|
မဲဆောက်ရှိ ရိုဟင်ဂျာလူမျိုးများ
ဖမ်းဆီးမှုမှတိမ်းရှောင်ထွက်ခွာ
ရိုးမ ၃။
ဇူလိုင် ၂၆၊ ၂၀၀၇
ထိုင်း-မြန်မာနယ်စပ်
မဲဆောက်ဒေသသို့ ရခိုင်ပြည်နယ် အတွင်းမှ ရောက်ရှိလာသည့်
ရိုဟင်ဂျာလူမျိုးများ သည် ထိုင်းအာဏာပိုင်တို့၏ ဖမ်းဆီးခံရမည်ကို
စိုးရိမ် သဖြင့် နယ်မြေအသီးသီးသို့ ထွက်ခွာနေသည်ဟု ဆိုသည်။
မြန်မာနိုင်ငံဘက်မှ ထွက်ပြေးရောက်ရှိလာသည့် ရိုဟင်ဂျာ များအား ယခုလ
(၂၀) ရက်နေ့က မဲဆောက်မြို့၊ ဗလီ ကျေုာင်းတခုတွင်
ထိုင်းကာကွယ်ရေးဦးစီးချုပ်နှင့် အာဏာ ပိုင်များ
လာရောက်တွေ့ဆုံခဲ့ပြီးနောက် ယခုကဲ့သို့ ရိုဟင်ဂျာလူမျိုးများ
ဒေသအသီးသီးသို့ ထွက်ခွာသွား နေခြင်းဖြစ်သည်။
ယခင်က
ရိုဟင်ဂျာလူမျိုး (၁၅၀)ခန့်ရှိခဲ့ရာမှ ဖမ်းဆီးမည်ကိုစိုးရိမ်သဖြင့်
အနည်းငယ်သာ ကျန်ရှိ တော့ကြောင်း ကနေဒါမှ ထိုင်းနိုင်ငံ၊
မဟီရောတက္ကသိုလ်တွင် လူ့အခွင့်အရေးဘာသာရပ်ဖြင့် ပါရဂူဘွဲ့ယူရန်
ကျောင်းတက်နေသူ ရိုဟင်ဂျာလူမျိုး ဦးအဏ္ဍ၀ါက “ပထမတော့ ကျနော် ကူညီ
နိုင်တယ်၊ ဖမ်းမယ်ဆိုတော့ သူတို့ကို ပြောလိုက်တယ်။ ခင်ဗျားတို့နည်းနဲ့
ခင်ဗျားတို့ သွားကြ တော၊့ ထိုင်းနိုင်ငံထဲကိုဖြစ်ဖြစ်၊
မလေးရှားကိုဖြစ်ဖြစ်၊ မဲဆောက်ထဲမှာလည်း အလုပ်ရရင် သွား လုပ်လိုက်။
ခုလို စုနေမယ်ဆိုရင်တော့ အဖမ်းခံရမယ်ဆိုတော့ တချို့လည်း
သွားလိုက်ကြပြီ” ဟု ဆိုသည်။
ထိုင်းနိုင်ငံ၊ သာသနာရေးကောင်စီအပါအ၀င် ထိုင်းအစိုးရစစ်တပ်၊ ရဲနှင့်
လူဝင်မှုကြီးကြပ်ရေး ဌာနများနှင့် ၄င်းအနေဖြင့် ယခုရောက်ရှိလာသူများမှာ
မြန်မာပြည်တွင်းမှ ဒုက္ခရောက်၍ ထွက်ပြေးလာသူဖြစ်သဖြင့် ဖမ်းဆီး၍
မြန်မာနိုင်ငံဘက်သို့ ပြန်မပို့ရန် ယခင်က ညှိနှိုင်းခဲ့ကြောင်း လည်း
၎င်းက ဆက်လက်ပြောဆိုသည်။
ယခုလ (၁၆)
ရက်နေ့က ထိုင်းရဲများဖမ်းဆီး၍ မြန်မာဘက် မြ၀တီမြို့သို့
ရိုဟင်ဂျာလူမျိုး (၁၀) ဦးခန့်ကို ပို့ဆောင်ခဲ့သော်လည်း မြန်မာဘက်မှ
အာဏာပိုင်များက လက်မခံသဖြင့် ပြန်လည် ရောက်ရှိလာခဲ့သည်ဟုဆိုသည်။
ယနေ့နံနက်ပိုင်းကလည်း ရိုဟင်ဂျာလူမျိုး (၄၀)ခန့်ကို
ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး မည်သည့်နေရာသို့
ပို့ဆောင်မည်ကိုမူ မသိရပေ။
ယခုလ (၂၃)
ရက်နေ့က ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ထုတ်ပြန်ချက်ကို
ကိုးကားကာ ရိုက်တာသတင်းဌာနအဆိုအရ ရိုဟင်ဂျာလူမျိုး (၃၅၀၀၀)အား
ဒုက္ခသည်ရုံး အသိအမှတ်ပြုလက်မှတ်ဖြင့် မြန်မာနိုင်ငံတွင်း
သွားရောက်နေထိုင်ခွင့်ကို မြန်မာစစ်အစိုးရနှင့်
ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့သည်ဟုဆိုသည်။
အဆိုပါလက်မှတ်သည် နိုင်ငံသားများကိုင်ဆောင်သည့် မှတ်ပုံတင်မဟုတ်ပဲ
ရခိုင်ပြည်နယ် အတွင်းသာ လှည့်လည်သွားရောက်နေထိုင်နိုင်သည့်
(UNHCR)နှင့် မြန်မာအစိုးရကြား အသိအမှတ်ပြုထားသည့် ပြည်နယ်အတွင်း
နေထိုင်ခွင့်ကဒ်သာဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင်
ဘင်္ဂလားဒေ့(ရှ်)နှင့် မြန်မာနယ်စပ်ရှိ (UNHCR)တွင် မှတ်ပုံတင်ထားသူ
နှစ်သိန်းခန့် ရှိပြီး ယခုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း
သွားလာနေထိုင်နိုင်သည့် အသိအမှတ်ပြုကဒ်ပြား ရရှိခဲ့ သူများသည်
အဆိုပါကဒ်ပြားရရှိရန် (၁၆)နှစ်ကြာ စောင့်ဆိုင်းခဲ့ရသည်။
“မြန်မာအစိုးရကို
တဦးတည်းသဘောအရ ပြောရရင်တော့ မယုံဘူး။ ထုတ်ပေးတဲ့အချိန်မှာပဲ
ထုတ်ပေးလိုက်ပြီဆိုပြီးတော့ သတင်းလုပ်မယ်။ ကျနော့်အဖေမှာ
မှတ်ပုံတင်ရှိခဲ့တယ်။ လူဝင်မှု ကြီးကြပ်ရေးက မှတ်ပုံတင်ကိုဆုတ်ဖြဲပြီး
ပစ်လိုက်တယ်။ ၁၉၇၇ ခုနှစ်မှာ ကျနော်အဖေ စစ်တွေ ထောင်မှာ ဆုံးသွားတယ်။
နဂါးမင်းစစ်ဆင်ရေးတုန်းကပေါ့။ မှတ်ပုံတင်ကို ဆုတ်ပစ်လိုက် ပြီးတော့
လူကိုဖမ်းတယ်။ အဲ့လိုအစိုးရကို ကျနော်မယုံဘူး”ဟု ဦးအဏ္ဍ၀ါက ဆိုသည်။
ဘင်္ဂလားဒေ့(ရှ်)နှင့် မြန်မာနိုင်ငံ၊
ရခိုင်ပြည်နယ်မြောက်ပိုင်းနယ်စပ်တွင် နေထိုင်နေသည့်
ရိုဟင်ဂျာလူမျိုးများကို မည်သည့်နိုင်ငံကမျှ နိုင်ငံသားများအဖြစ်
အသိအမှတ်မပြုသလို နိုင်ငံတွင်း စီးပွားရေးကျပ်တည်းမှုကြောင့်
အဆိုပါလူမျိုးအမြောက်အများမှာ မလေးရှားနိုင်ငံနှင့်
ထိုင်းနိုင်ငံဘက်သို့ အများအပြား ထွက်ခွာနေခြင်းဖြစ်သည်။ |