|
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)က
ဖမ်းဆီးခံရှမ်းခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသားအာလုံးကို
ခြွင်းချက်မရှိ ပြန်လွတ်ပေး၍ တွေ့ဆုံဆွေးနွေးအဖြေရှာရေး လမ်းစကို
အထိရောက်ဆုံးနှင့် အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် ယမန်နေ့က
ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။
၂
နှစ်တင်းတင်းပြည့်သွားပြီဖြစ်သည့် ဥက္ကဌ ဦးခွန်ထွန်းဦးနှင့်
ရှမ်းခေါင်းဆောင် (၉)ဦးအား ခေတ္တ ဆွေးနွေရန် အကြောင်းပြကာ စစ်အစိုးရက
နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည်ကို ဖော်ပြထားပြီး
ယနေ့ကြုံတွေ့နေရသည့် အထွေထွေအကြပ်အတည်း ပြဿနာများ ပြေလည်အောင်
ဖြေရှင်းနိုင်ရေး၊ တခုတည်းသောအဖြေမှာ တွေ့ဆုံညှိနှိုင်းရေးပင်ဖြစ်သည်ဟု
ဆိုသည်။
နိုင်ငံအာဏာရယူထားသော လက်ရှိစစ်အစိုးရ အပစ်ခတ်ရပ်စဲထားသော
အဖွဲ့အစည်းများအပြင် ရွေးကောက်ခံ နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊
ဒီမိုကရေစီလိုလားသော လူထုလူတန်းစား အဖွဲ့အစည်းများအားလုံးနှင့်
လွတ်လပ်ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးမှသာ သင့်တင့်မျှတသော အဖြေကို
ရရှိမည်ဟု ဖော်ပြထားသည်။ |