Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

 

အမျိုးသားညီလာခံကိုယ်စားလှယ်တဦးက လင်ရှိမယားကို မဖွယ်မရာပြုလုပ်

 

ဗထူး။ ဇန်န၀ါရီ ၃၀၊ ၂၀၀၇

 

ဧရာဝတီတိုင်း၊ ၀ါးခယ်မြို့နယ် အမျိုးသားညီလာခံကိုယ်စားလှယ်က ခရီးသည်တင်ယာဉ်ပေါ် တွင် အမျိုးသမီးတဦးအပေါ် မဖွယ်မရာပြုလုပ်ခဲ့သည်။

ယခုလ (၂၁)ရက်နေ့၊ မနက်(၅)နာရီတွင် ၀ါးခယ်မမှ ရန်ကုန်မြို့သို့ထွက်ခွာသည့် (Mini Bus) အမျိုးအစား ခရီးသည်တင်ယာဉ်ပေါ်တွင် ယင်းကဲ့သို့ ခရီးသွားအမျိုးသမီးတဦးအပေါ် မဖွယ်မရာပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“သူ့နံမည်က ဦးကျော်လွင်၊ မြို့နယ်ကြံ့ဖွံ့အတွင်းရေးမှူးလေ၊ နောက် အမျိုးသားညီလာခံ ကိုယ်စားလှယ်လည်း ဖြစ်တယ်။ နှမချင်း ကိုယ်ချင်းမစာဘဲ လူအများရှေ့မှာကို အိနြေ္ဒပျက် အောင်ကို လုပ်တာ”ဟု အဆိုပါနေ့က ခရီးသွားခဲ့သူတဦးက ဆိုသည်။

ကားအတွင်းလိုက်ပါလာသူ ခရီးသည်များက အဖြစ်အပျက်ကို အားလုံးမြင်တွေ့ခဲ့ပြီး ကာယကံရှင်အမျိုးသမီးမှာ ရှက်ကြောက်လွန်း၍ မည်သူ့ကိုမှ မပြောဆိုပဲနေခဲ့သည်ဟု ၄င်းက ဆက်လက်ပြောဆိုသည်။

“ခုတော့ အတူတူလိုက်လာတဲ့ ခရီးသည်တွေကပြောလို့ယောင်္ကျားးဖြစ်သူနဲ့မိသားစုက သိသွားလို့ မကျေမနပ်ဖြစ်ပြီး ၀ါးခယ်မရဲစခန်းမှာ အမှုသွားဖွင့်တယ်။ ရဲကအမှုဖွင့်မပေးဘူး”ဟု မိသားစုနှင့်နီးစပ်သူ တဦးက ဆိုသည်။

ဥပဒေအရ အကာအကွယ်ပေးရမည့်အစား ကျူးလွန်သူမှာ ညီလာခံကိုယ်စားလှယ်ဖြစ်ပြီး မြို့နယ်ကြံ့ဖွံ့အတွင်းရေးမှူးလည်း ဖြစ်နေသည့်အတွက် ရဲစခန်းက အမှုဖွင့်မပေးခြင်းသာ ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မိသားစုမှ အထက်တာဝန်ရှိသူများထံ ဆက်လက်တိုင်ကြားရန် ပြင်ဆင်နေပြီး ဒေသခံပြည်သူများကလည်း ဥပဒေအရ အမှန်တရားပေါ်ပေါက်ရန် စိတ်ဝင်စားစွာ စောင့်ကြည့်နေသည်ဟု ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org