Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

 

ထိန်းသိမ်းခံ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ပြန်လည်လွတ်မြောက်

 

ရိုးမ ၃။ ဇန်န၀ါရီ ၁၁၊ ၂၀၀၇
 

 

ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်း စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းထားသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် (၅)ဦးကို ဒီကနေ့ မနက် (၁)နာရီခွဲတွင် ပြန်လည်လွှတ်ပေး လိုက်ကြောင်း သတင်းရရှိသည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်သည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျ၊ ကိုပြုံးချိုတို့ကို စစ်အစိုးရ အထူးသတင်းတပ်ဖွဲ့(SB)က ဖမ်းဆီးထိန်းသိမ်းထားပြီး (၃)လကျော်ကြာ ဒီကနေ့ မနက်တွင် ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

ပြန်လွှတ်ပေးလိုက်သည့် ကိစ္စနှင့်ပတ်သက်၍ ကိုဌေးကြွယ်က “ ၅ ယောက်စလုံးပြန်လွတ်ပြီ။ မနက် ၁ နာရီခွဲက ပြန်လွတ်တာပါ။ ကျန်းမာရေးလည်း ၅ ယောက်စလုံး ကောင်းပါတယ်။ ကောင်းကောင်းမွန်မွန်ပဲ ထားပါတယ်။ ပုဒ်မက Procedure အရတော့ ၅(ည)တပ်တာပေါ့ဗျာ”ဟု ပြောသည်။

“သူတို့ဖက်က အထူးအထွေ မဆွေးနွေးပါဘူး။ သူတို့သဘောထားတွေ ပြောတာပဲရှိတယ်။ ဘာကြောင့် ပြန်လွှတ်လဲဆိုတော့ စွဲချက်တင်စရာလည်း ဘာမှမရှိဘူး။ ခိုင်လုံမှုလည်း ဘာမှမရှိဘူး”ဟု သူက ဆက်ပြောသည်။

နအဖစစ်အစိုးရအနေဖြင့် ယခုနှစ်သစ်အစပိုင်းတွင် နိုင်ငံရေးအကျဉ်းသား ၄၀ ခန့် ပါဝင်သည့် အကျဉ်းသား ၂,၈၃၁ ဦး လွှတ်ပေးခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးထိန်းသိမ်းထားသည့် ကျောင်းသားခေါင်းဆောင် (၅)ဦးကို ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org