|
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ၁၃ ဦး
ဒေါ်အောင်ဆန်းစုကြည်ထံ လည်ပတ်သွားရန် ဗီဇာလျှောက်ထား
ဥာဏ်မောင်။
ဇန်န၀ါရီ ၇၊ ၂၀၀၇
နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရသော ၁၉၉၁ ခုနှစ်
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ထံသို့  သွားရောက်လည်ပတ်ရန်အတွက် ကမ္ဘာအ၀ှမ်းမှ
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ၁၃ ဦးသည် ပြီးခဲ့သည့် သောကြာနေ့ တွင်
သက်ဆိုင်ရာနိုင်ငံ မြန်မာသံရုံးများတွင် ပြည်ဝင်ခွင့်ဗီဇာများ
လျှောက်ထားကြကြောင်း သိရသည်။
“ယနေ့ အထိ
၄၀၈၈ ကြာ ထိန်းသိမ်းခံထားရတဲ့ ကျမတို့ ညီမလေးထံ သွားရောက်လည်ပတ်ဖို့ 
မျှော်လင့်ပါတယ်”ဟု ဗီဇာလျှောက်ထားသူများထဲတွင် ပါဝင်သူ၊
အီရန်နိုင်ငံမှ ၂၀၀၃ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ရှီရင်အီဗာဒီက
ပြောသည်။
နိုဘယ်အမျိုးသမီးများ စတင်ရေးအဖွဲ့ (NWI)
တည်ထောင်သူ၊ ၁၉၉၇ ခုနှစ် နိုဘယ်ဆုရှင် ဂျော်ဒီဝီလျံက “ကျမတို့ 
ပုဂ္ဂိုလ်ရေးအရ ပြောချင်တာကတော့ ကမ္ဘာကြီးဟာ သူမနဲ့  ဗမာပြည်သူတွေကို
မေ့မထားပါဘူး။ မြန်မာပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့
ခေါင်းဆောင်တဦးလည်းဖြစ်ပြီး နံရံတွေရဲ့ နောက်မှာ ထိန်းသိမ်းခံထားရတဲ့
ဒေါ်အောင်ဆန်းစုကြည်ရဲ့  အာဘော်တွေကို ကျမတို့ က ဆောင်ရွက်ပေးနေပါတယ်”ဟု
ပြောသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာ့အရေး ရေးယူဆောင်ရွက်ပေးရန်
လှုပ်ရှားမှုများကို လည်း ထောက်ခံကြောင်း၊ အဖွဲ
့ဝင်နိုင်ငံများအားလုံးကိုလည်း အမြန်ဆုံးထောက်ခံကြရန်
တိုက်တွန်းကြောင်း သူမက ဆက်ပြောသည်။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင်များဖြစ်သည့် တိဘက်မှ ဒလိုင်းလားမား၊
အာဖရိကဘုန်းတော် ဒက်စ်မွန်တူးတူး၊ အမေရိကန်မှ အလီဝီဆဲလ်နှင့် အမေရိကန်
မိတ်ဆွေများ အကျိုးဆောင် ကော်မတီတို့ က ဗီဇာလျှောက်ထားမှုတွင်
မပါဝင်ခဲ့ကြသော်လည်း ၎င်းလှုပ်ရှားမှုကို ညီညီညွတ်ညွတ် ထောက်ခံခဲ့သည်။
တောင်ကိုးရီးယား သမ္မတဟောင်း၊ ၂၀၀၀ ပြည့်နှစ် နိုဘယ်ဆုရှင်
ကင်ဒေးယုံသည်လည်း တောင်ကိုးရီးယားနိုင်ငံရှိ မြန်မာသံရုံးတွင်
ဗီဇာလျှောက်ထားခဲ့ရာ ‘တခြားနိုင်ငံရဲ့  ပြည်တွင်းရေးကို
ဝင်ရောက်စွက်ဖက်သည်‘ဟု အကြောင်းပြချက်ဖြင့် နေ့ ချင်းပင်
ဗီဇာထုတ်ပေးရန် ငြင်းဆိုခြင်းခံခဲ့ရသည်။
အမျိုးသမီး
ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် (၁၂)ဦးတွင် တဦးအပါအ၀င်ဖြစ်သည့်
ဒေါ်အောင်ဆန်းစုကြည်သည် ဗမာပြည်ဒီမိုကရေစီရေးအတွက်
အကြမ်းမဖက်လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့်အတွက် ၁၉၉၁ ခုနှစ်တွင်
ငြိမ်းချမ်းရေးနိုဘယ်ဆုကို ချီးမြှင့်ခံခဲ့ရပြီး ယခုအချိန်ထိ
(၁၁)နီးပါး နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံထားရဆဲဖြစ်သည်။
|