Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

တရုတ်ဥပဒေရေးရာ ထိပ်တန်းခေါင်းဆောင်နှင့် စစ်အစိုးရခေါင်းဆောင်တွေ့

ဉာဏ်မောင်။ ဇွန် ၇၊ ၂၀၀၇

တရုတ်ပြည်၊ အမျိုးသားပြည်သူ့ကွန်ကရက် အမြဲတမ်းကော်မတီ၏ ဖိတ်ကြားချက်အရ (၅)ရက်ကြာ အလည်အပတ်ရောက်ရှိနေသည့် စစ်အစိုးရအဖွဲ့ခေါင်းဆောင်နှင့် တရုတ်ဥပဒေရေးရာ ထိပ်တန်းခေါင်းဆောင်တို့ ယမန်နေ့က တွေ့ဆုံခဲ့သည်။ 

မြန်မာကိုယ်စားလှယ်အဖွဲ့ကို ခေါင်းဆောင်ခဲ့သူ စစ်အစိုးအဖွဲ့ဝင် အတွင်းရေးမှူး (၁) ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန်သည် ပြီးခဲ့သည့် အင်္ဂါနေ့က မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ နှစ်နိုင်ငံ ကိစ္စရပ်များ ဆွေနွေးရန် တရုတ်၏ဖိတ်ကြားချက်အရ ထွက်ခွာသွားခြင်းဖြစ်သည်။ 

တရုတ်ဥပဒေရေးရာ ထိတ်တန်းခေါင်းဆောင် မစ္စတာ ၀ူဗန်ဂူး(Wu Bangguo)နှင့် ဗိုလ်ချုပ်ကြီး သိန်းစိန် တွေ့ဆုံရာတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပုံမှန်တိုးတက်ရန်နှင့် တရုတ်နှင့် မြန်မာတို့၏ အပြန်အလှန် နိုင်ငံရေးယုံကြည်မှု တိုးချဲ့ရန် မစ္စတာဝူက ပြောဆိုသည်ဟု ဆိုသည်။ 

စစ်အစိုးရက တရုတ်၏ တပြည်ထောင်စနစ်ကို ကာလအတော်ကြာကတည်းက အသိအမှတ်ပြု ခဲ့သည်ကို တန်ဖိုးထားပြီး မြန်မာပြည်သူတို့၏ ဖွံ့ဖြိုးတိုးတက်မှုကို မိမိဘာသာ လမ်ကြောင်း ရွေးချယ်ထားမှုကိုလည်း လေးစားကြောင်း မစ္စတာဝူက စစ်အစိုးရခေါင်းဆောင်အား ပြောကြား ခဲ့သည်။ 

စစ်အစိုးရက နိုင်ငံတကာ၏ ဖိအားပေးမှုများကြားမှ ၄င်းတို့စိတ်ကြိုက် အခြေခံဥပဒေ ပြဌာန်း ရေးဆွဲနေသည့် အစီအစဉ်အဖြစ် (၁၄)နှစ်ကြာ ကျင်းပခဲ့သော အမျိုးသားညီလာခံကို လာမည့်လ (၁၈)ရက်နေ့တွင် ပြန်လည်ကျင်းပရန်သတ်မှတ်ကာ  နောက်ဆုံးအကြိမ်ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် တရုတ်ဥပဒေရေးရာ ထိပ်တန်းခေါင်းဆောင်နှင့် ယမန်နေ့က တွေ့ဆုံခဲ့ခြင်းဖြစ်သည်။  

ယခုသွားရောက်သည့် ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်သည် အမျိုးသားညီလာခံကျင်းပရေး ကော်မတီဥက္ကဋ္ဌဖြစ်ပြီး ယင်းခရီးစဉ်တွင် စီးပွားရေးနှင့် ကုန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးများလည်း လိုက်ပါသွားသည်ဟု ဆိုသည်။  

၎င်းနေ့မှာပင် ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်သည် တရုတ်ပြည်၊ အမျိုးသားပြည်သူ့ကွန်ကရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ လီတိုင်ရင်းနှင့်လည်း တွေ့ဆုံ၍  ဘုံအယူအဆကိစ္စများ၊ ပါလီမန်တွင်း ဥပဒေပြဌာန်းချက်ကိစ္စရပ်များကိုလည်း တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆိုသည်။  

တရုတ်ပြည်၏ နှစ်နိုင်ငံဆက်ဆံရေးအမြင်အပေါ် စစ်အစိုးရခေါင်းဆောင်က တရုတ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုအတွေ့အကြုံကို လေ့လာ၍ မြန်မာ့အဆောက်အအုံကို ချစ်ခင်ရင်းနှီးစွာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း ပြောခဲ့သည်။ 

ယခုကဲ့သို့ စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင် သွားရောက်လည်ပတ်ခြင်းသည် ၄င်းတို့ပြုလုပ်နေ သည့် အမျိုးသားညီလာခံနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ အကြံအဉာဏ်ကို ရယူရန်ဖြစ်သည်ဟု နိုင်ငံရေးအကဲခတ်လေ့လာသူများက ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org