Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

 

စစ်အစိုးရဖိနှိပ်မှုအတွက် ခရစ္စယာန်ဘာသာဝင်များက အစီရင်ခံစာ တင်ပြမည်

 

ဉာဏ်မောင်။ ဇန်န၀ါရီ ၂၂၊ ၂၀၀၇

 

မြန်မာပြည်မှ ‘ခရစ္စယာန်ဘာသာ ပျက်သုန်းရေးစီမံချက်’ဟု ခေါင်းစဉ်တပ်ထားသော မြန်မာ စစ်အစိုးရ သာသနာရေးဝန်ကြီးဌာန၏ လျှို့ဝှက်အစီရင်ခံစာတစောင် ယုံကြည်စိတ်ချရသော အထောက်အထားများနှင့်အတူ ထွက်ပေါ်နေကြောင်း ယခုလ (၂၁)ရက်နေ့ထုတ် Sunday Telegraph သတင်းစာတွင် ဖော်ပြထားသည်။

ခရစ္စယာန်ဘာသာ ကျင့်သုံးနေသော နေရာများတွင် အိမ်များမရှိစေရန်နှင့် ဘာသာဝင်များကို လည်း ဖမ်းဆီးထောင်ချရန်ဟု စီမံချက်ပထမပိုင်းတွင် ဖော်ပြထားပြီး ဘုရားရှိခိုးကျောင်းများကို မီးရှို့ရန်၊ အဆိုပါလူများအား နိုင်ငံတော်ဘာသာ ဗုဒ္ဓဘာသာသို့ပြောင်းရန် ဖိအားပေးခြင်းနှင့် သူတို့၏ ကလေးများကိုလည်း ကျောင်းဝင်ခွင့်မပေးရန် ဖေါ်ပြထားသည်ဟု ဆိုသည်။

မြန်မာစစ်အစိုးရက ခရစ္စယာန်ဘာသာဝင်များကို မတရားဖိနှိပ်မှုများပြုလုပ်ခဲ့ရာ ပြီးခဲ့သည့် နှစ် ကလည်း ကရင်ပြည်နယ်အတွင်းမှ ကရင်လူမျိုးခန့််မှန်းခြေ (၂၇,၀၀၀)ခန့်ကို အိုးမဲ့အိမ်မဲ့ဖြစ်စေ ခဲ့ပြီး အခြားပြည်နယ်များ အပါအ၀င် (အထူးသဖြင့် ခရစ္စယာန် အများစုရှိသည့် ချင်းပြည်နယ်)မှ ခရစ္စယာန် ဘုန်းတော်ကြီး (၃၀၀)ခန့်ကို နှင်ထုတ်၍ ပိုင်ဆိုင်မှုများကို အတင်းအကြပ် အစိုးရပိုင် ပြုလုပ်ခဲ့သည်။

“မြန်မာစစ်အာဏာရှင်တို့သည် ဟစ်တလာနှင့် နာဇီပါတီကဲ့သို့ ဖက်ဆစ်အကျင့်စရိုက်များ ကျင့်သုံးနေပါသည်” ဟု မြန်မာပြည်အတွင်း ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် သာသနာ ပြု သွားရောက်ခဲ့သော (CSW) ခရစ္စယာန်အသင်းတော်၏ တောင်အာရှ ဥပဒေရေးရာ အရာရှိ ဖြစ်သူ ဗင်းနိဒစ်ရော်ဂျာ(Benedict Rogers)က မြန်မာပြည် လူ့အခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှု၊ လူနဲစု တိုင်းရင်းသားမျိုးနွယ်စုများအပေါ် ဘာသာရေး နှိပ်ကွပ်မှုများကို သက်သေခံ အထောက်အထားများနှင့်အတူ တင်ပြထားသည်။

ဇန်န၀ါရီလ (၂၃)ရက်တွင် အင်္ဂလန်နိုင်ငံ၌ပြုလုပ်မည့် ခရစ္စယာန်ပေါင်းစုံ အစည်းအဝေးတွင် တင်ပြမည့် အစီရင်ခံစာတွင် စစ်အစိုးရ၏ ညှင်းပန်းဖိနှိပ်မှု၊ ဥပဒေမ့ ရာဇ၀တ်မှုနှင့် ဘာသာရေး ဟန့်တားပိတ်ပင်မှုများကို မြန်မာပြည်အတွင်းရှိ ခရစ္စယာန်ဘာသာပေါင်းစုံတို့မှ တင်ပြသွား မည်ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ မြန်မာပြည်မှာ စစ်အစိုးရက ဘာသာရေးလွတ်လပ်ခွင့်ကို အကြမ်းဖက် ဖိနှိပ်နေမှုတွေ ကာလအတန်ကြာ ငြိမ်သက်စွာ ဒုက္ခခံစားနေရတဲ့ တိုင်းရင်းသားမျိုးနွယ်စု ဘာသာဝင်အပေါင်းတို့ကို အတင်းအဓမ္မ ဘာသာကူးပြောင်းခိုင်းနေမှုတွေကို ကုလသမဂ္ဂ အနေနဲ့ လာရောက်စုံစမ်းစေဖို့ တိုက်တွန်းပါတယ်”ဟု ‘လက်ဝါးကပ်တိုင်ကို လက်ဆင့်ကမ်း သယ်ဆောင်ခြင်း’ခေါင်းစဉ်ဖြင့် ခရစ္စယာန်ဂိုဏ်းပေါင်းစုံ အစည်းအဝေးတွင် တင်ပြမည့် ၎င်းအစီ ရင်ခံစာတွင် ဂိုဏ်းချုပ်များအဖွဲ့မှ် လူသိများသော ဘာသာရေး ခေါင်းဆောင် ဘာရိုနက်စ်ကော့ (Baroness Cox) ကလည်း အဖွင့်နိဒါန်းရေးသားထားသည်။

ထိုင်း-မြန်မာနယ်စပ်အနီး ဒုက္ခသည်စခန်းတခုသို့ ကိုယ်ဝန်အရင့်အမာဖြင့် သူမ၏ ကျေးရွာကို စွန့်ခွာ၍ ရောက်ရှိနေသော ကရင်ခရစ္စယာန်မလေး အာရှာဖေါက “ကျွန်မတို့ရွာကို စွန့်ခွာပြီး ထွက်ပြေးလာရတဲ့ ဒီလမ်းခရီးဟာ အလွန်ဘဲ ခက်ခဲကြမ်းတမ်းလှပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ဆက်ပြီးနေမယ်ဆိုရင်လဲ ကျွန်မတို့အားလုံး သေပါလိမ့်မယ်”ဟု ဆိုသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org