|
ယနေ့
မနက်ပိုင်းတွင် နိုင်ငံတကာကလေးများနေ့အထိမ်းအမှတ်ပွဲကို
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ ဒေါက်တာစင်သီယာမောင်၏
မယ်တော်စီဒီစီ အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါအထိမ်းအမှတ်အပွဲသို့ ကျောင်းပေါင်း (၄၅)ကျောင်းမှ
ကျောင်းသူကျောင်းသားကလေး ငယ်များနှင့် မဲဆောက်မြို့ပိုင်အပါအ၀င်
ဧည့်ပရိသတ် စုစုပေါင်း ၃၀၀၀ ကျော် တက်ရောက် ဆင်နွှဲခဲ့ကြသည်။
နှစ်စဉ်ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတကာကလေးများနေ့ အထိမ်းအမှတ်ပွဲကို
ယနေ့ပြုလုပ်ခဲ့ရာ တွင် ကလေးငယ်အတွက် အားကစားပွဲတော်များအပါအ၀င်
ပွဲတော်ရံပုံငွေအတွက် ဆုမဲ (၅)မျိုး ပါဝင်သည့် ကံစမ်းမဲအစဉ်ကိုပါ
ပြုလုပ်ခဲ့သည်။
အဆိုပါကလေးများနေ့အစီအစဉ်ကို ဦးဆောင်ကျင်းပခဲ့သည့်
ဒေါက်တာစင်သီယာမောင်သည် ၂၀၀၇ ခုနှစ်အတွက် ဆွီဒင်နိုင်ငံမှ
ချီးမြင့်မည့်
ကမ္ဘာ့ကလေးများဆု(WCPRC) ချီးမြှင့်ရန် လျာထားခံရသူတဦးလည်း
ဖြစ်သည်။ |