Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ကလေးငယ်များ စစ်မှုထမ်းဆောင်ခြင်းကိုစစ်ဆေးရန် ကုလကိုယ်စားလှယ် မြန်မာသို့သွားမည်

ဉာဏ်မောင်။ ဇွန် ၂၃၊ ၂၀၀၇

ကလေးသူငယ်များအား အဓမ္မ စစ်မှုထမ်းဆောင်ခိုင်းခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂကိုယ်စားလှယ် မစ္စ ရက်ဒ်ဟိက ကူမာရာဆွာမီ (Ms. Radhika Coomaraswamy) သည် လာမည့် တနင်္လာနေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်သည်။

စစ်အစိုးရတပ်များအတွင်း အရွယ်မရောက်သေးသည့် ကလေး သူငယ်များအား အဓမ္မစစ်မှုထမ်းရန်ခိုင်းစေခြင်းများ ဖြစ်ပေါ်မှုကို ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က (၅)ရက်ကြာ ကွင်းဆင်း လေ့လာရန် သွားရောက်ခြင်းဖြစ်သည်။

ယခု ကုလသမဂ္ဂအဆိုပြုချက် ၁၆၁၂(၂၀၀၅)၏ ဆောင်ရွက်ချက် အရ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံအတွင်း ကလေးသူငယ်များ၏ အခြေအနေနှင့် ပတ်သက်သော အစီရင်ခံစာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ကလေးသူငယ်များနှင့် လက်နက်ပြဿနာလုပ်ငန်းကော်မတီထံသို့ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလတွင် အစီရင်ခံတင်ပြ အစစ်ဆေးခံရမည်ဖြစ်သည်။

ယခုသွားရောက်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရနှင့် ကလေးသူငယ်များအား ပို၍ ကာကွယ်စောင့်ရှောင့်နိုင်ရန်အတွက် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ နှင့် ပြဿနာများရင်ဆိုင်ကြုံတွေ့နေရသည့် ကလေးငယ်များကို တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

စစ်အစိုးရအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန် ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်သော အရွယ် မရောက်သေးသူများအား စစ်မူထမ်းဆောင်ခြင်းမှ ကာကွယ်ထိန်သိမ်းသည့် ကော်မတီတရပ်ကို ဖွဲ့စည်း၍ လုပ်ဆောင်ခဲ့သော်လည်း မြန်မာပြည်အနှံ့အပြားတွင် ကလေးငယ်များမှာ အရွယ် မရောက်သေးဘဲ အဓမ္မ စစ်မှုထမ်းဆောင်ရန်စေခိုင်းခြင်း ခံနေရဆဲဖြစ်သည်။

စစ်အစိုးရအနေဖြင့် ၄င်းတို့တပ်ဖွဲ့အတွင်း ကလေးငယ်များ စစ်မှုထမ်းဆောင်ခြင်းမရှိကြောင်း ငြင်းဆိုနေသော်လည်း တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ဒေသများအတွင်းမှ ကလေးစစ်သားများ နယ်စပ်ဒေသသို့ ထွက်ပြေးရောက်ရှိနေဆဲဖြစ်သည်။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များက စစ်အစိုးရ၏ တပ်ဖွဲ့များအတွင်း အနည်းဆုံး အရွယ် မရောက်သေးသူ ကလေးငယ်များ စစ်မှုထမ်းဆောင်နေသူများမှာ (၇၀,၀၀၀) ကျော်ခန့်ရှိသည် ဟု ယခင်က ပြောဆိုထားခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org