Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

မြန်မာနိုင်ငံမှ မကောင်းမှုလုပ်ရပ်များကို ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေးအတွက် ဗြိတိန်အစိုးရမှ တောင်းဆို

 

ဉာဏ်မောင်။ ဇန်န၀ါရီ ၇၊ ၂၀၀၇

 

မြန်မာနိုင်ငံမှ လူနည်းစုတိုင်းရင်းသားများနှင့် ခရစ္စယာန်ဘာသာဝင်များပေါ် စစ်အစိုးရ၏ ဆိုးရွားစွာ ပြုမူဆောင်ရွက်ချက်များကို ကုလသမဂ္ဂ စုံစမ်းရေးအတွက် ဗြိတိန်အစိုးရမှ ဖိအား ပေးရန် မြန်မာပြည် ခရစ္စယာန်ဘာသာရေးကိုယ်စားလှယ်အဖွဲ့မှ တောင်းဆိုလိုက်သည်။

စစ်အစိုးရ၏ ဘာသာရေးအရဖိနှိပ်မှုများကို နိုင်ငံတကာသို့ တင်ပြခဲ့သည့် မြန်မာနိုင်ငံအတွင်းမှ ခရစ္စယာန်ဘာသာအသင်းများမှနေ၍ ယခုလအတွင်း ဗြိတိန်နိုင်ငံတွင်ပြုလုပ်သော နိုင်ငံတကာ ခရစ္စယန်ဘာသာဝင်များညီလာခံတွင် အစီရင်ခံစာတစောင် တင်သွင်းခဲ့သည်။

အဆိုပါအစီရင်ခံစာက နအဖစစ်အစိုးရ၏ နိုင်ငံအတွင်း ဘာသာရေးအရခွဲခြားမှု၊ နေအိမ်ကျေးရွာ များ ပြောင်းရွေ့မှုအပါအ၀င် ဘုန်တော်ကြီးများအပေါ်မတရားပြုကျင့်ခဲ့မှုများကို ဖော်ထုတ်တင်ပြ ခဲ့သည်။

“သူတို့ (စစ်အစိုးရလူများ)ဟာ ကျွန်တော့်ကို လက်ထိပ်ခတ်ထားပြီး ကျွန်တော့်ခြေထောက်ကို မြေကြီးနဲ့မထိအောင် လေထဲမှာ လက်ထိပ်နဲ့ တွဲလောင်းချထားတယ်။ ပြီးတော့သူတို့က ကျွန်တော့်ကို ဘုရားစာရွတ် တရားဟောခိုင်းတယ်။ ကျွန်တော်လည်း ကျွန်တော် အလွန် ချစ်မြတ်နိုးတော်မူတဲ့ ခရစ္စယာန်တရားတွေကို ၃ နာရီလောက် ရွတ်ဆိုဟောကြားခဲ့ရတယ်”ဟု ခရစ္စယာန်တရားဟောဆရာ ပေါ(လ်)က ဆိုသည်။

တရားဟောပြောပြီးသည့်နောက်တွင် စစ်တပ်မှ အောက်သို့ချပေးလိုက်သည့်အချိန်တွင် ခန္ခာကိုယ်တွင် သွေးများဖုံးလွှမ်းကာ လက်ထိပ်အခတ်ခံထားရသည့် လက်ကောက်ဝတ်တွင် သွေးထွက်လွန်ပြီး သတိမေ့သွားခဲ့ရာ တပတ်ခန့် ထမင်းမစားနိုင်တော့ကြောင်း ၄င်းက ဆက် လက် ပြောဆိုသည်။

ကုလသမဂ္ဂမှ မြန်မာ့အရေး လုံခြုံရေးကောင်စီတွင် ဗီတိုအာဏာသုံးပယ်ချခံခဲ့ရပြီးနောက် ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန်အတွက် ဗြိတိန်နိုင်ငံမှ ကြိုးပမ်းလျှက်ရှိရာ ခရစ္စယာန် ဘာသာဝင်များ၏ တောင်းဆိုချက်များကို နိုင်ငံတကာသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ပြီး ယခုတင်ပြချက်တွင် ဗီဒီယိုမှတ်တမ်းတင်ထားသည်များကိုပါ ပြသသွားခဲ့သည်။

 
 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org