွင် ၀ါရင့်တရားသူကြီးများ၊ နိုင်ငံရေးသမားဟောင်းကြီးများနှင့် လူသားချင်းစာနာသည့် အကူအညီပေးရေးဆိုင်ရာ ပညာရှင်များဖြင့် စနစ်တကျ ဖွဲ့စည်းကာ ၂၀၀၆ ခုနှစ်၊ မေလက ကမ္ဘောဒီးယားသို့ စေလွှတ်၍ ခမာနှီများကို တရားရုံးဖွဲ့စည်းသလိုမျိုး ဆောက်ရွက်သင့်သည်ဟု အမေရိကန်ကဆိုသည်။ 

“အထူးကိစ္စရပ်တခုအနေနဲ့ အရေးပေါ် အရေးတကြီး လုပ်ကိုင်ဆောင်ရွက်ဖို့ဆိုတာကလဲ မြန်မာပြည်မှာ ပြဇာတ်ဆန်ဆန် အဖြစ်အပျက်တခု ဖြစ်မယ်ဆိုရင်တော့ လုပ်ရကိုင်ရ၊ ဆောင်ရွက်ရတာ လွယ်ကူနိုင်ပေမဲ့ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ဘယ်သူမှ ဆန္ဒရှိကြမှာ မဟုတ်ဘူး” ဟု ဖင်လန်သံတမန်တဦးက ဆိုသည်။ 

(EU)အနေဖြင့် ၂၀၀၃ ခုနှစ်၊ မေလ (၃၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ဒီပဲယင်းတွင် စစ်အစိုးရ၏ နိုင်ငံရေးလှုပ်ရှားသူများအပေါ် လုပ်ကြံမှုကြီး ဖြစ်ပေါ်ခဲ့သည့်နောက်ပိုင်းတွင် ဥရောပသို့ ကုန်သွယ်ခွင့်နှင့် စစ်အစိုးရ အရာရှိကြီးများနှင့် ၄င်းတို့ ဖွဲ့စည်းထားသည့် အသင်းအဖွဲ့ဝင်များ၏ ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှုများကိုပြုလုပ်ခဲ့သည်။   

ဖင်လန်နိုင်ငံ၏အမြင်သည် အနှုတ်လက္ခဏာရှိနေသေးပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီ် ၏ (၄၇)နေရာတွင် (EU)၏ ခိုင်မာသော (၁၆)မဲနှင့် ဆုံးဖြတ်ချက်မကျနိုင်သေးဟု ယူဆနေပြီး ဥရောပအနေဖြင့် မြန်မာပြည်တွင် ယခင်လို ကြီးမားသည့်  အဖြစ်အပျက်တခုခု ဖြစ်သည့်အချိန် ထိ စောင့်ကြည့်သင့်သည်ဟုဆိုသည်။ 

“အခုကိစ္စဟာ လူ့အခွင့်အရေးချိုးဖောက်မှုများဆိုတာက မေးခွန်းမမေးဘဲနဲ့ကို သိသာထင်ရှား နေပါတယ်။ ကျွန်တော်တို့ ငြိမ်သက်မနေနိုင်ကြပါဘူး။ ဒါပေမဲ့ ယခုထိတော့ လေ့လာနေရဦးမှာ ဖြစ်တယ်”ဟု ဒပ်(ခ်ျ)သံတမန်က ဆိုသည်။ 

(EU)အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဂျာမဏီ၊ ပြင်သစ်နှင့် နယ်သာလန်နိုင်ငံတို့က ယခုအခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ပြီး အာရှလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW) ညွှန်ကြားရေးမှူး ဘရက်အက်ဒမ်က ပြီးခဲ့သည့်အပတ်က (EU)ဆိုင်ရာ ကျွမ်းကျင်သူများနှင့် တွေ့ဆုံပြောဆိုခဲ့ရာ တွင် (EU)အနေဖြင့် လူ့အခွင့်အရေးကော်မတီအဖွဲ့ဝင် နိုင်ငံတွေကြားထဲတွင် မဲခွဲဆုံးဖြတ်ခဲ့ပါက အခင်အမင်ပျက်မှာကို စိုးရိမ်နေပြီး အမေရိကန်နှင့် ဗြိတိန် ပူးပေါင်းဆောက်ရွက်မှုကို စိုးရိမ်နေ သည်ဟု ဆိုသည်။ 

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီးကတော့ သူ့နိုင်ငံအနေနဲ့ လူ့အခွင့်အရေး ကောင်စီတွင် လက်ရှိမြန်မာပြည်နှင့်ပတ်သက်သည့် အကျိုးသက်ရောက်မှုရှိမည့် မည်သည့် အဆိုပြုချက်မဆို ဥရောသမဂ္ဂ လုပ်ဖော်ကိုင်ဖက်နိုင်ငံများနှင့်အတူ ထောက်ခံသွားရန် အဆင်သင့်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ 

ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေးအစီအစဉ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီအား ယခင်ကော်မရှင်အစား ပိုမိုလုပ်ဆောင်နိုင်ရန်အတွက် ၂၀၀၆ ခုနှစ်တွင် စတင်ပြင်ဆင်ခဲ့ပြီး ယခု လက်ရှိတွင် (UNCHR)အနေဖြင့် အရှေ့အလယ်ပိုင်းဆိုင်ရာ များပြားလှသည့် လူ့အခွင့်အရေး ပြဿနာများနှင့် ရင်ဆိုင်နေရသည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org