|
မြန်မာကို
အာစီယံအဝေးတွင်ထားသင့်ကြောင်း စင်္ကာပူပြော
ဉာဏ်မောင်။
ဇွန် ၆၊ ၂၀၀၇
မြန်မာစစ်အစိုးရသည်
စစ်တပ်အုပ်ချုပ်ရေးပေါ်လစီများ ကိုသာ အကောင်အထည် ၏ဖော်နေသည့်အတွက်
စင်္ကာပူအစိုးရအနေဖြင့် ဓားစာခံမဖြစ်ချင်သောကြောင့် မြန်မာနိုင်ငံကို
အာဆီယံအဖွဲ့၏ အဝေးနေရာအဆင့်တွင် သာ ထားသင့်ကြောင်း
စင်္ကာပူနိုင်ငံဝန်ကြီးချုပ်က ပြောဆို လိုက်သည်။
သြစသြေးလျနိုင်ငံသို့ ရောက်ရှိနေသော စင်္ကာပူ ဝန်ကြီးချုပ် မစ္စတာ
လီရှင်လွန်း(Lee Hsien Loong) က အထက်ပါအတိုင်း ပြောဆိုကြောင်း ယခုလ
(၂)ရက်နေ့ အေဘီစီသတင်း(ABC) တွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။
ယခုနှစ်
စက်တင်ဘာလတွင် ဆစ်ဒနီမြို့၌ကျင်းပမည့် အာရှ-ပစိဖိတ်
ကုန်သွယ်ဖက်နိုင်ငံများ (APEC) အစည်းအဝေးသို့ တက်ရောက်လာမည့်
အမေရိကန်သမ္မတ ဘု(ရှ်)နှင့် အာစီယံနိုင်ငံ များ တွေ့ဆုံမှုတွင်
စင်္ကာပူစီမံကိန်းများအတွက် မြန်မာနိုင်ငံကြောင့် အဟန့်အတားမဖြစ်သင့်
ကြောင်း ၀န်ကြီးချုပ် လီက ဆိုသည်။
“ကျွန်တော်တို့ မြန်မာနဲ့မပတ်သက်ဘဲ အလုပ်လုပ်ရမယ်။ ဒါပေမဲ့
မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံ အကြား ဆက်ဆံရေးမပြေမလည်ဖြစ်နေတဲ့
ပြဿနာကြား၏ထဲမှာ ကျွန်တော်တို့ဟာ ဓားစာခံ မဖြစ်သင့်ဘူးဆိုတာကို
အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား ထောက်ခံလာနိုင်အောင် အသည်း အသန်
ဆွေးနွေးရမှာဖြစ်တယ်။ ဘာလို့လဲဆိုတော့ အာဆီယံအဖွဲ့ဝင် (၁၀)
နိုင်ငံရှိတဲ့အထဲမှာ မြန်မာနိုင်ငံဟာလည်း အဖွဲ့ဝင်နိုင်ငံတခု
ဖြစ်နေလို့ပဲ၊ ဒါကိုက ပြဿနာတခုပဲ”ဟု ဆိုသည်။
မေလ (၃၁)
ရက်နေ့က ကျင်းပသည့် ဒေသတွင်းဆိုင်ရာလုံခြုံရေး အစည်းအဝေးတွင်လည်း
မစ္စတာလီက မြန်မာနိုင်ငံသည် ကိုယ့်ပြဿနာကို
ကိုယ်တိုင်ဖန်တီးနေသူဖြစ်ပြီး အာစီယံအနေ နဲ့လည်း စစ်အစိုးရအပေါ်
သြဇာလွှမ်းမိုးမှု မရှိသလောက်ဖြစ်နေသည်ဟု ဆိုသည်။
နိုင်ငံရေးအရ ဖိအားပေးမှုများကို လျှော့ကျသွားအောင် မြန်မာကို အာစီယံက
လက်ခံခဲ့ခြင်း ဖြစ်ပြီး နိုင်ငံတကာရေစီးကြောင်းထဲ လိုက်ပါနိုင်အောင်
ဖျောင်းဖျပြောဆိုခဲ့ပေမယ့် ကန့်သတ်မှု များ ရှိခဲ့သလို
စစ်အစိုးရအနေဖြင့်လည်း အာစီယအဖွဲ့နှင့် ကင်းကင်းကွာကွာ နေလိုပုံ သဘော
ထားမျိုး ပြသနေသည်ဟုဆိုသည်။ |