Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

(HRDP) က အာဏာပိုင်ကို စွဲထားသည့်အမှု တရားရုံးက ထပ်မံရက်ချိန်းပေး

ဗထူး။ ဇွန် ၂၊ ၂၀၀၇

လူစုလူဝေးဖြင့် အကြမ်းဖက် ရိုက်နှက်ခဲ့သည့် အာဏာပိုင်များကို လူ့အခွင့်အရေး ကာကွယ်မြှင့် တင်သူများ(HRDP) အဖွဲ့ဝင်တို့က ပြန်လည်တရားစွဲဆိုထားသည့် အမှုကို ဟင်္သာတမြို့နယ် တရားရုံးက ထပ်မံ ရက်ချိန်းရွှေ့ပြောင်းလိုက်သည်။  

အာဏာပိုင်များ၏ အကြမ်းဖက် ရိုက်နှက်မှုကြောင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည့် (HRDP)အဖွဲ့ဝင် ကိုမြင့်လှိုင်က ရိုက်နှက်မှုတွင်ပါဝင်သော အာဏာပိုင်များအား ပြီးခဲ့သည့် မေလ (၂) ရက်နေ့က  ပြန်လည်တရားစွဲဆိုခဲ့သည့်အမှုကို ဟင်္သာတမြို့နယ်တရားရုံးက ရက်ချိန်းပေးလိုက် ခြင်းဖြစ်သည်။

ဟင်္သာတမြို့နယ်တရားရုံးက အဆိုပါအမှုနှင့်ပတ်သက်၍ ပြည့်စုံလုံလောက်သော ရဲ စုံစမ်း စစ်ဆေးချက်များ ရယူရန် အမိန့်ချမှတ်ခဲ့ပြီးနောက် မေလ (၃၁) ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ သော်လည်း ထိုနေ့က တရားရုံးက အမှုနှင့်ပတ်သက်၍ စစ်ဆေးခြင်းမရှိဘဲ ယခုလ (၈) ရက်နေ့ ကို ပြန်လည်ချိန်းဆိုခဲ့သည်။  

“တရားရုံးက ရဲကို အဲဒီအမှု စစ်ဆေးခိုင်းတာပေါ့ဗျာ။ စစ်ဆေးခိုင်းတော့ ရဲကလည်း သူ့ဟာသူ စစ်ဆေးနိုင်သလောက် စစ်ဆေးပြီး ပြန်တင်ပြတယ်၊ တရားရုံးက မလုံလောက်ဘူးထင်တယ်၊ ထပ်စစ်အုံးပေါ့ဗျာ။ ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတော့ အဲဒီအစီရင်ခံစာ တက်လာတယ်လို့ ကြားတာပေါ့လေ။ အဲဒါ ကိုမြင့်လှိုင်တို့ကို (၈) ရက်နေ့မှ ဒီဟာနဲ့ပတ်သက်ပြီးတော့ ရဲအစီရင်ခံစာ တက်လာမယ်။ ဘယ်ပုဒ်မနဲ့ ဘယ်သူတွေကို စွဲရမလဲ။ သို့မဟုတ် အကုန်လုံးလွှတ်ပစ်ရမယ့် အနေအထားမျိုးလားဆိုတာ တရားရုံးက လေ့လာရအုံးမယ်” ဟု (HRDP)အဖွဲ့၏ ဥပဒေအကျိုး ဆောင် ရှေ့နေဦးအောင်သိန်းက ဆိုသည်။ 

အဆိုပါအမှုနှင့်ပတ်သက်၍ တရားရုံးတွင် ဦးတိုက်လျှောက်ထားစဉ်က စစ်ဆေးလိုသည့် သက်သေများကို တပါတည်း တင်ပြပေးရသည့်အတွက် တရားရုံးမှ အမှုကို လက်ခံရန်သာ အရေးကြီးပြီး အကယ်၍ တရားရုံးက လက်ခံခဲ့ပါက တင်ပြထားသည့်သက်သေများကို ထည့်သွင်းမေးမြန်းသွားနိုင်မည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။ 

ပြီးခဲ့သည် နှစ်ရက်ခန့်က ဟင်္သာတမြို့နယ်၊ အမှတ် (၂) ရဲစခန်းမှ အုတ်ပုံကျေးရွာရှိ တရားလို သက်သေများကို သွားရောက်စစ်ဆေးခဲ့သော်လည်း အမှုနှင့်ပတ်သက်သည့် အဓိက သက်သေ များမဟုတ်ဘဲ ၄င်းတို့စိတ်ကြိုက် ရွေးချယ်ထားကာ စစ်ဆေးခဲ့သည်ဟု အမည်မဖော် လိုသူ အုတ်ပုံရွာသားတဦးက ဆိုသည်။  

စစ်အစိုးရအာဏာပိုင်များက ပြီးခဲ့သည့် ဧပြီလ (၁၈) ရက်နေ့တွင် ဧရာဝတီတိုင်း၊ ဟင်္သာတ မြို့နယ်၊ အုတ်ပုံကျေးရွာအနီးတွင် လူ့အခွင့်အရေးလုပ်ငန်းဆောင်ရွက်နေသူ (HRDP)အဖွဲ့ဝင် များအား လူစုလူဝေးဖြင့် အကြမ်းဖက် ရိုက်နှက်ခဲ့ပြီးနောက် ၄င်းတို့ကပင် ရိုက်နှက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် (HRDP)အဖွဲ့ဝင် ကိုမြင့်လှိုင်နှင့် အုတ်ပုံကျေးရွာသား (၅)ဦးကို တရားစွဲဆိုခဲ့သည်။ 

(HRDP) အဖွဲ့ကလည်း အကြမ်းဖက်ရိုက်နှက်သူ အာဏာပိုင်များအား တလုတ်ထော်ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ပြီး အဆိုပါအမှုနှင့်ပတ်သက်၍ လက်ခံ မခံကို တရားရုံးက ယခုတိုင် ဆုံးဖြတ်ချက်မချသေးပေ။  

ကိုမြင့်လှိုင်စွဲဆိုထားသည့် အမှုနှင့်ပတ်သက်၍့ တရားလိုသက်သေအချို့မှာ အာဏာပိုင်များ၏ နောက်ကွယ်မှ ဖိအားပေးခြိမ်းခြောက်ခြင်း ခံနေရသည်ဟု အုတ်ပုံရွာသားတဦးက ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org