Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

 

မြန်မာ့အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ အမေရိကန် တင်ပြ

 

ဉာဏ်မောင်။ ဇန်န၀ါရီ ၁၁၊ ၂၀၀၇

 

အမေရိကန်ပြည်ထောင်စုသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တိုက်တွန်းထားသော မြန်မာအာဏာပိုင်တို့ ဒီမိုကရေစီတည်ဆောက်မှုများ စတင်ရန်၊ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန်နှင့် လက်နက်အားကိုး အတင်းအဓမ္မ အနိုင်ကျင့်နေမှု များကို ရပ်တန့်ရန် အစရှိသည်တို့ပါဝင်သည့် အဆိုပြုချက်မူကြမ်းကို ပြန်လည်သုံးသပ်ရန် တင်ပြခဲ့ပါသည်။

အဆိုပြုချက်မူကြမ်းတွင် မြန်မာပြည်၏ လက်ရှိအခြေအနေအားလုံးသည် ဒေသဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို အလွန်ဘေးအန္တရာယ်များပြားစေပြီး ပျက်စီးယိုယွင်းစေနိုင် သော အလွန်ဆိုးဝါးပြင်းထန်သည့် လုပ်ငန်း ကိစ္စရပ်များကိုလည်း အသေးစိတ်ဖေါ်ပြထားသည်။

မြန်မာပြည်အပေါ် အရေးယူခြင်းဟုမခေါ်ဆိုနိုင်သေးသည့် ယင်းအစီရင်ခံစာကို လုံခြုံရေး ကောင်စီ (၁၅) နိုင်ငံအနက် ဗီတိုအာဏာသုံးနိုင်သည့် ရုရှားနှင့် တရုတ်နှစ်နိုင်ငံစလုံးက အစီရင်ခံစာတွင် ပါဝင်သည့်အချက်များသည် ဒေသဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို ခြိမ်းခြောက်နေသည်ဟု မထင်ဘဲ မြန်မာအရေးကို ယခု ဆောင်ရွက်ရန်လိုအပ်နေပြီလားဟု ချက်ခြင်းမေးခွန်းထုတ်ခဲ့သည်။

မြန်မာစစ်အစိုးရအနေဖြင့် အမှန်တကယ်ဒီမိုကရေစီအသွင်ကူးပြောင်းရေးသို့ ဦးတည်စေသော စစ်မှန်သည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို အနိုင်ရပါတီခေါင်းဆောင်များ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်များ ပါဝင်ပြီး နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ စတင်ဆောင်ရွက်ဖို့ မြန်မာစစ်တပ်မှ လူနဲစုတိုင်းရင်းသား ပြည်သူများကို တိုက်ခိုက်နေမှုများ၊ မိန်းမပျိုနှင့် အမျိုးသမီးများကို လက်နက်အားကိုး အဓမ္မ အနိုင်ကျင့်နေသည့် ပဋိပက္ခပြဿနာများကို ရပ်တန့်စေဖို့ တိုက်တွန်းထားသည်။

မြန်မာအာဏာပိုင်များအနေဖြင့် ဒီမိုကရေစီ၏ အနှစ်သာရများဖြစ်သော လွတ်လပ်စွာ ရေးသား ဖေါ်ပြခွင့်၊ လွတ်လပ်စွာ အသင်းဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်ခွင့်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေး ရန်နှင့် အတိုက်အခံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် အခြားနိုင်ငံရေးပါတီရုံးများ ကိုလည်း ပြန်လည်ဖွင့်ခွင့်တို့ကို ပထမအဆင့်အနေဖြင့် ခွင့်ပြုပေးစေဖို့ တောင်းဆိုထားသည်။

ဤအမေရိကန်မူကြမ်း၏ အဆုံးပိုင်းတွင်လည်း “မြန်မာပြည်၏ လက်ရှိုအခြေအနေနှင့် ဆက်နွယ် နေသော အယူအဆများနှင့် သဘောတူညီချက်တို့ကို ကြည်ကြည်လင်လင် ပြတ်ပြတ်သားသား ဖြစ်စေချင်ပါတယ်”ဟု အမေရိကန် သံအမတ်ကြီး အလီယန်ဒရိုဝုလ်ဖ် (Alejandro Wolff )က မြန်မာ့အရေးဆွေးနွေးသုံးသပ်အပြီးမှာ သတင်းထောက်များသို့ ပြောကြားခဲ့သည်။

