|
ပြည်သူအယောင်ဆောင် ကြံ့ဖွံ့နှင့်
စွမ်းအားရှင်အဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံရသူ လွတ်မြောက်
ရိုးမ ၃။
ဇွန်လ ၃၀၊ ၂၀၀၇

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး
ဝတ်ပြုဆုတောင်းခဲ့သည့်အတွက် (နအဖ)အာဏာပိုင်များ၏ (၃၁)ရက်ကြာ ဖမ်းဆီး
ထိန်းသိမ်းခြင်းခံခဲ့ရသူ ညောင်တုန်းမြို့နယ်မှ ကိုထွန်းထွန်းသည် မနေ့က
ပြန်လည်လွတ်မြောက် လာခဲ့သည်။
ရွာသာကြီးဆေးရုံအချုပ်ခန်းတွင် ထိန်းသိမ်းခံနေရ သည့် ကိုထွန်းထွန်းအား
ယမန်နေ့၊ နေ့လယ် (၁၁)နာရီခွဲကျော် ညောင်တုန်းမြို့နယ်
(SB)
အရာရှိတဦး က ခေါ်ထုတ်ကာ လွှတ်ပေးလိုက်သည်။
ကိုထွန်းထွန်းအား မေလ (၂၉)ရက်နေ့၊ နေ့လယ် ၂ နာရီခွဲခန့်တွင်
ရွှေတိဂုံဘုရားမြောက်ဘက်မုခ်မှ ပြည်သူအယောင်ဆောင်
ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းဝင် များနှင့် စွမ်းအာရှင်အဖွဲ့ဝင် (၁၁)ဦးက
ဖမ်းဆီး ခေါ်ဆောင်သွားပြီး ကျိုက္ကဆံစစ်ကြေားရေးစခန်းမှ တဆင့်
ရွာသာကြီးဆေးရုံသို့ ပို့ဆောင်ထိန်းသိမ်းခဲ့ ခြင်းဖြစ်သည်။
“ကျိုက္ကဆံစစ်ကြေားရေးမှာ ဘာမှစစ်ဆေးမေးမြန်းတာမလုပ်ဘူး။ ကျနော့်ကို
ဖမ်းလာတဲ့ သူတွေနဲ့
(SB)အရာရှိတွေ
တိုင်ပင်ပြီး ရွာသာကြီးဆေးရုံကို ပို့တယ်၊ ပို့တော့ ဒုဆေးရုံအုပ်က
လာပို့တဲ့လူကို ဘယ်သူလဲ ဘာတာဝန်ရှိသလဲ မေးတော့ ကျနော့်ကို ပို့တဲ့သူက
ဦးဝင်းနိုင်၊ ပြည်သူတဦးပါလို့ဖြေတယ်။ ကျနော့်က ပြည်သူတဦးမဟုတ်ဘူး၊
ဘုရားဝတ်ပြုသူတွေကို ရွှေတိဂုံဘုရားပေါ်မှာဖမ်းဖို့ ဘယ်ပြည်သူမှ
လာစောင့်မနေဘူး၊ ကြံ့ဖွံ့မဟုတ်ရင် သူက စွမ်းအား ရှင်အဖွဲ့ဝင်ပဲလို့
ပြန်ပြောပေမယ့် မေလ (၂၉)ရက်နေ့ ညနေပိုင်းမှာပဲ ရွာသာကြီးဆေးရုံ
အချုပ်ခန်းထဲ အပို့ခံရပါတယ်”ဟု ပြန်လည်လွတ်မြောက်လာသည့် ကိုထွန်းထွန်းက
ပြောသည်။
(နအဖ)စစ်အစိုးရလက်ထက် ပြည်သူများမှာ စီးပွားရေး၊ လူမှုရေး
ဖိနှပ်ခံနေရသည့် အခြေအနေ ကနေ အခုဆိုရင် ဘာသာရေးအရ
ဝတ်ပြုဆုတောင်းသူတွေကို ရန်သူသဖွယ် သတ်မှတ်ပြီး
ဖမ်းဆီးနှိပ်စက်ခံနေရသူတွေ အခုချိန်ထိ ရှိနေသေးတဲ့အတွက် ကမ္ဘာပေါ်တွင်
လူ့အခွင့်ရေး အဆုံးရှုံးဆုံးနိုင်ငံအဖြစ် ခံစားမိကြောင်း
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်္ဂါနေ့တိုင်း
ဝတ်ပြုဆုတောင်းခဲ့သူ ကိုထွန်းထွန်းက ဆက်ပြောသည်။
မေလ
(၂၄)ရက်နေ့က မြစ်ကြီးနားမြို့ အမှတ် (၁) နှင့် အမှတ် (၂) ဈေးကြား
လူစည်ကားရာ နေရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်
နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် တကိုယ်တော်ဆန္ဒပြခဲ့သည့်
နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းလွင်ကို
(SB)
အာဏာပိုင်
များက ဖမ်းဆီးခဲ့ပြီး ပုဒ်မ (၅)ညဖြင့် ရုံးထုတ်ရန် ဇွန်လ (၆) ရက်နေ့က
ရန်ကုန်ရှိ အောင်သပြေ စစ်ကြေားရေးသို့ ခေါ်ဆောင်လာကာ ထိုမှတဆင့်
ရွာသာကြီးဆေးရုံအချုပ်ခန်းသို့ ဇွန်လ (၉)ရက်နေ့၊ ညနေပိုင်းတွင်
ပို့ဆောင်ခဲ့ပြီး ယခုတိုင် ဆက်လက်ဖမ်းဆီးချုပ်နှောင်ခံနေရဆဲဖြစ်
ကြောင်း ကိုထွန်းထွန်းက ပြောသည်။
မေလအတွင်း
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ၀တ်ပြု
ဆုတောင်းခဲ့သူ (၅၃)ဦးကို အာဏာပိုင်များက ဖမ်းဆီးထားရာမှ ဇွန်လ
(၂၇)ရက်နေ့၊ ညနေပိုင်း တွင် (၅၁)ဦးကို ပြန်လည်လွှတ်ပေးလိုက်သည့်
သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မေလ (၁၅)ရက်နေ့က လှိုင်သာယာမြို့နယ်၊
တံတားဖြူမှတ်တိုင်အနီးတွင် ဖမ်းဆီးခံထားရသည့် ဝတ်ပြုဆုတောင်းသူ
(၁၂)ဦးအဖွဲ့မှ ကိုအောင်ဝင်းနိုင်၊ ရန်နိုင်ထွန်းနှင့် မင်းကျော်သူတို့
ပြန်လည် လွတ်မြောက်လာခြင်းမရှိသေးကြောင်း ရန်ကုန်မြို့ခံတဦးက
ပြောသည်။ |