Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

 

ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်မှ မြန်မာအစိုးရသို့တောင်းဆို

 

ဉာဏ်မောင်။ ဇန်န၀ါရီ ၉၊ ၂၀၀၇

 

မစ္စတာ ဘန်ကီမွန်း

 

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဥ်းသားအားလုံးကို လွှတ်ပေးရန် မြန်မာစစ်အစိုးရထံ မနေ့က တောင်းဆိုလိုက်သည်။

မြန်မာစစ်အစိုးရအနေဖြင့် နှစ်သစ်ကူးနေ့အခါသမယတွင် နိုင်ငံရေးအကျဉ်းသား ၄၀ ခန့် ပါဝင်သည့် အကျဉ်းသား ၂,၈၃၁ ဦး လွှတ်ပေးခဲ့သည်ကို ကြိုဆိုကြောင်း၊ ထိုကဲ့သို့ လွှတ်ပေးရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး ပါဝင်သင့်ကြောင်း မစ္စတာဘန်က ပြောသည်။

မြန်မာပြည်သည် ပထမအဆင့်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် တိုင်းပြည်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန်နှင့် ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှု၊ တိုးတက်မှုရှိအောင် လက်လှမ်းမီသလောက် ကုလသမဂ္ဂအနေဖြင့် မြှင့်တင် လုပ်ကိုင်ဆောင်ရွက် စေလိုကြောင်း ၎င်းက ဆက်ပြောသည်။

၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး ဒီမိုကရေစီတောင်းဆိုမှုအတွက် စစ်အစိုးရက နေအိမ်တွင် (၁၀)နှစ်ကျော်ကြာ ထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည် အား လွှတ်ပေးရန် မစ္စတာဘန်သည်လည်း သူ့အရင် အထွေထွေအတွင်းရေးမှူးချုပ် ကိုဖီအာနန်ကဲ့သို့ပင် တောင်းဆိုခဲ့သည်။

မြန်မာပြည်တွင် နိုင်ငံရေးပြဿနာများဖြေရှင်းရန် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲလုပ်ရန်နှင့် ဒီမိုကရေစီအခြေခံအုတ်မြစ်များ တည်ဆောက် ပေးရန်တို့ကို မြန်မာစစ်အစိုးရ နားလည်သဘောပေါက်စေရန် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အဖွဲ့များမှ ကြိုးပမ်းခဲ့ကြသော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

အာရှတိုက်သား မစ္စတာ ဘန်ကီမွန်းသည် မစ္စတာ ကိုဖီအာနန်၏ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ယခုနှစ်အစ ဇန်န၀ါရီလ (၁)ရက်နေ့တွင် စတင်တာဝန် ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

 

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org