Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အဓိကတရားခံများကိုဖယ်၍ (HRDP)စွဲချက်ကို တရာရုံးကလက်ခံ

ဗထူး။ ဇွန် ၁၀၊ ၂၀၀၇

အဓိက အကြမ်းဖက် ရိုက်နှက်ခဲ့သူများကို ချန်လှပ်၍ (HRDP)အဖွဲ့၏ အာဏာပိုင်များအားတရား စွဲဆိုမှုကို တရားရုံးက လက်ခံလိုက်သည်။ 

အာဏာပိုင်များအား အကြမ်းဖက် ရိုက်နှက်မှုဖြင့် တရားစွဲဆိုထားသည့် လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူများ(HRDP)၏ အမှုကို ဟင်္သာတမြို့နယ်တရားရုံးက ယခုလ (၈) ရက်နေ့က လက်ခံ လိုက်ခြင်းဖြစ်သည်။ 

လူ့အခွင့်အရေးလုပ်ငန်းများကို ငြိမ်းချမ်းစွာ ဆောင်ရွက်သူများအား လူစုလူဝေးဖြင့် အကြမ်းဖက် ရိုက်နှက်ခဲ့သည့် အဓိကတရားခံများဖြစ်သည့် မြို့နယ်ကြံ့ဖွံ့နှင့် ရဲအရာရှိများမပါဝင်ဘဲ တင်ပြ ထားသည့် ရဲစစ်ဆေးချက်ကို အတည်ပြုကာ တရားရုံးက လက်ခံခဲ့သည်ဟု ဆိုသည်။ 

“အာဏာပိုင်အဖွဲ့အစည်းက လူတွေကို ဖယ်လိုက်တယ်။ ၆ ယောက်ကိုပဲ (၃၂၃)နဲ့ လက်ခံတယ်။ ရဲအရာရှိနှစ်ဦးနဲ့ ဦးညွန့်ဦးတို့ မပါဘူး။ (ရယက)ဥက္ကဋ္ဌ အောင်သန်းဆိုတာ မပါဘူး။ ရဲစုံစမ်း စစ်ဆေးချက် အစီရင်ခံစာအရကြည့်တာ။ တရားရုံးက ရဲကို စုံစမ်းခိုင်းတာ။ ရဲရဲ့ အစီရင်ခံစာပေါ် မူတည်ပြီး ဘယ်တရားခံကို ပယ်တယ်၊ ဘယ်တရားခံကို အတည်ပြုတယ်ပေါ့၊ ဒါကတော့ ဒီလိုပဲ ဖြစ်မှာပါ၊ အာဏာပိုင်အဖွဲ့အစည်းက လူတွေပါတာကိုး”ဟု (HRDP)အဖွဲ့ ဥပဒေအကျိုးဆောင် ရှေ့နေကြီး ဦးအောင်သိန်းက ဆိုသည်။  

စွပ်စွဲသည့် တရားလိုဘက်မှ တရားခံများကို ချန်လှန်၍ု တင်ပြထားသည်မှာ မှန်သော်လည်း သက်သေများကို စစ်ဆေးသည့်အခါ ကိုမြင့်လှိုင် စွပ်စွဲထားသူများကို ရဲအနေဖြင့် ခေါ်ယူ စစ်ဆေးခြင်းမရှိဘဲ အလွတ်သဘော စုံစမ်းစစ်ဆေးခြင်းသာရှိကြောင်း ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့် ဧပြီလ (၁၈) ရက်နေ့က လူ့အခွင့်အရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်  (HRDP) အဖွဲ့ဝင်များကို ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အုတ်ပုံကျေးရွားအနီးတွင် မြို့နယ်ကြံ့ဖွံ့ အတွင်းရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးများက လူစုလူဝေးဖြင့် အကြမ်းဖက် ရိုက်နှက်ခဲ့သဖြင့် (HRDP)အဖွဲ့ဝင် ကိုမြင့်လှိုင်နှင့် ကိုမောင်မောင်လေးတို့နှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ 

အကြမ်းဖက်ရိုက်နှက်မှုတွင် ကိုယ်ထိလက်ရောက်ပါဝင်သူ အာဏာပိုင်များက ကိုမြင့်လှိုင်နှင့်  အုတ်ပုံကျေးရွာသား (၅)ဦးကို ပုဒ်မ (၅၀၅) (ခ)၊ (ဂ) ဖြင့် တရားစွဲဆိုခဲ့ရာ ကိုမြင့်လှိုင်ကလည်း အာဏာပိုင်များအား ပြန်လှန်တရားစွဲဆိုခဲ့သည်။  

အုတ်ပုံကျေးရွာအနီး အကြမ်းဖက်မှုတွင် ဟင်္သာတမြို့နယ် ကြံ့ဖွံ့အတွင်းရေးမှူး ဦးညွန့်ဦးနှင့် တလုတ်ထော်ရဲစခန်းမှ ဒုရဲအုပ် ထွန်းထွန်းဝင်း၊ သန်းထိုက်နှင့် အုတ်ပုံကျေးရွာ (ရယက)ဥက္ကဋ္ဌ သန်းအောင်တို့ ဦးဆောင်ပါဝင်ခဲ့ပြီး အဆိုပါ တရားခံများကိုပယ်၍ တရားခံ (၁၂)ဦးအနက် (၆) ဦးကိုသာ တရားရုံးက လာမည့်အပတ်တွင် စစ်ဆေးမည်ဖြစ်သည်။ 

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org