Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

 

အကြမ်းဖက်ဖောက်ခွဲရန် ပြည်ပအတိုက်အခံအဖွဲ့တချို့ စီစဉ်ခဲ့ကြောင်း စစ်အစိုးရသတင်းစာတွင်ဖော်ပြ

 

ရိုးမ ၃။ ဖေဖော်ဝါရီ ၁၊ ၂၀၀၇

 

ပြည်ပရောက် အတိုက်အခံအဖွဲ့အစည်းများက အဖျက်အမှောင့်လုပ်ငန်းများကို ပိုမိုတိုးမြှင့်လုပ် ဆောင်ရန် တွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်သည့်ပံ့ပိုးမှုများကို ဆန့်ကျင်ဘက်အဖွဲ့အစည်းများမှ ထောက်ပံ့ပေးသွားမည်ဟု သတင်းရရှိခဲ့ကြောင်း စစ်အစိုးရက ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

NCUB၊ FTUB၊ NDD နှင့် FDB တို့မှ ခေါင်းဆာင်များက ယခုလအတွင်း အမေရိကန်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် စီမံချက်အကောင်အထည်ဖော်ရန် အဖွဲ့အစည်းအချို့မှ အမျိုးသား (၈)ဦးနှင့် အမျိုးသမီး (၄)ဦးပါ အင်အား (၁၂) ယောက်အား ထိုင်း-မြန်မာနယ် မြ၀တီ မှတဆင့် ပဲခူးနှင့် ရန်ကုန်မြို့အတွင်းသို့ စေလွှတ်ထားသည်ကို သတင်းရရှိထားကြောင်း ယနေ့ထုတ်သတင်းက ဆက်လက်ဖော်ပြထားသည်။

“စစ်အုပ်စုက အခြေအနေတခုခုဖြစ်လာပြီဆိုတိုင်း ကျနော်တို့အင်အားစုတွေကို တခုခုစွပ်စွဲတတ် တာ ထုံးစံတခုလိုဖြစ်နေပါပြီ။ အမေရိကန်နိုင်ငံမှာ အဲ့ဒီပုဂ္ဂိုလ်တွေ အစည်းအဝေးလုပ်ခဲ့တယ်ဆို တာကအစ အဖျက်အမှောင့်လုပ်ငန်းတွေလုပ်ဖို့ ပြည်တွင်းကို လူတွေလွှတ်တယ်ဆိုတာအဆုံး ဘာတခုမှမဟုတ်ဘူး။ ဒါတွေက ကျနော်တို့အင်အားစုတွေကို အကြမ်းဖက်သမားတွေအဖြစ် ပုံဖျက်ဖို့ နအဖရဲ့ အချီးနှီး အားထုတ်မှုတွေပဲလို့ ကျနော်ပြောချင်တယ်”ဟု မြန်မာနိုင်ငံ ဒီမို ကရက်တစ်အင်အားစု ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်တဦးဖြစ်သူ ဦးငွေလင်းက ဆိုသည်။

မြန်မာ့အရေးအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တင်ပြခဲ့သည့်ဆုံးဖြတ်ချက် ပယ်ချခံရ ပြီးနောက်ပိုင်း လုံခြုံရေးကောင်စီသို့ ပူးပေါင်းတင်ပြခဲ့သည့် အဖွဲ့များက မြန်မာပြည်တွင်း ဖောက်ခွဲရေးနှင့် အဖျက်အမှောင့်လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရန် ကြံစည်ခဲ့ခြင်းဖြစ်သည် ဟုလည်း အဆိုပါသတင်းစာက ဆိုသည်။

“ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အတည်မဖြစ်လို့၊ ကန့်ကွက်ခံရလို့ ကျနော်တို့က လုပ်တယ်ဆိုတာကတော့ တကယ့်ကို ဟာသပဲဗျ။ ကျနော်တို့နားလည်တာက ပြည်တွင်းမှာ လူထုလှုပ်ရှားမှုတွေ၊ လူထုတိုက်ပွဲတွေပေါ်ရေးကို ကျနော်တို့ အဓိကထားပြီး အာရုံစိုက်တယ်။ ဒါကိုပဲ စက္ကန့်နဲ့အမျှ ကျနော်တို့ ကြိုးစားပြီးလုပ်တယ်။ နိုင်ငံတကာ ၀န်းရံမှုဆိုတာ အရံအင်အားပဲ လို့ ကျနော်တို့ရော၊ ပြည်တွင်းလူထုကရော ရှင်းရှင်းလင်းလင်း နားလည်ထားကြပါတယ်”ဟု ဦးငွေလင်းက ဆိုသည်။

ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းသည်း (FDB)၏လုပ်ငန်းစဉ်ထဲတွင် မည်သည့်အခါမှမရှိခဲ့သဖြင့် ယနေ့ စစ်အစိုးရစွပ်စွဲချက်တွေအတွက် အထူးပြောစရာပင်မရှိတော့ကြောင်း ၎င်းက ဆက်လက် ပြောဆိုသွားခဲ့သည်။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org