|
ရောင်ခြည်ဦး အလုပ်သမားအဖွဲ့
(၈)နှစ်မြောက်နှင့် (၃၃)နှစ်မြောက် အလုပ်သမားလှုပ်ရှားမှုနေ့ ကျင်းပ
ရိုးမ ၃။
ဇွန် ၆၊ ၂၀၀၇

ထိုင်း-မြန်မာနယ်စပ်တလျှောက် အလုပ်သမားအရေး ဆောင်ရွက်နေသည့်
ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ တည်ထောင်ခြင်း (၈)နှစ်မြောက်နှင့်
(၃၃)နှစ်မြောက် မြန်မာနိုင်ငံအလုပ်သမားလှုပ်ရှားမှုနေ့ အခမ်းအနားကို ယနေ့
နေ့လည်က ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ကျင်းပခဲ့သည်။
ထိုင်-းမြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းအလုပ်သမားများ ၏ အခွင့်အရေးအတွက်
၁၉၉၉ ခုနှစ်က တည်ထောင် ခဲ့သော ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က ယနေ့
အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်သည်။
နေ့လည်
(၂)နာရီတွင် စတင်ကျင်းပသော အဆိုပါ အခမ်းအနားသို့ ထိုင်း-မြန်မာနယ်စပ်
မဲဆောက် ဒေသရှိ စက်ရုံအသီးသီးမှ အလုပ်သမားကိုယ်စား လှယ်များ၊
အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း (၅၀)ကျော်
တက်ရောက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် (၇)နှစ်အတွင်း လုပ်ဆောင်ခဲ့သည့် ရောင်ခြည်ဦး
အလုပ်သမားအဖွဲ့၏ ဆောက်ရွက်ချက်များကို အဖွဲ့ခေါင်းဆောင် ကိုမိုးဆွေက
ရှင်းလင်းပြောကြားခဲ့ပြီး လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဦးငွေလင်းက
၁၉၇၄ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် အလုပ်သမား လှုပ်ရှား မှုတွင်
ပါဝင်ခဲ့သူတဦးအဖြစ် သူ၏အတွေ့အကြုံကို တက်ရောက်လာသူ အလုပ်သမားများအား
ပြန်လည်ရှင်းပြခဲ့သည်။
ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က (၇)နှစ်တာကာလအတွင်း
အလုပ်သမားများနစ်နာမှုများ အတွက် ကူညီဆောင်ရွက်ခဲ့ရာတွင်
အောင်မြင်ခဲ့သည့် အမှုပေါင်း (၁၀၇)မှုရှိပြီး အလုပ်သမား များ၏
နစ်နာကြေးအဖြစ် လျှော်ကြေးငွေ ဘတ် (၆,၆၃၈,၈၇၁) ရရှိအောင်
ဆောင်ရွက်နိုင်ခြင်း ကိုလည်း ယနေ့ထုတ်ပြန်ခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်ဒေသရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏
လုပ်ငန်းခွင်အခြေအနေ တိုးတက်ရန်နှင့် လူနေမှုဘ၀ တိုးတက်ရေးတို့အတွက်
ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ကို ထိုင်း-မြန်မာနယ်စပ်တွင် ၁၉၉၉ ခုနှစ်၊
ဇွန်လ (၆) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက် နိုင်ငံတွင်းမှ
အခြေအနေအမျိုးမျိုးကြောင့် ထွက်ခွာကာ လာရောက်အလုပ်လုပ်ကိုင်နေသူ
ရွှေ့ပြောင်းအလုပ်သမားဦးရေမှာ တသန်းခွဲခန့်ရှိသည်ဟု ဆိုသည်။
|