Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စစ်အစိုးရက အခွန်အကောက်များ တိုးမြှင့်ကောက်ခံ

 

ရိုးမ ၃။ မတ် ၁၆၊ ၂၀၀၇

 

 

စစ်အစိုးရအာဏာပိုင်များက သာမန်ဆင်းရဲသားပြည်သူများထံမှ အခွန်အကောက်များ တိုးမြှင့် ကောက်ခံရန် မြို့နယ်အလိုက် စည်ပင်သာယာရေှးဌာနများက အမိန့်ကြေညာစာများ ထုတ်ပြန် ခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်မှစ၍ ဘိုကလေးမြို့နယ်၊ စည်ပင်သာယာရေးဌာနမှ အနှေးယာဉ် နှင့် ဈေးဆိုင်ခန်းများအပေါ် သတ်မှတ်ထားသည့် အခွန်အကောက်များကို တိုးမြှင့်ကောက်ခံရန် အမိန့်ကြေညာချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မြို့နယ်စည်ပင်အရာရှိ ဦးလွန်းတင် လက်မှတ်ရေးထိုး၍ ဖေဖော်ဝါရီလ (၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အခွန်တိုးမြှင့်ကောက်ခံသည့် ကြေညာချက်စာရွက်များအား ဈေးနှင့် အနှေး ယာဉ်ပိုင်ရှင်များထံ ပေးပို့ခဲ့ပြီးနောက် အနှေးယာဉ်ပိုင်ရှင်များနှင့် ဈေးဆိုင်ခန်းပိုင်ရှင်များက မကျေမနပ်ဖြစ်ကာ အခွန်အကောက် လျှော့ပေါ့ရေးကို လက်မှတ်ရေးထိုး၍ တိုင်ကြားခဲ့သည်။

အနှေးယာဉ်ပိုင်ရှင်များအား ယခင်က အခွန်စည်းကြပ်နှုန်းများ ၁,၅၀၀ ကျပ်ဖြစ်ပြီး ယခုနှစ်တွင် ၂၀,၀၀၀ ကျပ်ထိ တိုးမြှင့်ကောက်ခံကာ နင်းသားအမောင်းလိုင်စင်၊ ပိုင်ရှင်အမည်ပြောင်းနှင့် ဘီးခွန်ခများကိုလည်း တိုးမြှင့်ကောက်ခံမည့် နှုန်းထားများကို သတ်မှတ်ခဲ့သည်။

“မတ်လ (၉)ရက်နေ့က အနှေးယာဉ်နင်းသမား (၄၀) လက်မှတ်ထိုးပြီး အခွန်အကောက်များ ပြင်ဆင်သတ်မှတ်ပေးဖို့ နိုင်ငံတော်အကြီးအကဲနဲ့ တိုင်းစည်ပင်ဌာနတွေကို ပူးတွဲပြီး စာပို့ခဲ့တယ်။ စားဝတ်နေရေးက အဆင်မပြေတဲ့ကြားက အခွန်တိုးကောက်တော့ အနှေးယာဉ်ပိုင်ရှင်တွေ လည်း မခံနိုင်တော့ဘူး။ တချို့ဆိုရင် အခွန်မဆောင်နိုင်တော့လို့ ပြန်ရောင်းတဲ့အထိ ဖြစ်နေတယ်”ဟု အနှေးယာဉ်နင်းသူတဦးက ဆိုသည်။

ဘိုကလေးမြို့၊ စည်ပင်သာယာဈေးကြီးအတွင်း ဆိုင်ခန်းပေါင်း (၆၀၀)ခန့်ရှိပြီး အခွန်တိုးမြှင့် ကောက်ခံသည့် စာများကို စည်ပင်အဖွဲ့က နေရာအနှံ့ လိုက်ကပ်ထားသဖြင့် စီးပွားရေး ကြပ်တည်း၍ အရောင်းအ၀ယ်ပါးသောကြောင့် အခွန်တိုးမြှင့်ကောက်ခံခြင်းကို ဆိုင်ခန်းပိုင်ရှင် များကလည်း မကျေမနပ်ဖြစ်နေကြသည်။

အခွန်တိုးကောက်မဲ့ စာရွှက်တွေက မှုန်ဝါးဝါးနဲ့ လိုက်ကပ်ထားတာ။ ၀ယ်ထားတဲ့ပစ္စည်း ပြန်ရောင်းတော့ အမြတ်ရဖို့မပြောနဲ့ အရင်းရအောင်ကို မနည်းရောင်းရတာ။ စားဝတ်နေရေး ကြပ်တည်းကြတော့ လူတွေလည်း မ၀တ်နိုင် မစားနိုင်နဲ့၊ အရောင်းအ၀ယ်မရှိသလောက်ပဲ”ဟု ဈေးဆိုင်ပိုင်ရှင်တဦးက ဆိုသည်။ 

ယခုအခါ ဈေးဆိုင်ပိုင်ရှင်များကလည်း အခွန်တိုးမြှင့်ကောက်ခံခြင်းနှင့်ပတ်သက်၍ လက်မှတ် ထိုးကာ အထက်သို့ တိုင်ကြားရန် ပြင်ဆင်လျှက်ရှိကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

ဆိုင်တွေကိုသာ ငွေတိုးကောက်တာ။ စည်းမဲ့ကမ်းမဲ့ဈေးသည်တွေကိုတော့ အခွန်ကောက်ပြီး ရောင်းခိုင်းတယ်။ ဒီလိုလုပ်တော့ စည်ပင်အရာရှိ လွန်းတင်အတွက်တော့ တနေ့ကို ခြောက် သောင်းနဲ့ တလကို ဆယ့်ရှစ်သိန်း ကောင်းကောင်းစားနေရတယ်”ဟု ဒေသခံတဦးက ဆိုသည်။

စည်ပင်အရာရှိ ဦးလွန်းတင်သည် ဘိုကလေးဈေးကြီး လုံခြုံရေးအတွက် တဦးလျှင် တသောင်း ကျပ်နှုန်းဖြင့် လေးဦးထားရှိကာ ၄င်း၏အိမ်နှင့်ရုံးအား လုံခြုံရေးအတွက်ဟုဆိုကာ တနေ့လျှင် (၁၀)ဦးဖြင့် အလှည့်ကျစောင့်ခိုင်းသဖြင့် စည်ပင်ဝန်ထမ်းများလည်း မကျေမနပ်ဖြစ်နေသည်ဟု ဆိုသည်။

စစ်အစိုးရအနေဖြင့် ယခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ နိုင်ငံအနှံ့ လျှပ်စစ်မီး၊ ရေနှင့် တယ်လီဖုန်း လိုင်းများအတွက် အခွန်အကောက် တိုးမြှင့်ကောက်ခံမှုများကို ပြုလုပ်လာသလို သာမန်ပြည်သူ များ၏ စီးပွားရေးလုပ်ငန်းများတွင်လည်း လုပ်ငန်းအလိုက် အခွန်ငွေများ တိုးမြှင့်ကောက်ခံလာ သဖြင့် ပြည်သူအများစုမှာ စီးပွားရေး ကြပ်တည်းသည့်ကြားမှ ပေးဆောင်ရသည့် အခွန်များ ကြောင့် စားဝတ်နေရေးအခြေအနေ ပိုမိုဆိုးဝါးလာခဲ့သည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org