Home

English

Burmese

Links

About Us

Feedback

www.yoma3.org

 

yoma3news

Address

 
 POBox 176
 Maesot PO, Tak
 63110, Thailand.
 
 Ph: +66 55 544306
        +66 81 0415086
        +66 84 8189902

 

သတင်း

 

 နွေရာသီဝင်စ ပခုက္ကူဈေးကြီးမီးလောင်

 

ရိုးမ ၃။ ဖေဖော်ဝါရီ ၁၉၊ ၂၀၀၇

 

မြန်မာနိုင်ငံတွင် နွေရာသီအ၀င် ပထမဦးဆုံးအကြိမ်အဖြစ် ပခုက္ကူမြို့ရှိ မြို့မဈေးကြီးအတွင်း ယနေ့မနက်က မီးလောင်မှုဖြစ်ပွားခဲ့သည်။

လျှပ်စစ်မီး မိန်းချထားသည့်ကြားမှ ပခုက္ကူမြို့မဈေးကြီးအတွင်း ယနေ့နံနက် လေးနာရီခွဲခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ဈေးမြောက်ဘက်က စပြီးမီးလောင်တာ။ မြောက်ဘက်ခြမ်းက ဆိုင်တွေအားလုံး မီးထဲပါသွား တယ်။ မိန်းချထားတဲ့ကြားကဖြစ်တော့ လူတွေက ရှို့မီးလို့ပြောနေကြတယ်”ဟု မျက်မြင် သက်သေတဦးက ဆိုသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ ပခုက္ကူမြို့မှ မီးသတ်ကားများအပြင် မုံရွာ၊ ချောင်းဦး၊ ရေစကြို စသည့်မြို့များကလည်း မီးသတ်ကားများ လာရောက်ငြိမ်းသတ်ခဲ့ရာ နံနက်(၆)နာရီခွဲတွင် မီးလောင်သည့် အရှိန်လျော့ကျသွားခဲ့သည်ဟု ၄င်းက ဆက်လက် ပြောဆိုသည်။

ယခုဖြစ်ပွားခဲ့သည့် ပခုက္ကူဈေးမီးလောင်မှုတွင် ဆုံးရှုံးမှုတန်ဖိုးမှာ သိန်းထောင်နှင့်ချီရှိ၍ ဆိုင်အများစုသည် ရွှေဆိုင်၊ အထည်ဆိုင်နှင့် အလှကုန်ပစ္စည်းဆိုင်များဖြစ်ပြီး ဈေးကြီး ထက်ဝက်ခန့် လောင်ကျွမ်းသွားခဲ့သည်။

မြန်မာနိုင်ငံအတွင်း နွေရာသီရောက်ရှိလာတိုင်း မီးလောင်မှုများ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး အချိန်မီ မီးငြိမ်းသတ်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရကာ ယခုမီးလောင်မှုတွင်လည်း မီးသတ်ကားများအနေဖြင့် မီးငြိမ်းသတ်ရန် ရေအလုံအလောက် မရရှိခဲ့ပေ။

 
 

TOP

Copyright © 2005  Yoma3.org

webmaster@yoma3.org