Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

 

မြန်မာစစ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား အခွန်ရှောင်သည်ဟု စွပ်စွဲ

 

ဉာဏ်မောင်။ ဇန်န၀ါရီ ၂၀၊ ၂၀၀၇

 

၁၇ ရက်ထုတ် မြန်မာ့အလင်းသတင်းစာပါ စာအချို့

 

အစိုးရသတင်းဌာနများက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၁၉၉၁ ခုနှစ်တွင် ရရှိခဲ့သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုနှင့် နိုင်ငံတကာဆုများမှရရှိသော သူမ၏ ငွေကြေး များသုံးစွဲမှုနှင့် ပတ်သက်၍ အခွန်တိမ်းရှောင်ခြင်းဖြစ်နေကြောင်း စွပ်စွဲလိုက်သည်။

စစ်အစိုးရအာဏာပိုင်များသည် ပုံမှန်အားဖြင့် သူမကို အမျိုးသားစည်းလုံးညီညွတ်ရေးကို ခြိမ်းခြောက်နေသူ၊ သူမနှင့် သူမ၏ပါတီသည်လည်း နိုင်ငံခြားတိုင်းပြည်များနှင့် ပူးပေါင်း၍ အစိုးရပျက်စီးအောင် ကြိုးစားနေသူများဟု စွပ်စွဲနေလေ့ရှိပြီး ယခုတဖန် ၁၇-၁-၀၇ နေ့က အစိုးရထုတ် မြန်မာ့အလင်းသတင်းစာတွင် “သူမဟာ နိုင်ငံတော်ကိုတော့ အခွန်ပေးဆောင်ဖို့ ငြင်းဆန်နေလေ့ရှိပြီး နိုင်ငံခြားမှာရှိတဲ့ သူမရဲ့ မိသားစုဝင်တွေလို့ခေါ်တဲ့ သူတွေကိုတော့ နိုင်ငံ တကာအဖွဲ့အစည်းတွေကရတဲ့ ဆုတံဆိပ်တွေ၊ စာမူခ၊ ဉာဏ်ပူဇော်ခ ငွေကြေးတွေကို တိုင်းပြည်တွင်းမှာ သုံးစွဲရမဲ့အစား ပြည်ပမှာ သူမတည်ထောင်ခဲ့တဲ့ လုပ်ငန်းတွေမှာသာ သုံးစွဲ စေခဲ့ခြင်းသည် နိုင်ငံတော်၏ အခွန်စည်းကြပ်မှုဥပဒေအရ နိုင်ငံတော်သို့ ပေးဆောင်ရမည့် အခွန်ဥပဒေကို တိမ်းရှောင်ခြင်းဖြစ်သည် ”ဟု ဖေါ်ပြထားသည်။

စစ်အစိုးရက ၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဒီမိုကရေစီလှုပ်ရှားမှုများကို ဦးဆောင်ခဲ့ပြီး သူမ၏ ပါတီ NLD သည်လည်း ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တနိုင်ငံလုံး အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရမှ အာဏာလွှဲ ပြောင်းပေးရန် ငြင်းဆန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား ဒီမိုကရေစီရရှိရေးအတွက် သူမ၏အကြမ်းမဖက်သော ကြိုးပမ်း ဆောင်ရွက်မှုများကြောင့် နိုင်ငံတကာ ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်စုစုပေါင်း (၁၀၀)နီးပါး ချီးမြှင့်ခဲ့ရာ ၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် ဆွီဒင်ခရိုနာငွေ (၆)သန်း (ဟောင်ကောင်ဒေါ်လာ ၆.၆၇ သန်းခန့်) ရရှိခဲ့သည်။

“သူမကို အကျဉ်းထောင်သို့မပို့ဘဲ ငဲ့ညှာသောအားဖြင့် နေအိမ်တွင်သာ အကျယ်ချုပ်ဖြင့် ထားခြင်းဖြစ်သည်။ အခုလိုတရားဥပဒေအရ အပြစ်ပေးရမဲ့ သူမကို နေအိမ်တွင်သာ ကန့်သတ် ထားခြင်းဟာ အစိုးရရဲ့ ထောက်ထားညှာတာမှုပဲ ဖြစ်ပါတယ်” ဟု စစ်အစိုးရမှ ခြိမ်းခြောက်ဖေါ်ပြထားသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org