|
စစ်အစိုးရအလိုကျ ဟောပြောပွဲ
ဘိုကလေးတွင်ပြုလုပ်
ဗထူး။ ဇွန်
၂၈၊ ၂၀၀၇

၈၈
မျိုးဆက်ကျောင်းသား(ပြည်ထောင်စုမြန်မာနိုင်ငံ)နှင့်
သိပံ္ပကျောင်းတော်သားစု ဆိုသူများက ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင်
စစ်အစိုးရအားထောက်ခံသည့် လူထုဟောပြောပွဲတခုကို ပြုလုပ်သွားခဲ့သည်။
စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေးနှင့် စစ်အစိုးရ၏
အကောင်အထည်ဖော်မှုများကို ထောက်ခံ သည့် ဟောပြောပွဲများကို
နိုင်ငံအနှံ့ပြုလုပ်နေရာမှ ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် ၄င်းတို့
အဖွဲ့က ဟောပြောခဲ့ခြင်းဖြစ်သည်။
ဘိုကလေးမြို့တွင် မြို့နယ်ရဲတပ်ဖွဲ့၊ ကြံ့ဖွံ့အဖွဲ့နှင့်
ဌာနဆိုင်ရာဝန်ထမ်းများ အင်အား (၁၅၀) ကျော် တက်ရောက်ခဲ့သည့်
အဆိုပါဟောပြောပွဲကို ယခုလ (၂၆) ရက်နေ့က ‘ရွှေလ၀င်း’ ရုပ်ရှင် ရုံတွင်
ပြုလုပ်ခဲ့သည်။
“သူတို့အဖွဲ့ထဲမှာ ၀ံသာနု(NLD) က ဒေါက်တာစိုးလင်းပါတယ်။ (G-7) အဖွဲ့၊
ခေတ်သစ်နိုင်ငံရေး သိပံ္ပကျောင်းတော်သားစုတွေ ပါတယ်၊ ထုံစံအတိုင်း
(NLD)ပါတီမကောင်းကြောင်း၊ အနောက် နိုင်ငံအားကိုးပြီး ကိုယ်ကျိုးရှာတဲ့
အဖွဲ့ဖြစ်တယ်ပေါ့၊ သူတို့ကမှ အမျိုးသားနိုင်ငံရေးကို လုပ်နေ တာ၊
တပ်မတော်နဲ့ လက်တွဲနေတဲ့ အင်အားစုဖြစ်တယ်ဆိုတာတွေကို ပြောသွားတယ်” ဟု
(NLD)ပါတီဝင်တဦးက ဆိုသည်။
အဆိုပါဟောပြောပွဲသို့ ပြည်သူအတွင်းမှ လေ့လာလိုသူများလည်း
သွားရောက်ခဲ့ပြီး မေးခွန်းများ အပြန်အလှန် မေးမြန်းခဲ့ရာ
၎င်းတို့ဆိုလိုသည်များကိုသာ ဖြေဆိုခဲ့သဖြင့် မေးခွန်းနှင့်အဖြေများ
လွဲမှားခဲ့ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။
“ကျနော်တို့
သွားနားထောင်ကြည့်သလောက်တော့ နအဖထုတ်သတင်းစာထဲက စာတွေ ဖတ်နေ သလိုပဲ၊
သူတို့ထဲကိုဝင်အောင်လည်း ဆွယ်တယ်။ အဲ့ဒီအခမ်းအနားမှာတော့ စာတွေဝေတယ်။
ကြေညာချက်တွေ၊ မူဝါဒစာအုပ်တွေပေါ့”ဟု မြို့ခံ ပြည်သူတဦးက ဆိုသည်။
ပြည်သူအများစုအနေဖြင့် ယင်းဟောပြောမှုများကို စိတ်မ၀င်စားနိုင်ဘဲ
နေ့စဉ်စားဝတ်နေရေး ကိုသာ ရုန်းကန်နေရပြီး ကျန်းမာရေး၊ ပညာရေး၊
ကုန်ဈေးနှုန်းကြီးမြင့်သည့်ဒဏ်ကို ခံနေရ သဖြင့် အဆိုပါကိစ္စများကို
ဖြေရှင်းပေးနိုင်မည့်သူကိုသာ မျှော်လင့်ကြောင်း ၄င်းက ဆက်လက်
ပြောဆိုသည်။
အဆိုပါဟောပြောပွဲတွင် ၀ံသာနု(NLD) ဆိုသည့်အဖွဲ့က စာမျက်နှာ (၇)
မျက်နှာပါ ဇွန်လ (၁၂) ရက်နေ့ထုတ် အမှတ်(၂) ကြေညာချက်တစောင်နှင့် ၎င်းတို့၏
မူဝါဒရေးရာများနှင့် ပတ်သက် သော စာရွက်စာတန်းများကိုလည်း
တက်ရောက်လာသူများကို ဖြန့်ဝေခဲ့သည်။
အဆိုပါကြေညာချက်က အနောက်နိုင်ငံကြီးများကို ပုတ်ခတ်တိုက်ခိုက်ထားပြီး
စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီအား အချက် (၆)ချက်ဖြင့်
ဖော်ပြထားကာ တပ်မတော်မှ အမျိုးသားနိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍတွင်
ပါဝင်ရေးကို နောက်ဆုံးအချက်အဖြစ် ဖော်ပြ ထားပြီး အဆိုပါဦးတည်ချက်ကို
ဆန့်ကျင်ပါက တပ်မတော်နည်းတူ လက်ခံမည်မဟုတ်ကြောင်း ၀ံသာနုအဖွဲ့၏
ထုတ်ပြန်ချက်က ဆိုသည်။ |