Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

 

ဗိုလ်မှူးချူပ်ထင်မောင်အား ကေအင်န်ယူဗဟိုမှထုတ်ပယ်

 

ဗထူး။ ဇန်န၀ါရီ ၃၀၊ ၂၀၀၇

 

 

ကေအင်န်ယူ(KNU) ဗဟိုဌာနချူပ်မှ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၇) တပ်မဟာမှူး ဗိုလ်မှူးချူပ်ထင်မောင်ကို  ၁၃ ကြိမ်မြောက် ကေအင်န်ယူ ကွန်ကရက် ဆုံးဖြတ်ခဲ့သည့်လမ်းစဉ်၊ လုပ်ငန်းစဉ်များကို တာဝန်ခံမှုမရှိသဖြင့် ထုတ်ပယ်လိုက် ကြောင်း သဘောထားကြေငြာချက်တစောင် ယနေ့ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ကွန်ကရက်ဆုံးဖြတ်ချက်များကို ဆန့်ကျင်၍ ဗဟိုကော်မတီတခု တည်ထောင်ရန် ကြိုးပမ်းခဲ့မှု ၊ စစ်အစိုးရနှင့် ဆွေးနွေးမှုများပြုလုပ်ရန် စီစဉ်ထားသည့်လမ်းမှ သွေဖီကာ တဦးတည်းသဘောဆောင်ကာ ကြိုးစားခဲ့မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့သော လုပ်ရပ်များ အတွက် ဗဟိုကော်မတီအများစု  ဝေဖန်ချက်များပေးခဲ့ပြီးနောက်ပိုင်း ဆက်လက်လုပ်ဆောင်မှု များကြောင့် အများစုဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်လိုက်သည်ဟု ဖော်ပြပါရှိသည်။

“အများစုရဲ့ဆုံးဖြတ်ချက်ပါ၊ သူတို့ကတော့ နည်းနည်းတော့ ရိုက်ခတ်မှုရှိမှာပေါ့။ သို့သော် လည်းပဲ ကျနော်တို့အားလုံးက တညီတညွတ်နဲ့ဆုံးဖြတ်ပြီးတော့ လုပ်တဲ့ကိစ္စမို့ ရိုက်ခတ်မှု ကြီးကြီးကျယ်ကျယ် မရှိနိုင်ပါဘူး။ ရန်သူဘက်ကတော့ ကျနော်တို့ကို ဖိအားပေးလာနိုင်တယ်လို့ ထင်တယ်။ စစ်ရေးနဲ့ပတ်သက်တဲ့ ဖိအား”ဟု အတွင်းရေးမှူး ဖဒိုမန်းရှာက ဆိုသည်။

ယနေ့ထုတ်ပြန်ချက်တွင် ဗိုလ်မှူးချူပ်ထင်မောင်၏ တာဝန်အရပ်ရပ်ကို ရုပ်သိမ်းလိုက်ပြီး ဖားအံ ခရိုင်ဥက္ကဌ ဖဒိုအားတိုး၊ ဗိုလ်မှူးကြီးဂျော်နီ၊ ဒု-ဗိုလ်မှူးကြီး ထွန်းကြိုင်တို့ကို တာဝန်ပေးအပ် လိုက်ကြောင်း ဖော်ပြထားသည်။

တပ်မဟာ (၇)မှ နအဖစစ်အစိုးရနှင့် ဆွေးနွေးမှုများစတင်ချိန်တွင် ဗိုလ်မှူးကြီး ဂျော်နီ၊ ဒု-ဗိုလ် မှူးကြီး ဖောဒိုတို့ ပါဝင်ကြောင်း၊ သတင်းထွက်ပေါ်ခဲ့ပြီး ယခုအခါ (KNU)ဗဟိုမှ ဗိုလ်မှူးကြီး ဂျော်နီအား တာဝန်ပေးအပ်ခဲ့သည်။

“ဗိုလ်မှူးကြီး ဂျော်နီက သွားတုန်းက ဗဟိုက တာဝန်ပေးတာ၊ တာဝန်ပေးတဲ့ အချက်တိုင်း၊ အချက်တိုင်း သူ တာဝန်ယူခဲ့တယ်၊ တိတိကျကျ တာဝန်ယူခဲ့တဲ့ ပုဂ္ဂိုလ်တဦးဖြစ်တယ်။ ဒါက လည်း အားလုံးဆုံးဖြတ်ချက်ဖြစ်တယ်”ဟု ဖဒိုမန်းရှာက ပြောသည်။

တိုင်းပြည်၏ပြဿနာကို ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက် သိဏ္ခာရှိရန်လိုအပ်ပြီး နအဖစစ်အုပ်စု အနေဖြင့် ယခုကဲ့သို့ မူမမှန်သော လုပ်ရပ်များသည် စစ်မှန်သည့်ငြိမ်းချမ်းရေးကို ဖန်တီးနိုင်မည် မဟုတ်သလို ကရင့်အမျိုးသားထုတရပ်လုံးအနေဖြင့် စစ်အုပ်စု၏ အမျိုးသားသွေးစည်းညီညွတ် ရေးကို ဖြိုခွဲသောလုပ်ရပ်နှင့် ရန်သူကို အညံ့ခံသည့် မည်သည့်လုပ်ရပ်မဆို ပြတ်သားစွာ ဆန့်ကျင်ရန် ယနေ့ထုတ်ပြန်ချက်က တိုက်တွန်းဖော်ပြထားခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org