Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

သံလက်သီးနှင့်အကြမ်းဖက်အထိုးခံရသူ ဆေးရုံတွင် ဆေးကုသခံနေရဆဲ

ရိုးမ ၃။ ဇူလိုင် ၉၊ ၂၀၀၇

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းပွဲမှအပြန်တွင် အမည်မသိ သူတဦး၏ သံလက်သီးဖြင့် ထိုးနှက်မှု ကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သူ (NLD)ပါတီအမတ်တဦး ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်။ 

စစ်အစိုးရဖွဲ့စည်းထားသည့် အကြမ်းဖက် အဖွဲ့ဝင်တဦး၏ သံလက်သီးဖြင့် ထိုးနှက်မှု ကြောင့် မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့ တွင် ပြင်းထန်းစွာ ဒဏ်ရာရရှိခဲ့သူ မန္တလေး တိုင်း၊ မတ္တရာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလွင်သည် ပြီးခဲ့ သည့် ဇွန်လ (၁၅) ရက်နေ့က ဆေးကုသမှု ခံယူနေခဲ့ရခြင်းဖြစ်သည်။ 

သပြေပန်း၊ ဖယောင်းတိုင်၊ အမွေးတိုင်နှင့် ဆီမီးထွန်းရန် သဲအိုးလေးများသာ ပါသော ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၀တ်ပြု ဆုတောင်းရာမှ ပြန်လာသည့် (NLD)ပါတီအဖွဲ့ဝင် (၃၀) ကျော်အတွင်းမှ အသက် (၇၀) ရှိသူ ဦးသန်းလွင်အား အမည်မသိသူတဦးက သံလက်သီးဖြင့် အဆိုပါနေ့က ဆုတောင်းပြည့်စေတီမှ ပြန်လာစဉ် ထိုးနှက်ခဲ့ခြင်းဖြစ်သည်။ 

ဦးသန်းလွင်သည် အဆိုပါထိုးနှက်မှုကြောင့် နှာခေါင်းရိုးအက်ကွဲသွားပြီး မျက်လုံးနှင့် ပါးစပ် တဝိုက်တွင် ရရှိသော ဒဏ်ရာမှာ ပြင်းထန်သဖြင့် မတ္တရာမြို့နယ်ဆေးရုံမှ နောက်တနေ့တွင် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့၍ ဆေးကုသမှုခံယူခဲ့ရသည်။ 

စစ်အစိုးရ၏ အကြမ်းဖက်အဖွဲ့အစည်းမှ ဦးသန်းလွင်အား ထိုးနှက်စဉ် ကျန် (NLD)ပါတီဝင်များ က ထွက်ပြေးသွားသူအား လိုက်လံဖမ်းဆီးခဲ့သော်လည်း မတ္တရာမြို့နယ် (NLD)ပါတီဥက္ကဋ္ဌမှ တားမြစ်ခဲ့သဖြင့် ထိုနေ့က ပြဿနာအား အေးချမ်းစွာ ထိန်းထားနိုင်ခဲ့သော်လည်း မတ္တရာ မြို့နယ်ရဲစခန်းတွင် တရားခံအား ဖော်ထုတ်အရေးယူပေးရန် အမှုဖွင့်တိုင်ကြားထားခဲ့သည်။ 

စစ်အစိုးရအနေဖြင့် ယခုနှစ် မေလအတွင်း နိုင်ငံရေးလှုပ်ရှားသူများအား  မြို့နယ်ရပ်ကွက် အလိုက် အကြမ်းဖက်နှိမ်နင်းရန်အတွက် ပြစ်မှုကျူးလွန်သူများ၊ ခိုးဆိုးလုယက်သူများအား အဖွဲ့ဝင်အဖြစ် စုဆောင်းကာ သင်တန်းများပေးခဲ့ပြီး နိုင်ငံရေးလုပ်ငန်း လုပ်ကိုင်သူများကို သေသည်အထိ အကြမ်းဖက်ဖြေရှင်းလုပ်ကိုင်ရန် ညွှန်ကြားထားခဲ့သည်။  

ပြီးခဲ့သည့် မေလအတွင်းက စစ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အေးချမ်းစွာ ၀တ်ပြုဆုတောင်းသူ (NLD)ပါတီဝင် ၁၀၀ ခန့်ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။  

စစ်အစိုးရဖွဲ့စည်းထားသည့် ကြံ့ဖွံ့နှင့် မြို့နယ်ရပ်ကွက်အာဏာပိုင်များက ပြီးခဲ့သည့် မေလ (၁၈) ရက်နေ့ကလည်း လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူ (HRDP)အဖွဲ့ဝင်များအား ဧရာဝတီတိုင်း အတွင်း လူစုလူဝေးဖြင့် အကြမ်းဖက် ရိုက်နှက်ခဲ့သဖြင့် အဆိုပါအဖွဲ့ဝင်နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ 

ဒဏ်ရာရရှိသူ (HRDP)အဖွဲ့ဝင်များက အကြမ်းဖက်မှုတွင် ပါဝင်သော အာဏာပိုင်များအား အမှုဖွင့်တရားစွဲဆိုခဲ့ရာ အာဏာပိုင်များက အဆိုပါအမှုကို အချိန်ဆွဲကာ ယခုတိုင် စစ်ဆေးနေဆဲ ဖြစ်ပြီး ဟင်္သာတမြို့နယ်တရားရုံးတွင် ပုဒ်မ(၃၂၃)ဖြင့် အာဏာပိုင်များအား တရားစွဲဆိုထားခြင်း အတွက် သက်သေအဖြစ်  ဒဏ်ရာရရှိခဲ့သူ (HRDP)အဖွဲ့ဝင် ကိုမောင်မောင်လေးနှင့် ကိုတင်မောင်ဦးတို့အား တရားရုံးက မနက်ဖြန်တွင် ဆက်လက်စစ်ဆေးမည်ဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org