|
အာဏာဆက်လက်ချုပ်ကိုင်ရန်
အမျိုးသားညီလာခံကို ဟန်ပြလုပ်နေသည်ဟုဆို
ဉာဏ်မောင်။
ဇွန် ၂၊ ၂၀၀၇

မြန်မာစစ်အစိုးရ ဗိုလ်ချုပ်ကြီးများသည် ၄င်းတို့အာဏာ ဆက်လက်ချုပ်ကိုင်
ရန်ရည်ရွယ်၍ ဖွဲ့စည်းပုံရေးဆွဲနေသည့် အမျိုးသားညီလာခံကို
ဟန်ပြလုပ်ဆောင်နေခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ
အမေရိကန်သံရုံး(ယာယီ)တာဝန်ခံက ပြောဆိုလိုက်သည်။
ပြီးခဲ့သည့်
ကြာသာပတေးနေ့တွင် အာရှအစည်းအရုံးက ပြုလုပ် သည့် နံနက်စာစားပွဲ၌်
မြန်မာနိုင်ငံရှိ အမေရိကန် အငယ်တန်း အရာရှိဖြစ်သူ မစ္စ
ရှရီဗီလာရိုဆာ(မြန်မာသံရုံးတာဝန်ခံ)က ပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်အစိုးရခေါင်းဆောင်အများစုမှာ ကျန်းမာရေးအခြေအနေ ဆိုးဝါးစွာ
ကျဆင်းနေကြပြီး နိုင်ငံ၏ အခြေအနေသည်လည်း အခက်အခဲဆုံး အနေအထားနှင့်
နီးကပ်လာသဖြင့် မကြာမီ အပြောင်းအလဲတခုကို ပြုလုပ်ကြလိမ့်မည်ဟု
ကြိုတင်ခန့်မှန်းမိကြောင်း သူမက ပြောဆိုလိုက်ပြီး အမျိုးသားညီလာခံသည်
ဟန်ပြဇတ်လမ်းတပုဒ်သာဖြစ်သည် ဟုဆိုသည်။
မြန်မာနိုင်ငံသည် စစ်ဗိုလ်ချုပ်ကြီးများ၏ ဖိနှိပ်မှု၊
အုပ်ချုပ်ရေးညံ့ဖျင်းမှုနှင့် လာဘ်စားမှုများ ကြောင့် ယခင်က
အရှေ့တောင်အာရှတွင် ကြွယ်ဝချမ်းသာသော နိုင်ငံအဆင့်မှ ဆင်းရဲနုံချာလှ
သော နိုင်ငံဘ၀သို့ ရောက်ရှိနေရပြီး စစ်တပ်က အာဏာမသိမ်းမီက ရှိခဲ့သော
စာပေယဉ်ကျေးမှု၊ ပထမတန်းစားအဆင့်မီ တက္ကသိုလ်များနှင့်
အဆင့်မီပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုတို့ ရှိခဲ့သော်လည်း
ယခုအခါ အောင်မြင်နေသော အိမ်နီးချင်းနိုင်ငံများအကြား ပိုမို
ဆင်းရဲတွင်းနက် ပြီး လွတ်လပ်ခွင့်များ ဆုံးရှုံးကာ ရောဂါဘယ
ပိုမိုထူပြောလာသည်ဟုဆိုသည်။
စစ်အစိုးရက
၁၉၉၀ ရွေးကောက်ပွဲကတိကိုဖျက်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး
အစီအစဉ်အဖြစ် အမျိုးသားညီလာခံကို ၁၉၉၃ ခုနှစ်၊ နှစ်ဥိးမှ
စတင်ပြုလုပ်ခဲ့ရာ ၁၉၉၆ ခုနှစ်၊ မတ်လကုန်တွင် ရပ်နားခဲ့ပြီး (၈)နှစ်အကြာ
၂၀၀၄ ခုနှစ်၊ မေလတွင် နိုင်ငံတော်ရှေ့ဆက်သွား မည့် အဆင့် (၇) ဆင့်ပါ
လမ်းပြမြေပုံကို ကမ္ဘာသိ ထုတ်ပြန်ခဲ့ပြီး ကမ္ဘာတွင် အရှည်ကြာဆုံး
ညီလာခံတရပ်ကို ဆက်လက်ပြုလုပ်ခဲ့ပြန်ရာ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလမှ
ယခုအချိန်အထိ ပြန်လည်ရပ်နားထားသည်။
ထို့အပြင်
စစ်အစိုးရသတင်းစာများတွင် ယခင်မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(မဆလ)ခေတ်က
ထက် ၄င်းတို့လက်ထက်၌် ကဏ္ဍအသီးသီး၌ တိုးတက်အောင်မြင်နေကြောင်း
ကိန်းဂဏန်းများ ဖြင့် အကျယ်တ၀င့် ဖော်ပြနေသော်လည်း လက်တွေ့တွင်
ငွေကြေးဖောင်းပွမှု၊ ပြည်ပနိုင်ငံများ သို့ အလုပ်ရှာဖွေရန်
နိုင်ငံသားများ အလုံးအရင်းနှင့် ထွက်ခွာနေမှု၊ ပညာရေး၊ ကျန်းမာရေး
အခြေအနေများ ဆိုးဝါးစွာ ကျဆင်းလာမှုနှင့် ကုန်ဈေးနှုန်းများ အဆမတန်
ကြီးထွားနေမှုတို့ကို စစ်အစိုးရအနေဖြင့် ဖြေရှင်းနိုင်ခြင်းမရှိပေ။
|