Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စည်ပင်ကိုငွေမပေးနိုင်သည့် ရပ်ကွက်များ ရေလွှမ်းမိုးသည့်ဒဏ်ခံရ

ရိုးမ ၃။ ဇွန် ၂၊ ၂၀၀၇

ရန်ကုန်မြို့ပေါ်တွင် မိုးရွာသွန်းမှုကြောင့် ရေနှုတ်မြောင်းများပိတ်ဆို့၍ စည်ပင်သာယာရေးအား ငွေမပေးနိုင်သည့်ရပ်ကွက်များမှာ ရေလွှမ်းမိုးသည့်ဒဏ်ကို ခံစားနေရသည်။ 

ပြုပြင်ထိန်းသိမ်းခြင်းမရှိသော မြို့တော်ရေနှုတ်မြောင်းများကြောင့်  မိုးရွာသည်နှင့်တပြိုင်နက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးအား ငွေမပေးနိုင်သည့် ရပ်ကွက်နေပြည်သူအများစု ရေလွှမ်းမိုးသည့်ဒဏ် ခံစားနေရခြင်းဖြစ်သည်။ 

ရေနှုတ်မြောင်းများကို တူးဖော်လိုသည့် ရပ်ကွက်များအနေဖြင့် မြို့တော်စည်ပင်သာယာရေး ဝန်ထမ်းများအား မြောင်းတူးဖော်ခများ အိမ်ထောင်စုအလိုက် ပေးဆောင်ကြရပြီး ၁၅ မိနစ်ခန့် မိုးရွာလိုက်သည်နှင့်တပြိုင်နက် ရန်ကုန်မြို့ပေါ်ရပ်ကွက် အတော်များများမှာ ရေလွှမ်းခြင်း၊ လမ်း ပိတ်ဆို့ခြင်းများ ဖြစ်ပေါ်နေသည်ဟု ဆိုသည်။ 

“မြို့ထဲတွေမှာတော့ ဘယ်လိုလုပ်လည်းဆိုရင် သူတို့ကိုယ်တိုင်ရှင်းရမဲ့အစား အိမ်ရှင်တွေဆီက ပိုက်ဆံယူပြီး လာရှင်းတာတော့ရှိတယ်။ နေရာတိုင်းမှာကတော့ လူတွေက ငွေမပေးနိုင်ဘူးလေ၊ စည်ပင်ခွန်လည်းပေးရတယ်၊ မြောင်းရှင်းဖို့လည်း သတ်သတ်ငွေထပ်ပေးရတယ်၊ လူတွေက လည်းမပေးနိုင်ဘူး၊ မပေးတော့ စည်ပင်ကလည်းမလုပ်ဘူး၊ မိုးလည်းများရော ရန်ကုန်က ရေကြီးကော” ဟု ရန်ကုန်မြို့ခံတဦးက ဆိုသည်။  

ရေနှုတ်မြောင်းတူးဖော်လိုပါက တအိမ်လျှင် ၁,၅၀၀ ကျပ် စည်ပင်ဝန်ထမ်းများအား ပေးရပြီး စည်ပင်အခွန်အဖြစ် သုံးလနှင့် ခြောက်လတကြိမ် ပုံမှန်ပေးနေရသော်လည်း ရေလျှံသည့်အခါ မြောင်းရှင်းလိုပါက ငွေပေးမှသာရကြောင်း၊  ရန်ကုန်မြို့တော်စည်ပင်က ငွေမပေးလျှင် ဘာမှ မလုပ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။  

ပြီးခဲ့သည့်ရက်ပိုင်းက မိုးတကြိမ်နှစ်ကြိမ်ရွာသဖြင့် ဗိုလ်တထောင်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ အလုံမြို့နယ်အပါအ၀င် မြို့လယ်ခေါင် လူစည်ကားရာ ပန်းဆိုးတန်းလမ်းနှင့် ယုဇနပလာဇာ အဆောက်အဦးရှေ့တို့တွင်ရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး လမ်းများပိတ်ဆို့ကာ ယာဉ်သွားလာမှုများ ကြောင့် ခရီးသွားပြည်သူများမှာ အသက်အန္တရာယ်စိုးရိမ်နေကြရသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org