Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

 

မြန်မာ့ရုပ်ရှင်သရုပ်ဆောင်ခေါင်းဆောင်များ စစ်အစိုးရ၏ ဖိအားပေး ခေါင်းငြိမ့်ခိုင်းသည်ကို ငြင်းဆို 

 

ဉာဏ်မောင်။ ဇန်န၀ါရီ ၁၉၊ ၂၀၀၇

 

မြန်မာ့ရုပ်ရှင်သရုပ်ဆောင်များအသင်းအနေဖြင့် ကုလမသဂ္ဂလုံခြုံရေး ကောင်စီတွင် မြန်မာ့အရေးဆုံးဖြတ်ချက် အဆိုမူကြမ်းကို ရုရှားနှင့် တရုတ်နိုင်ငံတို့မှ ဗီတိုအာဏာဖြင့် ပယ်ချခြင်းကို ထောက်ခံပြောဆိုရန် စစ်အစိုးရ၏  ဖိအားပေး တောင်းဆိုမှုကို ငြင်းဆိုလိုက်သည်။

မြန်မာ့ရုပ်ရှင် အစည်းအရုံးမှ ပြောကြားရာတွင် သတင်းနှင့် စာပေပညာ ရှင်များ အစည်းအရုံးကဲ့သို့  အဆင်ပြေသလို လိုက်၍ အမေရိကန်အစိုးရ

ဦးကြည်စိုးထွန်း
 

အား ဆန့်ကျင်သည့် ကြေငြာချက်များ အတင်းအဓမ္မ ထုတ်ခိုင်းနေမှုကို မြန်မာ့ရုပ်ရှင် အသင်းဥက္ကဋ္ဌဖြစ်သူ ဦးကြည်စိုးထွန်းက မနေ့က ငြင်းပယ်ခဲ့သည်။

“သူ့ကို ဖိအားပေးလေ၊ သူက ငြင်းလေပါပဲ၊ သူတို့ပြောသလို၊ ခိုင်းသလို မလုပ်ဘူး ဆိုရင်တော့ သူ့ရဲ့လက်ရှိရာထူးပြုတ်မှာပဲ” ဟု အမည်မဖော်လိုသူ ဒါရိုက်တာတဦးက ဆိုသည်။

အဆိုပါ ရုပ်ရှင်ဒါရိုက်တာက ဦးကြည်စိုးထွန်းနှင့် အစိုးရကြား ဆက်ဆံရေးအခြေအနေ အတော် တင်းမာလာနေပြီဟု ပြောသည်။

“ခင်ဗျားတို့အနေနဲ့ ကန့်ကွက်ချင်တယ်ဆိုရင်၊ ခင်ဗျားတို့ရဲ့ ဆင်ခြင်တုံတရား၊ ခင်ဗျားတို့ရဲ့ ယုံကြည်မှုတွေနဲ့ လုပ်ချင်လုပ်ကြပါ။ ကျွန်တော်တို့အနေနဲ့ကတော့ ကျွန်တော်တို့ မယုံကြည် တဲ့အရာကို  လုပ်ခိုင်းဖို့ ကျွန်တော်တို့ကို ပြည်သူနဲ့ ဖိအားပေး လုပ်ခိုင်းတာကိုလဲ မကြိုက်ပါ ဘူး။ ကျွန်တော်တို့ အနုပညာသမားတွေဟာ အနုပညာသရုပ်ဆောင်တာနဲ့ ရုပ်ရှင်အနုပညာ ထုတ်လုပ်နေတဲ့ လုပ်ငန်းတွေကို ဘ၀ရပ်တည်ရေးအတွက် လုပ်ချင်ကြပါတယ်။ ကျွန်တော် တို့ကို အတင်းအကြပ် လုပ်ခိုင်းနေတာကိုတော့ မကြိုက်ဘူး” ဟုဒါရိုက်တာ ဦးကြည်စိုးထွန်းက ဆိုသည်။

 

 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org