Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

စစ်အစိုးရက လူကုန်ကူးသူ (၃၃)ဦးအား ထောင်ဒဏ်တသက်ချမှတ်

 

ဗထူး။ ဖေဖော်ဝါရီ ၂၀၊ ၂၀၀၇

 

၂၀၀၆ခုနှစ် ဒီဇင်ဘာလမှ ၂၀၀၇ ခုနှစ်အတွင်း တရုတ်-မြန်မာ နယ်စပ်တလျှောက် လူကုန်ကူး ဂိုဏ်းမှ (၃၃)ဦးကို ထောင်ဒဏ်တသက် ချမှတ်ခဲ့သည်။

လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေအရ မန္တလေးတိုင်း၊ ရမည်းသင်းခရိုင် သီးသန့်တရားရုံးမှ အမျိုးသမီးငယ်(၄၉)ဦးအား အလုပ်ကောင်းများ ရှာဖွေပေးမည်ဟု လိမ်လည်လှည့်ဖျားကာ တရုတ်လူမျိုးများနှင့် အတင်းအကြပ် အိမ်ထောင်ပြုစေရန် ပြုလုပ်ခဲ့ခြင်းကြောင့် ထောင်ဒဏ်    တသက် ချမှတ်ခဲ့သည်ဟု သတင်းကဆိုသည်။

မူဆယ်မြို့ တည်းခိုခန်းတခုတွင် အမျိုးသမီးငယ်နှစ်ဦးအား ပိတ်လှောင်ထားစဉ် နှစ်ဖက်ရဲတပ်ဖွဲ့ ၀င်များက တရားခံကျော်မြင့်နှင့် စိုးစိုးမာတို့နှစ်ဦးအား ဖမ်းဆီးမိခဲ့ရာမှ ရန်ကုန်နှင့်မန္တလေး တလျှောက် အမျိုးသမီးငယ်များအား တဖက်နိုင်ငံသို့ လူကုန်ကူးသူများကို ဖော်ထုတ်ခဲ့သည်ဟု သတင်းကဆိုသည်။

စစ်အစိုးရလက်ထက် မြန်မာနိုင်ငံ၏ စီးပွားရေး ကြပ်တည်းမှုများကြောင့် ထိုင်းနိုင်ငံ၊ တရုတ် နိုင်ငံနှင့် အိန္ဒိယနယ်စပ်တလျှောက် အလုပ်အကိုင်များရှာဖွေရန် နေ့စဉ်တရားမ၀င် ၀င်ရောက်မှု များဖြစ်ပေါ်ခဲ့သည်။

လူကုန်ကူးသူများသည် အများအားဖြင့် နှစ်ဖက်နိုင်ငံ အာဏာပိုင်များကို လာဘ်ငွေပေး၍ အလုပ် အကိုင်ရှာဖွေသူများကို တရားမ၀င်သည့်နည်းလမ်းများဖြင့် တင်သွင်းမှုများ ပြုလုပ်နေပြီး စီးပွား ရေး ကြပ်တည်းလှသည့် မြန်မာနိုင်ငံနှင့်နယ်စပ်ချင်း ထိစပ်နေသည့်နိုင်ငံများမှာ အဆိုပါပြဿနာ များကို နှိမ်နင်းရန် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

စစ်အစိုးရအနေဖြင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေကို ၂၀၀၅ ခုနှစ်က ပြဌာန်းခဲ့ရာ  အမြင့်ဆုံးသေဒဏ်အထိ အပြစ်ပေးနိုင်ပြီး ယခုဖမ်းဆီးပြစ်ဒဏ်စီရင်ခံရသူများသည် သေဆုံးချိန် ထိ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံရမည်ဖြစ်သည်။

တရုတ်လူမျိုးများ၏ ယဉ်ကျေးမှုတွင် အိမ်ထောင်ပြုသည့်အခါ အမျိုးသားက အမျိုးသမီးများအား ကြီးမားသည့် ငွေကြေးဥစ္စာပစ္စည်းများဖြင့် တင်တောင်းရသည့် အလေ့အထဖြစ်သောကြောင့် စီးပွားရေး နိမ့်ကျနေသည့် အလယ်ပိုင်းတရုတ်ပြည်နယ်များမှ အမျိုးသားအများစုအနေဖြင့် ငွေအနည်းငယ်မျှဖြင့် အိမ်ထောင်ပြု၍ရသည့် မြန်မာမိန်းခလေးများကို ၀ယ်ယူကြခြင်းကြောင့် ယခုကဲ့သို့ အမျိုးသမီးငယ်များ ရောင်းစားသည့် အဖြစ်အပျက်များ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ကမ္ဘာတွင် စီးပွားရေးအရ ဦးမော့လာခဲ့သည့် တရုတ်နိုင်ငံတွင်လည်း ပင်လယ်ဆိပ်ကမ်းမြို့ကြီး များသာ စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းတိုးတက်ပြီး တရုတ်ပြည် အလယ်ပိုင်းဒေသများမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org