ယခုပူးတွဲတင်ပြထားတဲ့ ကိစ္စရပ်ကို ဦးစားပေးဆောင်ရွက်ရန်ဖော်ပြထားကြောင်း၊ အဓိကပြောကြားခဲ့သည်။ ဖြစ်နိုင်လျှင် ဤ်အပတ်အတွင်း မဲခွဲဆုံးဖြတ်ကြဖို့ မျှော်လင့်ကြောင်း၊ ဗုဒ္ဓဟူးနေ့တွင် လုံခြုံရေးကောင်စီမှ ကျွမ်းကျင်သူ ပညာရှင်များနှင့်လည်း တွေ.ဆုံပြီး  ဤမှုကြမ်းကို အဆင်ပြေချောမွေ့ ကောင်းမွန်အောင်  ကြိုးစားလုပ်ကိုင်မည့်အကြောင်း ၀ုလ်ဖ်က ပြောကြားခဲ့သည်။

သို့သော်(ဇန်န၀ါရီ) တွင် လုံခြုံရေးကောင်စီဥက္ကဌအဖြစ် တာဝန်ယူထားသော ရုရှားနိုင်ငံ သံအမတ်ကြီး ဗစ်တလီချပ်ကင်(Vitaly Churkin)က မြန်မာပြည်အရေးကိစ္စသည် လုံခြုံရေး ကောင်စီတွင် ဆွေးနွေးရလောက်သည့် ကိစ္စမဟုတ်ဟု ပြောကြားခဲ့သလို ဗိုအာဏာသုံးဖို့ ညွှန်ကြားချက်ရသည့်တိုင် သူအနေဖြင့် ဤအာဏာကြီးကို မသုံးချင်ကြောင်းလည်း ပြောခဲ့သည်။

တရုတ်နိုင်ငံ၏ ကုလသမဂ္ဂဒုတိယကိုယ်စားလှယ်ဖြစ်သူ လျူဇီမင်း (Liu Zhenmin) ကိုလည်း ဤကဲ့သို့ဗီတိုသုံး ဖို့လိုအပ်ပါသလားလို့ မေးသောအခါ “လုံခြုံရေးကောင်စီအနေဖြင့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို အမှန်တကယ် ခြိမ်းခြောက်နေသော ပို၍ အရေးကြီးသည့် ကိစ္စများအပေါ်တွင်သာ အာရုံစိုက်သင့်ပါတယ်”ဟု ပြောခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဌာန၏ ဒီဇင်ဘာလကုန်ပိုင်း ထုတ်ပြန်ကြေငြာချက်တွင် မြန်မာပြည်၏ နိုင်ငံရေး အခြေအနေနှင့် လူ့အခွင့်အရေးများ ပျက်စီးယိုယွင်းနေမှုများကို လေးလေးနက်နက် ဖေါ်ပြထားးသည်။ မြန်မာစစ်အာဏာရှင်တို့က (၁,၁၀၀) ထက်ပိုသော နိုင်ငံရေးအကျဉ်းသား များကို ချုပ်နှောင်ထားဆဲရှိခြင်း၊ မူးယစ်ဆေးဝါး တရားမ၀င် မှောင်ခိုရောင်းဝယ်နေခြင်း၊ အတင်းအဓမ္မ အလုပ်ခိုင်းစေနေမှုများ၊ လက်နက်ဖြင့် ခြိမ်းခြောက်၍ အဓမ္မပြုကျင့်နေမှုများ အပါအ၀င် ဆန့်ကျင်ဘက်တိုင်းရင်းသားလူနဲစုများအပေါ် အကြမ်းဖက်တိုက် ခိုက်နေမှုများ ကိုလည်း ကိုးကားဖေါ်ပြထားပါသည်။

လွန်ခဲ့သောအပတ်က ၀ါရှင်တန်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် (၁၃) ဦးသည် မြန်မာစစ်အစိုးရ ၏ (၁၀)နှစ်ကျော် နေအိမ်တွင် ထိမ်းသိမ်းချုပ်နှောင်ထားသော ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် NLD ခေါင်းဆောင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား သွားရောက်တွေ့ဆုံ ရန်နှင့် အမေရိကန်အစိုးရ၏ အဆိုပြုချက် မူကြမ်းကို လူစုလူဝေးဖြင့်ထောက်ခံကြရန် အခမ်းးအနား ကျင်းပခဲ့ကြသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org