Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အိုင်စီအာစီသည် အကြပ်ကိုင်ခြိမ်းခြောက်သည့်အဖွဲ့အစည်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် တိုင်းပြည်ကို ဖျက်ဆီးရန်ကြံစည်သူဟု စစ်အစိုးရပြောဆို

 

ရိုးမ ၃။ မတ် ၂၇၊ ၂၀၀၇

 

နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC)သည် အစိုးရအပေါ် အကြပ်ကိုင်ခြိမ်းခြောက်သည့် အဖွဲ့အစည်းဖြစ်ကာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းပြည်ကို ဖျက်ဆီးရန်ကြံစည်သူဟု စစ်အစိုးရက ပြီးခဲ့သည့် တနင်္ဂနွေတွင် ပြောဆို လိုက်သည်။ 

စစ်အစိုးရရုံးစိုက်ရာ နေပြည်တော်တွင် နိုင်ငံတကာသတင်းထောက်များနှင့် တွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲတွင် စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးနှင့် ရဲချုပ်တို့က ယခုကဲ့သို့ ပြောဆို လိုက်ခြင်းဖြစ်သည်။ 

(ICRC)အနေဖြင့် ပထမပိုင်းတွင် အကျဉ်းထောင်များကို သွားရောက်၍ ပုံမှန်အလုပ်များကို လုပ်ဆောင်ပြီး နောက်ပိုင်းတွင် နိုင်ငံရေးပါတီများမှ အကျဉ်းသားများကိုသာ သွားရောက်တွေ့ဆုံ ခဲ့ကြောင်း ပြောဆိုကာ အဆိုပါ နိုင်ငံရေးအကျဉ်းသားဆိုသူများသည် နိုင်ငံရေးတည်ငြိမ်မှုကို ပျက်ပြားအောင် လုပ်ဆောင်နေသူများသာဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက စွပ်စွဲပြောဆိုသွားခဲ့သည်။ 

(ICRC)အနေဖြင့် အကျဉ်းထောင်များသို့ သွားရောက်အကူအညီများပေးရာတွင် စစ်အစိုးရ အနေဖြင့် ၄င်းတို့ဖွဲ့စည်းထားသော အဖွဲ့များကို လိုက်ပါဆောင်ရွက်ရန် တောင်းဆိုမှုကို လက်မခံဘဲ ငြင်းဆိုခဲ့သည်ဟု ၄င်းက ဆိုသည်။ ထို့အပြင် ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီကလည်း “ပြီးခဲ့သည့် သောကြာနေ့က (ICRC)နှင့်တွေ့ဆုံစဉ် မကြာသေးမီက အိုင်စီအာစီရုံးနှစ်ရုံး ပိတ်လိုက်တာဟာ ခြိမ်းခြောက်အကြပ်ကိုင်တာ ဟုတ်မဟုတ်မေးမြန်းခဲ့တယ်”ဟု ဆိုသည်။ 

(ICRC)အနေဖြင့် ယခုလ (၁၅)ရက်နေ့က မြန်မာပြည်အတွင်းရှိ အကျဉ်းထောင်များသို့ ၀န်ထမ်း များ သွားရောက်ခွင့်ပိတ်ပင်ခံရခြင်း၊ နယ်စပ်ဒေသရှိ လုပ်ငန်းများ လုပ်ဆောင်ရာတွင် သံသယ ရှိနေခြင်းနှင့် စစ်အစိုးရ၏ အဟန့်အတားများကြောင့် မော်လမြိုင်နှင့် ကျိုင်းတုံရုံးနှစ်ရုံးကို ပိတ်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ 

ဆွစ်ဇလန်အခြေစိုက် (ICRC)ရုံး ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအတွင်း ၄င်းတို့လုပ်ကိုင်နေရ သည့် လူသားချင်းစာနာထောက်ထားသည့် အကူအညီလုပ်ငန်းများမှာ သွက်ချာပါဒ ရောဂါသည် လိုဖြစ်နေပြီး စစ်အစိုးရ ပြည်ထဲရေးဝန်ကြီးနှင့် တွေဆုံရသော်လည်း ပူးပေါင်းဆောင်ရွက်မှု မရခဲ့ကြောင်း ဖော်ပြခဲ့သည်။ 

 ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက အိုင်စီအာစီအဖွဲ့ကို အကျဉ်းထောင်သွားရောက်ခွင့်ကို ပိတ်ပင်ထား သော်လည်း အကျဉ်းသားများအား လူ့အဆင့်အတန်းနှင့် ညီညွတ်အောင်  ပြုစုစောင့်ရှောက် လျှက်ရှိပြီး အကျဉ်းသားတွေအပေါ် နှိပ်စက်မှု၊ လူသားမဆန်စွာ ပြုမူဆက်ဆံမှုတွေလည်း မရှိကြောင်း ပြောဆိုသွားခဲ့သည်။  

နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများက စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများအား ပြန်လွှတ်ပေးရန် တောင်းဆိုနေသည့်အချိန်တွင် ပြန်ကြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်သည် ပြန်လည်လွှတ်ပေးလိုက်တိုင်း စစ်အစိုးရအား ထိပ်တိုက်ရင်ဆိုင် ရန် ကြိုးစားခဲ့ပြီး သူမအနေနဲ့ တိုင်းပြည်ကို ပျက်စီးအောင်ကြံစည်နေသူဖြစ်သည့်အတွက် ပြန်လည်လွှတ်ပေးရန် နေ့ရက်မနီးစပ်သေးဘူးဟု သတင်းထောက်များ၏မေးမြန်းချက်များကို ပြန်လည်ဖြေဆိုခဲ့သည်။  

အဆိုပါသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတကာမှ စစ်အစိုးရအပေါ် ပြောဆိုနေသည့် လူမျိုးတုံး သတ်ဖြတ်မှု၊ အဓမ္မလုပ်အားပေးခိုင်းစေမှု၊ ကျေးရွာများ ရွှေ့ပြောင်းမှု၊ ဘာသာရေးအရ ဖိနှိပ်နေ မှုများနှင့် အမျိုးသမီးများအပေါ် မုဒိန်းကျင့်မှု စသည့် စွပ်စွဲချက်များမှာ မဟုတ်မမှန်ဘဲ မြန်မာ ပြည်တွင် ဘယ်တုန်းကမှ ဖြစ်ပျက်ခဲ့ခြင်းမရှိကြောင်း ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက ပြောကြားသွားခဲ့သည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org