Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မြန်မာစစ်အစိုးရ၏ အကြမ်းဖက်မှုများအား ဥရောပပါလီမန်တွင် သက်သေခံတင်ပြ

 

ဉာဏ်မောင်။ မတ် ၂၁၊ ၂၀၀၇

 

နိုင်ငံတကာခရစ္စယာန်စည်းလုံးညီညွတ်ရေးအဖွဲ့ (CSW)သည် ဘရပ်ဆဲမြို့၌ ကျင်းပသော ဥရောပပါလီမန်တွင် မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်၍ အကြမ်းဖက်နှိပ်ကွပ်နေမှု များကို ကြားနာစစ်ဆေးရန် ခိုင်လုံသောသက်သေအထောက်အထားများနှင့်အတူ ယမန်နေ့က တင်ပြလိုက်သည်။

CSW၏ တောင်အာရှဆိုင်ရာဥပဒေအရာရှိ ဘင်နဒစ်ရော်ဂျာ၊ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေ အနေများကို အမြဲစောင့်ကြည့်နေခဲ့သော ကုလသမဂ္ဂအထူးသံတမန် ပေါလိုဆာဂျီရိုပင်ညဲရိုးနှင့် ကရင်အမျိုးသမီးအစည်းအရုံးမှ ကိုယ်စားလှယ်တို့က ဦးဆောင်တင်ပြခဲ့ခြင်းဖြစ်သည်။

မြန်မာပြည်သူတွေရဲ့ အချိန်ကြာမြင့်စွာကတည်းက ခံစားနေရတဲ့ဒုက္ခတွေကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက စိတ်ဝင်စားမှုနဲပြီး၊ အရေးယူဆောင်ရွက်ချက်လဲ နဲနေပါသေးတယ်”ဟု ဘင်နဒစ်ရော်ဂျာက ဆိုသည်။

မြန်မာပြည်သို့ (၁၇) ကြိမ်တိုင် အလည်အပတ်ရောက်ရှိခဲ့သူ ဘင်နဒစ်ရော်ဂျာက မြန်မာပြည် တွင်း အဓမ္မရွှေ့ပြောင်းခံရသောသူများနှင့် မြန်မာဒုက္ခသည်များ၏ ပြောပြခဲ့သည့် အလွန် ထိပ်လန့်ကြောက်မက်ဖွယ်ရာ အဖြစ်အပျက်များကို ပြန်လည်တင်ပြခဲ့သည်။

 မြန်မာစစ်အစိုးရအပေါ် သတ်မှတ်ထားသည့် အဆင့်အတန်းနှင့်ပတ်သက်၍  လက်ရှိပြုမူနေ သော စစ်အစိုးရ၏လုပ်ဆောင်ချက်များကို  ဥရောပသမဂ္ဂ(EU)အနေဖြင့် လက်မခံနိုင်ကြောင်းကို အချက်ပြဖို့ အရေးတကြီးလိုအပ်နေပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေးနှင့် ပတ်သက်သည့် အဆိုပြုမူကြမ်း နောက်တကြိမ်ထပ်တင်ရန် လုံလောက်ပြီဖြစ်ကြောင်း ထုတ်ဖော် သင့်သည်ဟု ဆိုသည်။

(CSW)အနေဖြင့် မြန်မာနိုင်ငံတွင်း ဖြစ်ပျက်နေသော အခြေအနေများနှင့် ဘာသာအယူဝါဒ  ကွဲပြားနေသူများအပေါ် စနစ်တကျ ဖိနှိပ်ချုပ်ချယ်နေသော အဖြစ်အပျက်များကို အမေရိကန်နှင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ လှည့်လည်တင်ပြခဲ့ပြီး ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေးကော်မရှင် တရပ်ကို မြန်မာပြည်တွင်း စေလွှတ်ရန် တောင်းဆိုခဲ့သည်။

ယခုလ (၁၄)ရက်နေ့ကလည်း ဂျာမဏီနိုင်ငံ၊ ငုယင်ဘတ်မြို့တွင် ကျင်းပခဲ့သည့် အီးယူ-အာစီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့် ကုန်သွယ်မှုဆိုင်ရာဆွေးနွေးပွဲတွင် ဂျာမဏီနိုင်ငံခြားရေးဝန်ကြီး ကလည်း မြန်မာနိုင်ငံ၏လူ့အခွင့်အရေး အခြေအနေများနှင့် ပတ်သက်၍ ကုလသမဂ္ဂ လူ့အခွင့် အရေးကောင်စီသို့ တင်သွင်းမည့် အလွတ်သဘောပြောဆိုမှုများကို ပြုလုပ်ခဲ့သည်။

မတ်လ (၁၃)ရက်နေ့တွင် ကျရောက်ခဲ့သော မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့တွင် ၈၈မျိုးဆက် ကျောင်းသားများကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအား မြန်မာပြည် တွင်း လူ့အခွင့်အရေး အခြေအနေများကို ကိုယ်တိုင်ကိုယ်ကျ လာရောက် လေ့လာနိုင်ရန် ဖိတ်ကြားစာတစောင်ကို ပေးပို့ခဲ့သည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org