Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

 

အမျိုးသမီးအဖွဲ့ချုပ်(မြန်မာနိုင်ငံ) စတုတ္ထအကြိမ်ညီလာခံ ကျင်းပပြီးစီး

 

ရိုးမ ၃။ ဇန်န၀ါရီ ၂၇၊ ၂၀၀၇

 

 

ပြန်လည်သင့်မြတ်ရေးကို ဦးတည်မည့်လုပ်ငန်းတွင် အမျိုးသမီးများပိုမိုပါဝင်သည့် လုပ်ငန်းစဉ် ဖော်ဆောင်မည်ဟု ဆုံးဖြတ်ချက်ချက်ချမှတ်ခဲ့သည့် နယ်စပ်ဒေသရှိ အမျိုးသမီးများအဖွဲ့ချုပ် ညီလာခံကို ယမန်နေ့က ကျင်းပပြီးစီးသွားခဲ့သည်။

အပြန်အလှန်လေးစားရေး၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများကို ကာကွယ် ရေး၊ ကျားမ တန်းတူရေးနှင့် ငြိမ်းချမ်းစွာ အတူယှည်တွဲ နေထိုင်ရေးတို့ပါဝင်သည့် အဖွဲ့ချုပ်၏ မူလစံတန်ဖိုးများကို ပြန်လည်အတည်ပြုခဲ့ပြီး ၃ ရက်ကြာ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) ညီလာခံကို ကျင်းပခဲ့ခြင်းဖြစ်သည်။

“ဒီညီလာခံမှာ ကျမတို့ချမှတ်တာကျတော့ တွေ့ဆုံဆွေးနွေးရေးကို ကျမတို့အနေနဲ့ ယုံကြည် တယ်။ ဒီဟာကို ဦးတည်ပြီး ဖြစ်လာတဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်လာမှုတွေကိုလည်း သုံးသပ် ကြည့်ပြီးတော့မှ ကျမတို့အနေနဲ့ ထောက်ခံသွားမယ်၊ အမျိုးသမီးတွေက ပါဝင်ပြီးတော့ ဆောင်ရွက်နိုင်မှုကို ကြိုးစားသွားမယ်ဆိုတာမျိုးကို မူအရ ချထားတာရှိပါတယ်”ဟု အမျိုး သမီးများအဖွဲ့ ချုပ်မှ ယခုညီလာခံတွင် အထွေထွေအတွင်းရေးမှူးအဖြစ် ထပ်မံရွေးချယ်ခံရသည့် မနန်းယဉ်က ပြောသည်။

အထွေထွေအတွင်းရေးမှူးအဖြစ် မနန်းယဉ်၊ တွဲဖက်အတွင်းရေးမှူး (၁) အဖြစ် နော်ဖောဆက် ဆဲ၊ တွဲဘက် အတွင်းရေးမှူး (၂)အဖြစ် အယ်လ်ဒွဲလိန်တို့အား ညီလာခံသို့ တက်ရောက် လာသည့် ကိုယ်စားလှယ် (၄၅)ဦးမှ တညီတညွတ် ရွေးချယ်ခဲ့ပြီး စတုတ္ထအကြိမ်ညီလာခံကို အောင်မြင်စွာ ကျင်းပခဲ့သည်။

အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာ)နိုင်ငံကို ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံနယ်စပ်အခြေစိုက် အမျိုးသမီးအဖွဲ့ (၁၂) ဖွဲ့ဖြင့် ၁၉၉၉ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။

မြန်မာပြည်တွင်း ၈၈ မျိုးဆက်ကျောင်းသားများလှုပ်ရှားမှုနှင့်ပတ်သက်ပြီး အမျိုးသမီးများအဖွဲ့ ချုပ်(မြန်မာနိုင်ငံ) သဘောထားကို မနန်းယဉ်က “ကျမတို့အနေနဲ့ ပြည်တွင်းမှာရှိတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေ ပြောနေတဲ့ စကားတွေဟာ ပြန်လည်သင့်မြတ်ရေးအတွက် တိုင်းပြည်ကြီးမှာ အနာဂတ်ငြိမ်းချမ်းရေးအတွက် ရည်ရွယ်ပြီး ပြောနေတယ်ဆိုတဲ့ အပေါ်မှာ ကျမတို့ကတော့ support ပေးပါတယ်။ ထောက်ခံပါတယ်”ဟု ပြောသည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org