|
မြန်မာနိုင်ငံ၏အရေးကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ တင်သွင်းရန်
ပြင်ဆင်သွားမည် ဟု ဂျာမဏီနိုင်ငံခြားရေးဝန်ကြီးက မနေ့က
ပြောဆိုလိုက်သည်။
ဥရောပသမဂ္ဂ(EU)နှင့်
အာစီယံနိုင်ငံခြားရေးဝန်ကြီးများ ဂျာမဏီနိုင်ငံ၊ ငုယင်ဘတ်မြို့တွင်
တွေ့ဆုံဆွေးနွေးစဉ် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
(EU)နှင့်
အာစီယံနိုင်ငံများအကြား ကုန်သွယ်မှု၊ စွမ်းအင်နှင့်
သဘာဝပတ်ဝန်းကျင်ဆိုင်ရာများ နှစ်ဖက်ဆွေးနွေးပွဲအတွင်း
ပူးတွဲသဘာပတိများအဖြစ် ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး ဖရင့် ဝေါ်(လ်)တာ
စတိန်မီယာ(Frank-Walter Steinmeier)နှင့် ကမ္ဘောဒီးယား
နိုင်ငံခြားရေးဝန်ကြီး ဟော်နမ်ဟွန်း (Hor Namhong)တို့က
ဆောင်ရွက်ခဲ့သည်။
မြန်မာ့အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင်
တင်သွင်းမည့်အယူအဆ ကို ဂျာမဏီနိုင်ငံခြားရေးဝန်ကြီးက အလွတ်သဘောအဖြစ်
မြန်မာနိုင်ငံခြားရေးဝန်ကြီးအား ပြောဆိုခဲ့သည်။
(EU)အနေဖြင့်
မြန်မာပြည်စစ်အစိုးရခေါင်းဆောင်များနှင့် ၄င်းတို့နှင့်ပတ်သက်သည့်
အဖွဲ့အစည်း များအား ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ထားခဲ့ပြီး
မြန်မာနိုင်ငံခြားရေးဝန်ကြီးအား ဖိတ်ခေါ်ခဲ့သည့် အတွက် လူ့အခွင့်အရေး
လှုပ်ရှားသူများ၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။
ဥရောပသမဂ္ဂနှင့် အာဆီယံနိုင်ငံများသည် ၂၀၀၅ခုနှစ်တွင် ယူရို (၁၁၆)ဘီလီယံ
ကူးသန်း ရောင်းဝယ်ရေး ရှိသည့်အတွက် ထိပ်ဆုံးမှ ကုန်သွယ်ဖက်တခု ဖြစ်သည်။
(EU)အနေဖြင့်
မြန်မာပြည်တွင် ငှက်ဖျားရောဂါနှင့် TB အဆုတ်ရောဂါ ကုသရေးတို့အတွက်
လူသားချင်း စာနာထောက်ထားသော အကူအညီအဖြစ် ယူရိုငွေ(၁၀)သန်း
ကူညီထောက်ပံ့ရန် စီစဉ်နေလျှက်ရှိပြီး နိုင်ငံရေးအရ မြန်မာစစ်အစိုး၏
လုပ်ကိုင်မှုများနှင့် ပြုပြင်ပြောင်းလဲရန်ကို အမေရိကန်နည်းတူ အစဉ်အမြဲ
ထောက်ပြပြောဆို ကန့်ကွက်ခြင်းများ ပြုလုပ်ခဲ့သည်။
|