Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

တရုတ်-အာစီယံအသင်းဥက္ကဋ္ဌ မြန်မာနိုင်ငံရောက်ရှိ

ဉာဏ်မောင်။ ဇွန် ၁၁၊ ၂၀၀၇

တရုတ်-အာစီယံအသင်းဥက္ကဋ္ဌ ပါဝင်သည့် တရုတ်ပြည်ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်။ 

စစ်အစိုးရ အဆင့်မြင့်အရာရှိများနှင့် နှစ်နိုင်ငံအကျိုးတူလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် အတွက် အဆိုပါအသင်းဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံအတွင်း (၅)ရက်ကြာ နေထိုင် ရန် ရောက်ရှိနေခြင်းဖြစ်သည်။ 

မစ္စ ဂူဇောင်လျှန်(Gu Xioulian) ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တွင် တရုတ်နိုင်ငံ အစိုးရ အရာရှိကြီးများ၊ ပြည်နယ်အဆင့် ပြည်သူ့ကိုယ်စားလှယ်များနှင့် စီးပွားရေးလုပ်ငန်းရှင် (၃၀) ကျော် လိုက်ပါလာကြသည်ဟု ဆိုသည်။ 

တရုတ်ပြည် အမြဲတမ်းကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ မစ္စ ဂူဇောင်လျှန် လာရောက်ခြင်းသည် (၅) ရက်ကြာ တရုတ်ပြည်သို့သွားရောက်ခဲ့သည့် စစ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး(၁) ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန် မြန်မာနိုင်ငံသို့ ပြန်ရောက်လာပြီးနောက် ဖြစ်သည်။ 

ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်၏ တရုတ်ပြည်ခရီးစဉ်အတွင်း နှစ်နိုင်ငံကြား တည်ရှိနေသော ချစ်ကြည်ရေးလုပ်ငန်းများအပြင် အမျိုးသားညီလာခံကိစ္စ၊ နှစ်နိုင်ငံ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အစီအစဉ်၊ မီးရထားလမ်းဖောက်လုပ်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ 

ထို့အပြင် ရေအားလျှပ်စစ်ထုတ်လုပ်မှု၊ ရေနံနှင့် သဘာဝဓါတ်ငွေ့ထုတ်လုပ်မှုများတွင် တရုတ် စီးပွားရေးလုပ်ငန်းရှင်များအား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ နိုင်ငံတွင်း လာရောက်ပြုလုပ်ရန် ဖိတ်ကြားခဲ့သည်ဟု ဆိုသည်။ 

တရုတ်နှင့်မြန်မာအကြား ယခင်ကထက် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများကို စစ်အစိုးရ က ဆောင်ရွက်လျှက်ရှိရာ ယခုလာရောက်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး(၁) ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်၊ ကြံ့ဖွံ့အတွင်းရေးမှူး - လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဝန်ကြီး ဗိုလ်ချုပ် ဌေးဦးတို့နှင့် တွေ့ဆုံမည်ဟုဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org