Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

ဆည်ရေဖောက်ချသဖြင့် ကျေးရွာအများအပြား ရေနစ်မြုပ်

ရိုးမ ၃။ ဇူလိုင် ၁၂၊ ၂၀၀၇

မိုးသည်းထန်စွာ ရွာသွန်းသည့်အတွက် ဆည်ရေဆက်လက်မထိန်းသိမ်းနိုင်တော့ပဲ ရေလွှတ်ခဲ့ သည့်အတွက် လှည်းကူးမြို့နယ်မှ ကျေးရွာများ ရေနစ်မြုပ်မှုနှင့် ကြုံတွေ့ခဲ့ရသည်။

ယခုလ (၇) ရက်နေ့တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်အတွင်းရှိ ငမိုးရိပ်ရေလှောင်တမံမှ ရေလွှတ်ခဲ့သည့်အတွက် လှည်းကူးမြို့နယ်ရှိ ကျေးရွာအများစု ရေနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ 

လယ်မြေဧကပေါင်းမြောက်များစွာ ပျက်စီးဆုံးရှုံးခြင်းနှင့်အတူ လူနေအိမ်အမြောက်အများ ရေနစ်မြုပ်ခဲ့ခြင်းအပေါ် သက်ဆိုင်ရာအာဏာပိုင်များက အချိန်မီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှုနောက်ကျခဲ့သည့်အတွက် ဒေသခံပြည်သူများမှာ အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ 

`(၉) ရက်နေ့က အဆိုးဆုံးပဲ၊ ကျောက်အိုင်၊ သာယာကုန်း၊ ကျောင်းကလေး၊ ငါးထပ်ကြီးဘုရား အပါပေါ့လေ၊ အစားအသောက်ခက်ခဲတာ၊ ကျောင်းသားတွေလည်း ကျောင်းမတက်နိုင်ဘူး၊ ကျန်းမာရေးစောင့်ရှောင့်မှုနဲ့ တခြားကိစ္စတွေဖြေရှင်းဖို့ တော်တော်များများ ဒုက္ခတွေ့ခဲ့တယ်´ဟု ဒေသခံရွာသားတဦးက ဆိုသည်။ 

စစ်အစိုးရထုတ်သတင်းစာများက ဒေသအချို့တွင် ရေဘေးအန္တရာယ်ဖြင့် ကြုံတွေ့နေရကြောင်း သတင်းထုတ်ပြန်ခဲ့သော်လည်း ရေလှောင်တမံများကြောင့် မဖြစ်သင့်သည့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ခြင်းကို အများပြည်သူက သိရှိနားလည်ကြောင်း အမည်မဖော်လိုသူ ပညာရှင်တဦးက ဆိုသည်။ 

`ချောင်းတွေတွေ့တိုင်း ရေလှောင်တမံဆောက်တဲ့ပြဿနာလေ၊ ဒီဒေသတွေက သိပ်ကို မိုးများမှ နှစ်ပေါင်းတော်တော်ကြာမှ ဒီလိုအဖြစ်နဲ့ကြုံရတာ၊ ခုက တမံတွေဆောက်တော့ နဂိုရှိရင်းစွဲ ရေစီးလမ်းကြောင်းတွေ ပျက်ယွင်းလာတယ်၊ မိုးများပြီဆိုတာနဲ့ ဆည်တွေမှာ ရေမထိန်းနိုင်တဲ့ ပြဿနာက ကြုံလာရတာပဲ´ဟု ၎င်းက ဆိုသည်။ 

ယခုရေလွှမ်းမိုးမှုကြောင့် ခရီးသွားလာရေးအခက်အခဲများဖြင့် ကြုံတွေ့နေရပြီး အိမ်ခြေ တရာကျော်သာ ရေနစ်မြုပ်ကြောင်း စစ်အစိုးရက ဖော်ထုတ်ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် အိမ်ခြေ (၃၀၀၀) ကျော် ပျက်ဆီးဆုံးရှုံးခဲ့သည်။ 

ယခုလအတွင်း ပဲခူးတိုင်းအတွင်းရှိ ကိုင်တင်ဘီးလင်းဆည်မှ ရေမထိန်းသိမ်းနိုင်တော့သဖြင့် ဆည်ရေဖောက်ချခဲ့ရာမှ မင်းလှမြို့နယ်အတွင်းရှိ လယ်မြေအမြောက်အများ ပျက်ဆီးဆုံးရှုံး ခြင်းနှင့်အတူ အိမ်ခြေ (၇၀၀) ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ဥက္ကံတိုက်ကြီးမြို့နယ်အတွင်း ကျေးရွာများလည်း ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ကြရသည်။ 

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org