Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အိန္ဒိယအမတ်များက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သ၀ဏ်လွှာပေးပို့

ဉာဏ်မောင်။ ဇွန် ၁၃၊ ၂၀၀၇

လာမည့် (၁၉) ရက်နေ့တွင် (၆၂)နှစ်ပြည့်မြောက်မည်ဖြစ်သည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အတွက် အိန္ဒိယအမတ်များက မွေးနေ့သ၀ဏ်လွှာဖြင့် နှုတ်ခွန်းဆက်သလိုက်သည်။

အထက်အောက်လွှတ်တော်နှစ်ရပ်လုံးမှ အမတ်များကို ဦးဆောင်သူ ဂန္ဒီနှင့် ရာဂျာဆာ့(ဘ်)ဟာ အဖွဲ့ဝင် ၀ါရင့်နိုင်ငံရေးသမား နာမလာဒက်ရှ်ပင်ဒီ ပါဝင်သော အမတ်များက အဆိုပါ သဝဏ်လွှာကို ပေးပို့ခြင်းဖြစ်သည်။

“ကျနော်တို့ဟာ ခင်ဗျားရဲ့သတ္တိနဲ့ ကိုယ်ကျင့်တရားကို အလေးပြုဦးညွှတ်ပါတယ်။ အဲ့သည်နေ့မှာ တကမ္ဘာလုံးဟာ ခင်ဗျားနဲ့အတူရှိနေပါတယ်”ဟု အမတ်များကိုဦးဆောင်သူတို့က ဆိုသည်။

ယခုလတွင်ကျရောက်မည့် သူမ၏မွေးနေ့အား ကမ္ဘာ့နိုင်ငံအသီးသီးတွင် သူမနှင့် သူမ၏ပါတီကို ထောက်ခံသူနှင့် ဒီမိုကရက်တစ်အစိုးရများက ခမ်းနားစွာ ကျင်းပရန် စီစဉ်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်မှာ စစ်အစိုးရက သူမ၏နေအိမ်အိမ်အကျယ်ချုပ်သက်တမ်းကို ပြီးခဲ့ သည့်လအတွင်းက တနှစ်ထပ်မံတိုးမြှင့်ချုပ်နှောင်ထားခဲ့သည်။

အိန္ဒိယလွှတ်တော်အမတ်များ ပေးပို့သည့် သ၀ဏ်လွှာတွင် သူမ၏ စိတ်ဓါတ်အတွေးအခေါ်ကို ချီးကျူးဂုဏ်ပြုထားရာတွင် “သူတို့ဟာ မင်း(ခန္ဓာကိုယ်)ကို အကျဉ်းချထားနိုင်ကြပေမဲ့ မြန်မာ ပြည်သူတို့ရဲ့ အသဲထဲကချစ်သော မင်းနှလုံးသားကတော့ အမြဲတမ်း ရှင်သန်လွတ်လပ်နေပါ တယ်”ဟု ဖော်ပြထားသည်။

ဆက်လက်၍ အဆိုပါသ၀ဏ်လွှာက ၁၉၉၀ ရွေးကောက်ပွဲတွင် အမတ်နေရာ ၈၀ ကျော် အနိုင်ရ ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီခေါင်းဆောင်အား ရည်ညွှန်းကာ “ခင်ဗျားဟာ မြန်မာနိုင်ငံရဲ့ အမှန်တကယ်ဝန်ကြီးချုပ် ဖြစ်ပါတယ်”ဟု ဆိုသည်။

ကမ္ဘာ့တ၀ှမ်းမှ သူမအား လွှတ်ပေးရန်တောင်းဆိုမှုကို မျက်ကွယ်ပြုကာ စစ်အစိုးရက ဆက်လက် ချုပ်နှောင်ထားခြင်းကို ၀မ်းနည်းကြောင်းဖော်ပြပြီး စစ်အာဏာရှင်စနစ်သည် ပေါ်လိုက် ပျောက်လိုက် ဖြစ်နေမည်ဟုဆိုကာ “ဒါပေမဲ့  မင်းဘ၀ရဲ့ စံနမူနာတွေဟာ ဒီခေတ်ကမ္ဘာကြီး ထဲမှာ ကမ္မည်းတင်ကျန်ရစ်နေပါလိမ့်မယ်”ဟု (၆၂)နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ သို့ အိန္ဒိယပါလီမန်အမတ်များ ပေးပို့သည့် သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ကမ္ဘာ့ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက ပြီးခဲ့သည့်လက အကျယ်ချုပ်သက်တမ်းပြည့်ချိန် တွင် သူမနှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် မြန်မာစစ်အစိုးအား ဖိအားပေး တောင်းဆိုနေချိန်တွင် တရုတ်အပါအ၀င်  မြန်မာနိုင်ငံနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်နေ သည့် အိန္ဒိယအစိုးရက အဆိုပါကိစ္စအပေါ် နှုတ်ဆိတ်နေခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org