Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မြန်မာနိုင်ငံအပေါ် ဆက်လက်ပိတ်ဆို့ရန် အောက်လွှတ်တော်ဆုံးဖြတ်

ဉာဏ်မောင်။ ဇူလိုင် ၂၄၊ ၂၀၀၇

မြန်မာနိုင်ငံအတွင်း ဆိုးဝါးလှသည့် လူ့အခွင့်အရေးအခြေအနေနှင့် ဒီမိုကရေစီလှုပ်ရှားသူများ အပေါ် ဖိနှိပ်နေမှုကြောင့် စစ်အစိုးအား ဆက်လက် စီးပွားရေးပိတ်ဆို့မှုပြုလုပ်ရန် အမေရိကန် အောက်လွှတ်တော်က ယမန်နေ့က အတည်ပြုဆုံးဖြတ်ခဲ့သည်။  

ယခုဆုံးဖြတ်ချက်သည် မကြာသေးမီက အမေရိကန်အထက်လွှတ်တော်၏ ဆုံးဖြတ်ချက်ကို အောက်လွှတ်တော်က ထောက်ခံဆုံးဖြတ်ခြင်းဖြစ်ပြီး အောက်လွှတ်တော်ဆုံးဖြတ်ချက်သည် ယမန်နှစ်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုကို လွန်ခဲ့သော (၂)လက သက်တမ်းတိုးရန် အတွက် သမတဘု(ရှ်)၏ ဆုံးဖြတ်ချက်မှ ထွက်လာခြင်းဖြစ်သည်။ 

အောက်လွှတ်တော်ပြောရေးဆိုခွင့်ရှိသူ နန်စီပဲလ်လိုစီ(Nancy Pelosi)က“ ဒီနေ့ဆိုရင် မြန်မာ ပြည်မှာ လူ့အခွင့်အရေးချိုးဖေါက်မှုနဲ့  ဒီမိုကရေစီရေးလှုပ်ရှားနေသူတွေကို တိုက်ခိုက်နေမှုများ ကြောင့် မြန်မာစစ်အစိုးရကို အရေးကြီးတဲ့  ပိတ်ဆို့ဟန့်တားမှုများ ဆက်လက်လုပ်ကြောင်း ပြတ်ပြတ်သားသား မဲခွဲနိုင်ခဲ့သလို မြန်မာနိုင်ငံဟာလည်း သူ့တို့ရဲ့ ရုန်းကန်လှုပ်ရှားမှုကို အထီးမကျန်စေပါဘူး”ဟု ဆိုသည်။ 

အမေရိကန်အစိုးရက စစ်အစိုးရအပေါ် နှစ်စဉ်ချမှတ်ပိတ်ဆို့ခဲ့သည်များမှာ သွင်းကုန်/ထုတ်ကုန် လုပ်ငန်းများ၊ ရင်းနှီးမြုတ်နှံမှုအသစ်များကို တားဆီးခြင်းအပြင် စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင် များနှင့် ဆက်နွယ်သူများကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်ခြင်းတို့ပါဝင်သည်။ 

“ကျွန်တော်တို့ ယခုလို အရေးကြီးတဲ့ အရေးယူမှုတွေ ပြုလုပ်ထားခြင်းအားဖြင့် မြန်မာစစ်အစိုးရ ကို တိုက်ရိုက်သော်လည်းကောင်း၊ မြန်မာပြည်တွင်း လူ့အခွင့်အရေးချိုးဖေါက်မှုနှင့် တရားဥပဒေ မဲ့ ချစားနေမှုများကို မမြင်ချင်ယောင်ဆောင်နေကြတဲ့  အခြားနိုင်ငံများကိုလည်း တဆင့်သော် လည်းကောင်း ဖိအားရန် ရည်ရွယ်ပါတယ်။ ဖိနှိပ်မှုအာဏာဟာ လုံးဝ အထီးကျန်ဆန်တဲ့အခါမှာ သာ တရားဝင် စေနိုင်ပါတယ်။ အထူးသဖြင့် အလွန်ရိုင်းစိုင်းတဲ့ စစ်အစိုးရနဲ့ တိုက်ရိုက် လက်နက်အရောင်းအ၀ယ်တွေလုပ်နေပြီး ကျားကန်ပေးထားတဲ့ တရုတ်နဲ့ အိန္ဒိယလို နိုင်ငံမျိုး တွေကို ဆိုလိုပါတယ်” ဟု အောက်လွှတ်တော် နိုင်ငံခြားရေးရာဆက်ဆံရေး တရားသူကြီးအဖွဲ့ အကြီးအကဲ တွမ်လန်တော့စ်က ပြောသည်။

ယခုထပ်မံအတည်ပြုသည့် စစ်အစိုးရအပေါ် ဆက်လက်ပိတ်ဆို့ရေးအတွက် အမေရိကန် ဥပဒေ ပြုအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် တောင်းဆိုထားပြီး ယခုဆုံးဖြတ်ချက်၏ ရည်ရွယ်ချက်မှာ အမေရိကန်ပြည်သူများသည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဆက်လက် ရပ်တည်နေပြီး မြန်မာပြည်သူများ လွတ်မြောက်မှုအတွက် နည်းလမ်းများရှာဖွေခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org