Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ ပိတ်ပင်ခံရ

ဗထုး။ ဇွန် ၁၉၊ ၂၀၀၇

(၆၂) နှစ်ပြည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲကို ကျင်းပရန် စီစဉ်ထားခြင်းကို အာဏာပိုင်များက ပိတ်ပင်ခဲ့သည်။ 

ဈေးသူဈေးသားများနှင့် ပြည်သူများပါဝင်သည့် အဆိုပါ မွေးနေ့ပွဲကျင်းပရန် စီစဉ်ထားခြင်းကို ဘိုကလေးမြို့နယ်အာဏာပိုင်များက ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။ 

“ဦးအောင်ခင်ဘိုကိုခေါ်ပြီး (မယက)က ဦးစိုးသိန်းနဲ့ ရပ်မိရပ်ဖတွေက တားတာ။ (၁၅) ရက်နေ့ ကပေါ့၊ အဲ့တော့ (၁၉) ရက်နေ့လုပ်မရရင် (၁၆) ရက်နေ့လုပ်မယ်ဆိုပြီးလုပ်ကြတာ။ ခုတော့ ပြီးသွားပြီ”ဟု အမည်မဖော်လိုသူ (NLD)ပါတီဝင်တဦးက ဆိုသည်။ 

ပြီးခဲ့သည့် (၁၆) ရက်နေ့က ဘိုကလေးမြို့၊ စက်ကုန်းရပ်ရှိ ဘုန်းကြီးကျောင်းတွင် ဆွမ်းကပ် လှူဒါန်းကာ အောင်စင်္ကြာဘုရားတွင်း ၀တ်ပြုဆောင်းတောင်းရန် သွားရောက်ခဲ့စဉ် ဂေါပက အဖွဲ့မှ ဘုရားဝင်းတခါးကို ပိတ်ထားသဖြင့် အပြင်မှ ၀တ်ပြုဆုတောင်းခဲ့ရသည်ဟု ဆိုသည်။ 

“ဂေါပကတွေကတော့ နားလည်ပါတယ်။ သူတို့လည်း အာဏာပိုင်က ဖိအားပေးထားတော့ လုပ်သာလုပ်ရတဲ့သဘော ပြောကြတာပေါ့”ဟု ဘိုကလေးဈေးမှ အမျိုးသမီးတဦးက ဆိုသည်။ 

ယနေ့နံနက်က အမျိုးသမီးတဦး ဦးဆောင်ကာ ဘိုကလေးဈေးအတွင်း ကလေးငယ်များအား အဟာရကျွေးမွေးသည့် အစီအစဉ်တခုကို ပြုလုပ်သွားခဲ့ရာ ဈေးသူဈေးသားများနှင့် ပြည်သူ အများ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အား မြန်မာပြည်အနှံ့ (NLD)ပါတီဝင်များက ပြုလုပ်ခဲ့ရာ ပဲခူးတိုင်း၊ သာယာဝတီ၊ မြင်းခြံ၊ မိထ္ထီလာနှင့် ရှမ်းပြည်အရှေ့ တောင်ကြီးမြို့တို့တွင်လည်း ကျင်းပခဲ့သည်။ 

ထိုင်း-မြန်မာနယ်စပ်ရှိ အမျိုးသမီးအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများကလည်း ပူးပေါင်းကာ ယနေ့နံနက် (၉) နာရီတွင်  အဆိုပါမွေးနေ့အား ကျင်းပခဲ့ရာ စက်ရုံအသီးသီးနှင့် အဖွဲ့အစည်းများမှ အင်အား (၂၀၀)ကျော် တက်ရောက်ခဲ့သည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တွင်လည်း အမျိုးသမီးရေးရာအဖွဲ့မှ မွေးနေ့ပွဲအခမ်းအနား ကို နံနက် (၁၀) နာရီက ကျင်းပခဲ့ပြီး ခိုငှက်လွှတ်ခြင်းနှင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားမိသားစုဝင် ကလေးများအတွက် ပညာရေးထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org