Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

 

အမေရိကန်မှ မြန်မာပြည်ပေါ် လက်နက်ပိတ်ဆို့မှုအား အိန္ဒိယလစ်လျူရှု

 

ဉာဏ်မောင်။ ဇန်န၀ါရီ ၂၇၊ ၂၀၀၇

 

မြန်မာစစ်အစိုးရအပေါ် အမေရိကန်က လက်နက်များပိတ်ဆို့ထားမှုကို အိန္ဒိယနိုင်ငံမှ ချိုးဖောက် လိုက်သည်။ ဒေသတွင်း အကြမ်းဖက်မှုများကို ကူညီဆောင်ရွက် နှိမ်နင်းခြင်းကို တုန့်ပြန်သော အားဖြင့် နယူးဒေလီက မြန်မာအာဏာပိုင်များအား စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ခြင်းသာ ဖြစ်သည်ဟု တနင်္လာနေ့က ပြောသည်။

မြို့ တော်သစ် နေပြည်တော် ဆွေးနွေးပွဲတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ပရာနယ်မူခါဂျီက နအဖ စစ်အစိုးရအဖွဲ့ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် (၄၅) မီနစ်ကြာ တွေ့ဆုံအပြီး စစ်အစိုးရ၏ စစ်လက်နက်ပစ္စည်းများတောင်းခံမှုကို “ဦးစားပေးတုန့်ပြန်မှု” လုပ်ဆောင်မည်ကို ဆုံးဖြတ်ချက်ချခြင်း ဖြစ်သည်။ အဆိုပါကိစ္စကို စစ်အစိုးရက အိန္ဒိယထံ ဒီဇင်ဘာလကတည်းက တောင်းခံထားခဲ့သည်။

အိန္ဒိယအစိုးရက ဤကဲ့သို့လုပ်လိုက်ခြင်းသည် အမေရိကန်နဲ့ ဥရောပတို့က မြန်မာစစ်အစိုးရ ကို ဒီမိုကရေစီပြုပြင်ပြောင်းလဲဖို့အတွက် အထီးကျန်စေပြီး လက်နက်ပိတ်ဆို့မှု၊ အရေးယူ ဆောင်ရွက်မှုများ တိုးချဲ့ဖို့လုပ်နေခြင်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး  အိန္ဒိယက သူ့၏အရှေ့ မြောက်ဘက်  အာသံပြည်နယ်တွင်းရှိ ရေနံနှင့် လက်နက်များ ပေါကြွယ်ဝသည့် အကြမ်းဖက် အုပ်စုများ၏ အလွန်ကြီးမားသည့် အန္တရာယ်ကို မြန်မာစစ်အစိုးရနှင့် ပူးပေါင်းနှိမ်နင်းမှုနှင့်သာ ဆက်နွှယ်သည်ဟု ပြောဆိုခဲ့သည်။

မစ္စတာမူခါဂျီကတော့ နေပြည်တော်မှာ သူရရှိခဲ့တဲ့သဘောတူညီချက်ကို ကျေနပ်နေပြီး မြန်မာပြည်တွင် ဒီမိုကရေစီ ငြင်းဆန်နေမှုနှင့်ပတ်သက်သော မေးခွန်းကို အရေးမထားဘဲ “ဒီဟာက သူတို့နိုင်ငံရဲ့ ပြည်တွင်းရေးသာ ဖြစ်ပါတယ်”ဟု ပြောသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ အိန္ဒိယ နိုင်ငံသို့သွယ်တန်းမည့် သဘာဝဓါတ်ငွေ့ ပိုက်လိုင်းနှင့် အဆောက်အအုံကိစ္စများအပါအ၀င် သဘောဝဓါတ်ငွေ့ထုတ်လုပ်ရေး ကိစ္စများကိုလည်း ဆွေးနွေးခဲ့ပြီး သဘောဝဓါတ်ငွေ့ထုတ်လုပ်ရေးသည် အိန္ဒိယနိုင်ငံ စီးပွားရေးပွင့်လင်းလာဖို့ အရေးကြီးသည့်ဆုံးဖြတ်ချက်တခု ဖြစ်သည်။

အိန္ဒိယနှင့် မြန်မာစစ်အစိုးရ နှစ်နိုင်ငံသဘောတူညီချက်သည် အကြမ်းဖက်ကိစ္စများကို ပူးပေါင်း နှိမ်နင်းရန်၊ နှစ်နိုင်ငံခေါင်းဆောင်များအကြား ရှေ့တန်းဒေသများတွင် ခြံစည်းရိုးသတ်မှတ်မည့် ကိစ္စ အပါအ၀င် သတင်းဖလှယ်ရေးကိစ္စများ တိုးတက်အောင် ဆောင်ရွက်ရမည့် အစီအစဉ် ပြည့်ပြည့်စုံစုံ အသေးစိတ်ရှိနေသည်ဟု မစ္စတာမူခါဂျီက ပြောခဲ့သလို ဗိုလ်ချုပ်ကြီးမောင်အေးက အိန္ဒိယနဲ့သဘောတူညီချက်အရ ဘယ်လိုလုပ်ကိုင်ဆောင်ရွက်ရမည်ဆိုတာကို တပ်က အရာရှိ ကြီးများအား ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြောခဲ့သည်။

ပြီးခဲ့သည့်နှစ်ကလည်း မြန်မာပြည်ကမြောက်ကိုရီးယားမှ နျူးကလီးယားဝယ်ဖို့ စီစဉ်နေတာဟာ ဒေသဆိုင်ရာ  လုံခြုံရေးကို လတ်တလောခြိမ်းခြောက်နေတဲ့အကြောင်း ထုတ်ဖော်ခဲ့ပြီး ယခု မစ္စတာ မူခါဂျီ မြန်မာပြည်ကို အလည်လာစဉ်အတွင်းမှာလဲ အိန္ဒိယနိုင်ငံနှင့် မြန်မာစစ်အစိုးရ တို့ရဲ့ အပေးအယူ ဆက်ဆံရေးကိစ္စကို အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဝေဖန်နေကြသည်။

အိန္ဒိယနိုင်ငံမှ မည်သည့်ပစ္စည်းများပေးမည်ကို ထုတ်ပြန်ကြေညာခြင်းမရှိသော်လည်း စစ်မြေပြင် သုံး လက်နက်များ၊ ဟယ်လီကော်ပတာများ၊ ရေငုတ်သင်္ဘောများ၊ မော်တာများ၊ ရေငုတ်သင်္ဘော များကို  ရှာဖွေစုံစမ်းနိုင်သည့် ထောက်လှမ်းရေးကိရိယာများ၊ ကမ်းတက်ရေယာဉ်များ၊ လေယာဉ် တင်သဘောင်္များ၊ MIG တိုက်ခိုက်ရေး လေယာဉ်များနှင့် အပိုပစ္စည်းများပါဝင်ရန်ရှိသည်။

အိန္ဒိယက ယခုကဲ့သို့ စစ်လက်နက် ပစ္စည်းများထောက်ပံ့လိုက်ခြင်းသည် စစ်အစိုးရနှင့် အဓိက စစ်ဘက်ဆိုင်ရာများ ပူးတွဲဆောင်ရွက်နေသည့် တရုတ်၏ သြဇာလွှမ်းမိုးနေမှုကို ပြိုင်ဆိုင်လိုက် သည့် နည်းဗျူဟာတခု ဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org