|
ယမန်နေ့တွင်ကျရောက်သော စစ်အစိုးရ၏ (၆၂)မြောက် တပ်မတော်နေ့တွင်
ချင်းအမျိုးသမီး များ၏ အဓမ္မပြုကျင့်ခံရသည့် အစီရင်ခံစာ
ထွက်ပေါ်လာခဲ့သည်။
ချင်းအမျိုးသမီးများအဖွဲ့ချုပ်က စစ်အစိုးရတပ်များ၏
ချင်းပြည်နယ်အတွင်းရှိ ချင်းအမျိုးသမီး များအား
မုဒိန်းကျင့်ခဲ့သည့်အခြေအနေများကို အထောက်အထားများနှင့် တင်ပြထားသည့်
အစီရင်ခံစာကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
အမှုပေါင်း
(၃၈)ခုကို အထောက်အထားများနှင့်အတူ ပုံနှိပ်တင်ပြထားသည့် အဆိုပါ
အစီရင်ခံ စာအား “Unsafe State”
(မလုံခြုံသော ပြည်နယ်)ဟု အမည်ပေးထားသည်။
ချင်းပြည်နယ်အတွင်း စစ်အစိုးရတပ်များမှ အရာရှိများပါဝင်ကာ အုပ်စုလိုက်
မုဒိန်းကျင့်ခဲ့သည့် အဖြစ်အပျက်များမှာ ထိုအစီရင်ခံစာ၌ ဖော်ပြထားသော
အထောက်အထားများ၏ တ၀က်ခန့် ပါဝင်ပြီး လိင်အကြမ်းဖက်မှုများတွင်
အလွန်ရက်စက်သော ညှဉ်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှု များကို
ဖော်ပြထားသည်။
“ဒီလိုထိတ်လန့်ဖွယ်ကောင်းတဲ့
ဖြစ်ရပ်တွေဟာ ချင်းပြည်နယ်ထဲမှာ ဆက်လက်ဖြစ်နေပါသေး တယ်”ဟု
ချင်းအမျိုးသမီးရေးရာအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ချယ်ရီဇုဟောလ်က
ဆိုသည်။
ပြီးခဲ့သည့်အပတ် တနင်္ဂနွေနေ့တွင် နေပြည်တော်၌ပြုလုပ်သည့်
သတင်းစာရှင်းလင်းပွဲတွင် စစ်အစိုးရ ပြန်ကြားရေးဝန်ကြီး
ဗိုလ်မှူးချုပ်ကျော်ဆန်းက နိုင်ငံတကာမှ ပြောဆိုနေသည့် အဓမ္မ
လုပ်အားပေးကိစ္စများအပါအ၀င် အမျိုးသမီးများအပေါ် မုဒိန်းကျင့်သည်ဆိုသည့်
စွပ်စွဲချက်များ သည် မဟုတ်မမှန်ကြောင်းနှင့် မြန်မာနိုင်ငံတွင်
တခါမှမရှိကြောင်း နိုင်ငံတကာ သတင်းထောက် များကို ပြောကြားခဲ့သည်။
ချင်းအမျိုးသမီးများအဖွဲ့ချုပ်ကို ၂၀၀၄ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်နေ့တွင်
စတင်ဖွဲ့စည်းခဲ့ပြီး ချင်းမျိုးနွယ်စုဝင် အဖွဲ့အစည်း (၉)ဖွဲ့ ပါဝင်သည်။ |