Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဒေါ်အောင်ဆန်းစုကြည်အတွက် ထိုင်း-မြန်မာနယ်စပ်တွင် အလုပ်သမားများသွေးလှူဒါန်း

ဗထူး။ ဇွန် ၁၈၊ ၂၀၀၇

(၆၂)နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် သွေးလှူဒါန်းသည့် အစီအစဉ်တရပ်ကို
ထိုင်း-မြန်မာနယ်စပ်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကော်မတီက ဦးစီးကာ အဆိုပါ သွေးလှူဒါန်းသည့်အစီအစဉ်ကို ကျင်းပခဲ့ခြင်းဖြစ်သည်။

မဲဆောက်မြို့ပေါ်ရှိ ဆေးရုံကြီးနှင့် မယ်တော်ဆေးခန်းတို့တွင် စက်ရုံအသီးသီးမှ အလုပ်သမား (၃၀၀) တက်ရောက်၍ သွေးလှူခဲ့သည်။

အဓိကရည်ရွယ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့  နိုင်ငံရေးအကျဉ်းသားတွေ လွတ် မြောက်ရေးအတွက်ပါ၊ မူလက မဲဆောက်ဆေးရုံကြီးမှာ (၅၀၀) လောက်လှူဖို့ပါ။ သွားရေး လာရေးနဲ့ လုံခြုံရေးကြောင့် မယ်တော်ဆေးခန်းမှာ (၁၅၀) နဲ့ မဲဆောက်ဆေးရုံကြီးမှာ (၁၅၀) လှူပါတယဟု တာဝန်ခံကိုဝင်းကိုက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကော်မတီကို မေလ (၃၀) ရက်နေ့က ထိုင်း-မြန်မာနယ်စပ်အခြေစိုက် နိုင်ငံရေးအဖွဲ့အစည်းများ၊ အလုပ်သမားနှင့် အမျိုးသမီးလှုပ်ရှားမှုအဖွဲ့အစည်းများ စုပေါင်းကာ ဖွဲ့စည်းခဲ့သည်။

အဆိုပါကော်မတီက စာသင်ကျောင်းများရှိ ကလေးငယ်များအား အဟာရကျွေးမွေးခြင်း၊ စက်ရုံ အလုပ်သမားများထံ သွားရောက်၍ စကားဝိုင်းများပြုလုပ်ခြင်းနှင့် ယခုကဲ့သို့ သွေးလှူဒါန်းခြင်း များကို ပြုလုပ်ခဲ့ရာ မနက်ဖြန်တွင်ကျရောက်မည့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အထိ လှုပ်ရှား ဆောင်ရွက်သွားမည်ဖြစ်သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့ ကိုယ့်ခန္ဓာကိုယ်က သွေးနဲ့ လာပြီး ဂုဏ်ပြုလှူဒါန်းတာပါ။ ကိုယ့်သွေးကို ကျန်းမာရေးအတွက်လိုအပ်တဲ့ သူတွေမှာ သွင်းဖို့ဆိုတော့ ကျမလည်း ကုသိုလ်ရတယ်၊ ၀မ်းလည်းသာတယ်”ဟု အထည်ချုပ်စက်ရုံမှ အလုပ်သမတဦးက ဆိုသည်။

စစ်အစိုးရက ကုလသမဂ္ဂနှင့် နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း သူမနေအိမ်အကျယ်ချုပ်သက်တမ်းကို တနှစ်ထပ်မံ တိုးမြှင့်ခဲ့သည်။

မနက်ဖြန်တွင်ကျရောက်မည့် သူမ၏ (၆၂)နှစ်ပြည့်မွေးနေ့ကို နိုင်ငံတကာတွင်လည်း သူမနှင့် သူမ၏ပါတီကို ထောက်ခံအားပေးသူများက စည်ကားစွာ ကျင်းပမည်ဖြစ်သလို ပြည်တွင်း (NLD) ပါတီကလည်း ကျင်းပမည်ဟု သတင်းများကဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org