Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

အာစီယံနိုင်ငံခြားရေးဝန်ကြီးဆွေးနွေးပွဲတွင် မြန်မာ့အရေးဆွေးနွေးဖွယ်ရှိ

ဉာဏ်မောင်။ ဇူလိုင် ၂၆၊ ၂၀၀၇

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌  လာမည့်တနင်္လာနေ့တွင် ကျင်းပမည့် အရှေ့တောင်အရှအသင်း (အာစီယံ) နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာ့အရေး ဆွေးနွေဖွယ်ရှိသည်ဟု ဆိုသည်။ 

အာရှဒေသတွင်းဖြစ်ပေါ်နေသည့် မြောက်ကိုရီးယား၏ နျူကလီးယားကိစ္စနှင့် မြန်မာ့ဒီမိုကရေစီ ရေးပြုပြင်ပြောင်းလဲရန် ကိစ္စရပ်များသည် အဆိုပါအစည်းအဝေး၏ ထိပ်ဆုံးအစီအစဉ်များ ဖြစ်လိမ့်မည်ဟုဆိုသည်။ 

အာစီယံနိုင်ငံများ လိုက်နာရန်အတွက် ရေးဆွဲနေသော အာစီယံချာတာဥပဒေ ပထမမူကြမ်းကို လည်း အဆိုပါအစည်းအဝေးတွင် တင်သွင်းမည်ဖြစ်ပြီး မြန်မာအစိုးရ၏ လူ့အခွင့်အရေး အခြေအနေများကိုလည်း ဖိအားပေးဆွေးနွေးလိမ့်မည်ဟု အာစီယံအကြီးအကဲက ဆိုသည်။ 

ပြီးခဲ့သည့် တနင်္လာနေ့က စင်္ကာပူသတင်းထောက်များနှင့် တွေ့ဆုံရာတွင် အာစီယံညွှန်ကြားရေး မှူးချုပ် အွန်ကင်ယောင်းက “အာစီယံအသင်းဝင်နိုင်ငံများအတွက် အဖွဲ့ဝင်နိုင်ငံများက ‘တာဝန် ရှိမှုနဲ့ တာဝန်ခံမှု’အပေါ် ဖိအားပေးမဲ့ ချာတာနည်းဥပဒေကို ထည့်သွင်းလိမ့်မယ်။ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံအတွင်းက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့ အားနည်းနေမှုတွေ၊ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ဖမ်းဆီးထားခြင်း စတဲ့ ပြဿနာတွေရှိနေပါတယ်”ဟု ဆိုသည် 

လာမည့် သြဂုတ်လ (၈) ရက်နေ့သည်  ၁၉၆၇ မှစတင်ခဲ့သည့် အာစီယံအသင်းတည်ထောင်ခြင်း နှစ်(၄၀)ပြည့်အချိန်ဖြစ်ပြီး ယခုနှစ် နိုဝင်ဘာလတွင် စင်္ကာပူနိုင်ငံတွင် အာစီယံနိုင်ငံအကြီးအကဲ များ ပါဝင်သည့် ထိပ်သီးဆွေးနွေးပွဲကျင်းပဖွယ်ရှိသည်။
 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org