Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

 

 မျက်စိခွဲစိတ်ကုသပေးရန် လူနာများကို စမ်းသပ်စစ်ဆေးလျက်ရှိ

 

ကောင်းမြတ်ကျော်။ ဇန်န၀ါရီ ၃၀၊ ၂၀၀၇

 

 

ဗြိတိန်နိုင်ငံမှ စကော့တလန်လူမျိုး မျက်စိခွဲစိတ်ဆရာဝန်များ လာရောက်ကုသပေးမည့် ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်းတွင် လူနာများကို ဒီကနေ့ မျက်စိစမ်းသပ် စစ်ဆေးမှုများ စတင်ပြုလုပ်သည်။

မြန်မာပြည်တွင် မျက်စိခွဲစိတ်ကုသရန် ကုသစရိတ် ၅ သိန်းမှ ၁၀ သိန်းအထက်ရှိသောကြောင့် နှစ်စဉ် မျက်စိဝေဒနာရှင်များ မယ်တော်ဆေးခန်းသို့ လာရောက်ကုသမှု ပိုများလာသည်။

“မြန်မာပြည်ထဲက လာတာပိုများတယ်။ ဒီ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်းက လူနာတွေ၊ နောက် ရန်ကုန်၊ ပဲခူး၊ ပုသိမ်၊ မြောင်းမြဘက်ကထိ လူနာတွေလာတယ်။ ဒီလိုလာတယ်ဆိုတော့ နောက်ကျတဲ့လူနာတွေအတွက် ၃၁ ရက်နေ့အထိ ကျနော်တို့ စာရင်းလက်ခံသွားမယ်”ဟု မျက်စိဌာနမှ ဆေးမှူးတဦးက ဆိုသည်။

မယ်တော်ဆေးခန်းတွင် ၂၀၀၇ ခုနှစ်အတွင်း ပထမဆုံးကြိမ်အဖြစ် ခွဲစိတ်ကုသပေးမည့် ယခု အစီအစဉ်တွင် ပြီးခဲ့သည့် ၂၇ ရက်နေ့မှစ၍ လူနာစာရင်းကောက်ယူခဲ့ရာ ဒီကနေ့ညနေပိုင်း အထိ လူနာပေါင်း ၃၀၀ ကျော် ရှိနေပြီဖြစ်သည်။

ပုံမှန်အားဖြင့် လူစာရင်းကောက်ယူမှုကို ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ သတ်မှတ်ထားသော် လည်း မြန်မာပြည်အတွင်းပိုင်းမှ လာရောက်မည့်လူနာများအတွက် ၃၁ ရက်နေ့ ညနေပိုင်းအထိ စာရင်းလက်ခံမည်ဖြစ်ပြီး စမ်းသပ်ပြီးသော မျက်စိဝေဒနာရှင်များကို လာမည့် ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ မျက်မှန်တပ်ဆင်ပေးခြင်းနှင့် ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

လာရောက်ကုသသည့် လူနာများအနေဖြင့် လူနာမှတ်ပုံတင်ကြေးအဖြစ် ဘတ် ၃၀ ပေးရမည် ဖြစ်ပြီး မတတ်နိုင်သည့်လူနာများအတွက် ပေးဆောင်စရာမလိုကြောင်းနှင့် ခွဲစိတ်ကုသရာတွင် လည်း လူနာစောင့်များနှင့် လူနာများအား ကျွေးမွေးရန် ရံပုံငွေအဖြစ် အများဆုံး ဘတ် ၃၀၀ ထည့်ဝင်လှူဒါန်းကြရန် ဆော်သြထားကြောင်း ဖော်ပြပါဆေးမှူးက ဆက်ပြောသည်။

မယ်တော်ဆေးခန်းတွင် မျက်စိခွဲစိတ်ကုသမှုကို ၁၉၉၈ ခုနှစ်တွင် မျက်စိလူနာ ၁၀ ဦးခန့်ဖြင့် စတင်၍ နှစ်စဉ် ခွဲစိတ်ကုသပေးခဲ့ရာ ၂၀၀၆ ခုနှစ်အထိ မျက်စိလာရောက်ကုသသည့် လူနာ ပေါင်း ၂၀၀၀ ကျော် ရှိပြီဖြစ်သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org