Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စစ်အစိုးရအာဘော်များဟောပြောရန် အေးလွင်တို့အဖွဲ့ ဧရာဝတီတိုင်းသို့ရောက်

ဗထူး။ ဇွန် ၂၄၊ ၂၀၀၇

(၈၈) မျိုးဆက်ကျောင်းသားများ(ပြည်ထောင်စုမြန်မာနိုင်ငံ) (ခေါ်) ကိုအေးလွင်နှင့်အဖွဲ့သည် စစ်အစိုးရအာဘော်များကို လူထုအတွင်း တရားဟောရန် ဧရာဝတီတိုင်းအတွင်းသို့ ရောက်ရှိနေ သည်။

နိုင်ငံအနှံ့ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှု ဆန့်ကျင်ရေးနှင့် အမျိုးသားညီလာခံကို ကြိုဆို ထောက်ခံရေးတရားများ လိုက်လံဟောပြောနေရာမှ ယနေ့ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်သို့ ရောက်ရှိနေခြင်းဖြစ်သည်။

အမေရိကန်နှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ အပေါ်အခြေခံကာ နှစ်အလိုက် စီးပွားရေးပိတ်ဆို့မှုများကို ပြုလုပ်ခဲ့ရာ ၎င်းဦးဆောင်သည့်အဖွဲ့ က ကန့်ကွက်ကြောင်း သံရုံးရှေ့များတွင် ဆန့်ကျင်ဆန္ဒပြခဲ့ပြီးနောက် နိုင်ငံအနှံ့လှည့်လည်၍ ဟောပြောနေခြင်းဖြစ်သည်။

“စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေးတွေ ဟောမယ်ပြောတယ်။ ကျောင်းဆရာ၊ ဆရာမတွေနဲ့ မြို့ခံ ကြံ့ဖွံ့တွေကို ဖိတ်ထားတယ်။ (၂၆) ရက်နေ့မှာ ဘိုကလေးမြို့မှာလုပ်မယ်ကြားတယ်” ဟု မြို့ခံ တဦးက ဆိုသည်။

အဆိုပါ ကိုအေးလွင်တို့အဖွဲ့အား နောက်မှပံ့ပိုးမှုများရှိပြီး အာဏာပိုင်များနှင့်ပေါင်းလုပ်သဖြင့် အပြင်ပန်းအရ အောင်မြင်သည်ဟုထင်ရသော်လည်း လက်တွေ့တွင် လူထုထောက်ခံမှုမရ ကြောင်း အဆိုပါဒေသခံက ဆိုသည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုတွင် ကျေုာင်းသားထုကို ဦးဆောင်ခဲ့သည့် ကိုမင်းကိုနိုင်ပါဝင်သည့် (၈၈) မျိုးဆက်ကျောင်သားများအား တန်ပြန်ရန် ကိုအေးလွင်ဦးဆောင်သည့် (၈၈) မျိုးဆက် ကျောင်းသားများ(ပြည်ထောင်စုမြန်မာနိုင်ငံ) အပါအ၀င် ၀ံသာနုအင်န်အယ်ဒီဆိုသည့် အဖွဲ့များ ကို စစ်အစိုးရက ဖွဲ့စည်းခွင့်ပြုခဲ့ပြီး ၄င်းတို့အာဘော်များကို ပြည်သူအတွင်း လှည့်လည် ဟောပြောစည်းရုံးခွင့်ပြုခဲ့သည်။

အဆိုပါအဖွဲ့များက ရန်ကုန်မြို့ပေါ်ရှိ အနောက်နိုင်ငံသံရုံးများတွင် ဆန္ဒပြခြင်း၊ သတင်းစာ ရှင်းလင်းပွဲများပြုလုပ်ခြင်း စသည့် လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်ခွင့်များကို စစ်အစိုးရက ခွင့်ပြုထားသော်လည်း အခြား နိုင်ငံရေးပါတီများနှင့် အခွင့်အရေးဖော်ထုတ်သူများ၏ လှုပ်ရှားမှု များကို ပိတ်ပင်ထားသည်။

ကိုအေးလွင်တို့အဖွဲ့က စစ်အစိုးရအာဘော်များကို လှည့်လည်ဟောပြောရာတွင် မြင်းခြံ၊ မိထ္ထီလာ၊ ရွှေဘိုနယ်ဘက်တွင် အာဏာပိုင်များက နေအိမ်များအား မလာမနေရ အမိန့်ဖြင့် ဆင့်ခေါ်ခဲ့သော်လည်း မြို့နယ်မယက ၊ ရယက၊ ကြံ့ဖွံ့အဖွဲ့ဝင်များသာ တက်ရောက်ခဲ့သည်။

ပြီးခဲ့သည့်လကုန်ပိုင်းက အဆိုပါအဖွဲ့ သွားရောက်ခဲ့သည့် ချောက်မြို့တွင် စီးပွားရေးပိတ်ဆို့မှု အပါအ၀င် စစ်အစိုးရအာဘော်များကို ရှင်းလင်းပြီး ပြည်သူမှ ပြန်လည်မေးခွန်းထုတ်ခြင်းကို မဖြေကြားနိုင်ဘဲ အရှက်ကွဲကာ မြို့မှထွက်ခွာသွားခဲ့ရသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org