Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဓါတ်ပုံရိုက်ပြီး ထောက်ပံ့စာအုပ်များ ပြန်သိမ်းသွား

ရိုးမ ၃။ ဇွန် ၁၀၊ ၂၀၀၇

စစ်အစိုးရဖွဲ့စည်းထားသော မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့က ရန်ကုန်မြို့ပေါ်ရှိ ကျောင်းတွင် အခမဲ့ စာအုပ်ဝေနေသည့်ပုံကို ဓါတ်ပုံရိုက်ကာ စာအုပ်များ ပြန်လည်သိမ်းသွားခဲ့ သည်။ 

ရွှေပြည်သာမြို့နယ်၊ အလယ်တန်းကျောင်းတွင် မြို့နယ်(မယက)ဥက္ကဋ္ဌနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ကျောင်းဖွင့်ရာသီတွင် စာအုပ်ထောက်ပံ့ကြောင်း ဓါတ်ပုံရိုက်ကာ စာအုပ်များ ပြန်သိမ်းသွားခြင်းဖြစ်သည်။ 

စစ်အစိုးရက မူလတန်း အခမဲ့ပညာသင်စနစ်နှင့် ကျောင်းဖွင့်ရာသီတွင် ကျောင်းများအနေဖြင့် အလှူငွေများ မကောက်ခံရန် အမိန့်စာထုတ်၍ ပြဌာန်းခဲ့သော်လည်း ကျောင်းအသီးသီးတွင် မိဘများအနေဖြင့် သားသမီးများကျောင်းနေနိုင်ရန် အတန်းအလိုက် သတ်မှတ်ငွေများ ပေးဆောင်နေရသည်။  

“ခုလ (၆) ရက်နေ့က ဥက္ကဋ္ဌရယ်၊ မြို့နယ်မိခင်နဲ့ကလေးစောင့်ရှောက်ရေးက လူတွေ၊ (၁၁) နာရီ ခွဲလောက်က ကလေးတွေကို စာအုပ်ဝေတယ်ဆိုပြီး မူလတန်းမှာ ဓါတ်ပုံရိုက်တာ၊ ပြီးတော့ ပြန်သိမ်းသွားတယ်၊ ကလေးတွေလည်း တယောက်မှမရဘူး” ဟု ကျောင်းသားမိခင်တဦးက ဆိုသည်။  

မူလတန်းကျောင်းသားအသစ်တဦးလျှင် ၃,၀၀၀၊ အဟောင်း ၁,၀၀၀ ကျပ်နှုန်းဖြင့်  မပေးမနေရ ဆိုသည့်အတွက် မိမိကလေးများအတွက် ပေးခဲ့ရပြီး ကျောင်းအပ်ဖောင်အတွက် ၃၆၀ ကျပ်နှင့် ကျောင်းအပ်ခက ၄၀၀ ကျပ်အား ငွေကြေးမရှိသည့်ကြားမှ ပေးခဲ့ရသည်ဟု ၄င်းက ဆက်လက် ပြောဆိုသည်။  

စစ်အစိုးရက ပညာရေးမြှင့်တင်သည့်လုပ်ငန်းများ နိုင်ငံအနှံ့ဆောင်ရွက်နေသည့် သတင်းများ အား ယခုကျောင်းဖွင့်ရာသီအတွင်း သတင်းစာများတွင် ဖော်ပြကာ အခြေခံပညာကျောင်းပေါင်း (၄၀၅၄၈) ကျောင်း၊ ဆရာ/မ (၂.၅) သိန်းကျော်နှင့် ကျောင်သား/သူ (၇.၈၃) သန်း ရှိသည်ဟု ဖော်ပြပြီး  မြို့နယ်အလိုက် ကျောင်းအပ်နှံရေးနေ့နှင့် ၄င်းတို့ဖွဲ့စည်းထားသည့် အသင်းများမှ စာသင်ကျောင်းများအား ထောက်ပံ့နေသည့် သတင်းနှင့်ဓါတ်ပုံများကို ဝေေ၀ဆာဆာ ဖော်ပြ လျှက်ရှိသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org